A10 Networks က AI အခြေခံအဆောက်အအုံများ၏
လုံခြုံရေး၊ ခံနိုင်ရည်ရှိမှုနှင့် စွမ်းဆောင်ရည်အတွက်
နည်းပညာစွမ်းရည်များ ပြသသွားမည်
လုပ်ငန်းအဖွဲ့အစည်းများအတွက် စွမ်းဆောင်ရည်မြင့်မား၍ လုံခြုံသော AI နှင့်
LLM Inference ပတ်ဝန်းကျင်များ ပေးစွမ်းနိုင်ရန် ကူညီပေးမည့် Solution များ
ဆန်ဟိုဆေး၊ ကယ်လီဖိုးနီးယား – ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက် – ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းအဖွဲ့အစည်းများသည် မိမိတို့၏လုပ်ငန်းများတွင် အလိုအလျောက်စနစ်များ အသုံးပြု၍ လုပ်ငန်းလည်ပတ်မှု အထူးကောင်းမွန်စေရန် AI အက်ပ်လီကေးရှင်းအသစ်များကို လျင်မြန်စွာ အသုံးချလျက်ရှိပြီး AI အဆင်သင့်အသုံးပြုနိုင်သော ဒေတာစင်တာအသစ်များကို တည်ဆောက်လျက် ရှိကြပါသည်။ ထိုကဲ့သို့တည်ဆောက်ရာတွင် AI နှင့် Large Language Model (LLM) Inference ပတ်ဝန်းကျင်များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်စွမ်းရှိရန် အလွန်မြင့်မားသည့် စွမ်းဆောင်ရည် လိုအပ်သလို ၎င်းတို့ကို လုံခြုံစေရန်အတွက် ဆိုက်ဘာလုံခြုံရေး Solution အသစ်များလည်း လိုအပ်လျက် ရှိပါသည်။
ဤသို့သော AI ပတ်ဝန်းကျင်အသစ်များအား ပြင်ဆင်ကာကွယ်နိုင်ရန် A10 Networks (NYSE: ATEN) သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် Interop Tokyo ညီလာခံတွင် “AI Steps into Reality” ခေါင်းစဥ်ဖြင့် AI Firewall နှင့် ကြိုတင်ခန့်မှန်းနိုင်သော နည်းပညာစွမ်းရည် အသစ်များကို ပြသသွားမည်ဖြစ်ပါသည်။
AI နှင့် LLM အဆင့် ဆိုက်ဘာခြိမ်းခြောက်မှုများကို တားဆီးခြင်း၊ ထောက်လှမ်းခြင်းနှင့် လျှော့ချခြင်း
A10 သည် Firewall စွမ်းဆောင်ရည်အသစ်များကို ကြေညာခဲ့ပြီး LLM များနှင့် ထိတွေ့မည့် API များ သို့မဟုတ် URL များ၏ ရှေ့တွင် ဖြန့်ကျက်အသုံးပြုနိုင်ပါသည်။ ယင်းစွမ်းဆောင်ရည်များကို ကိုယ်တိုင်စိတ်ကြိုက်ဖန်တီးထားသော LLM တွင်ဖြစ်စေ၊ OpenAI သို့မဟုတ် Anthropic ကဲ့သို့သော စီးပွားဖြစ် solution တစ်ခုပေါ်တွင်ဖြစ်စေ အသုံးပြုနိုင်ပါသည်။ အဆိုပါစွမ်းဆောင်ရည်များသည် GPU ဖြင့် အထောက်အပံ့ပေးထားသော ဟာ့ဒ်ဝဲဖြင့် Edge-Optimized Architecture ပေါ်တွင် တည်ဆောက်ထားသည့်အတွက် AI LLM များကို စွမ်းဆောင်ရည်မြင့်မားစွာ ကာကွယ်ပေးပြီး မည်သည့်အခြေခံအဆောက်အအုံတွင်မဆို အပိုထပ်ဆောင်း လုံခြုံရေးစွမ်းဆောင်ရည် တစ်ခုအနေဖြင့် အသုံးပြုနိုင်ပါသည်။
ဤစွမ်းဆောင်ရည်များသည် သုံးစွဲသူများအား ၎င်းတို့၏ AI Inference မော်ဒယ်လ်များကို ရှိနှင့်ပြီးသား အားနည်းချက်များရှိမရှိ စမ်းသပ်စစ်ဆေးနိုင်ပါသည်။ ထို့နောက် A10 ၏ ကိုယ်ပိုင် LLM ကာကွယ်ရေးနည်းစနစ်များ အသုံးပြုခြင်းအားဖြင့် တွေ့ရှိလာသည့် အားနည်းချက်များကို ဖယ်ရှားရာတွင် ကူညီပေးပါသည်။ ဤသို့ဖြင့် AI အဆင့် ခြိမ်းခြောက်မှုများကို တားဆီးရန်၊ ရှာဖွေရန်နှင့် လျော့ပါးသက်သာစေရန် အထောက်အကူပြုနိုင်ပါသည်။ အဆိုပါစွမ်းဆောင်ရည်သည် Prompt အဆင့်တွင်ပင် တောင်းဆိုမှုနှင့် တုံ့ပြန်မှု လမ်းကြောင်းများကို စစ်ဆေးခြင်းနှင့် လိုအပ်သော လုံခြုံရေးမူဝါဒများကို အတည်ပြုပေးခြင်းတို့ဖြင့် AI အဆင့် ခြိမ်းခြောက်မှုများဖြစ်သော လှည့်ဖြားသည့်ခိုင်းစေမှုများထည့်သွင်းခြင်း (Prompt Injection)နှင့် အရေးကြီးအချက်အလက်များ ပေါက်ကြားခြင်းများကို ရှာဖွေထောက်လှမ်းနိုင်ပါသည်။
AI နှင့် LLM Inference ပတ်ဝန်းကျင်များအတွက် အချိန်နှင့်တစ်ပြေးညီ အသုံးပြုမှုအတွေ့အကြုံကို ပေးစွမ်းခြင်း
A10 သည် AI နှင့် LLM ဖြင့် အထောက်အပံ့ပေးထားသော အက်ပ်လီကေးရှင်းများအတွက် မြင့်မားသော စွမ်းဆောင်ရည်နှင့် ခံနိုင်ရည်ရှိမှုကို စဥ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိပါသည်။ ၎င်းကို TLS/SSL Decryption၊ Caching ပြုလုပ်ခြင်း၊ Traffic Routing ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းကဲ့သို့သော ပရိုဆက်ဆာအပေါ် ဝန်ပိစေသည့် လုပ်ငန်းစဥ်များအား ဝန်အားလျှော့ချပေးခြင်းနှင့် ကွန်ရက်စွမ်းဆောင်ရည်ကို အမြင့်ဆုံးရရှိစေရန် အရေးပါသော အချက်အလက်များကို ပေးစွမ်းခြင်းဖြင့် အောင်မြင်မှုရရှိထားပါသည်။
ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်အသစ်များသည် ကွန်ရက်စွမ်းဆောင်ရည်ပြဿနာများကို ကြိုတင်သတိပေးစနစ်ကဲ့သို့ စောစီးစွာ ထောက်လှမ်းနိုင်ပါသည်။ ၎င်းသည် ဖြစ်ပေါ်လာနိုင်သော ကွန်ရက်ပိတ်ဆို့မှုများ သို့မဟုတ် စွမ်းဆောင်ရည်ချို့တဲ့မှုများကို ဖော်ထုတ်ပေးပြီး ပြဿနာတစ်ခု မပြင်းထန်မီ ကြိုတင်ကာကွယ်နိုင်ရန် သုံးစွဲသူများအား အထောက်အကူပြုနေပါသည်။ အဆိုပါစွမ်းဆောင်ရည်များသည် မမျှော်လင့်ထားသော စနစ်ရပ်ဆိုင်းမှုများကို ကာကွယ်ရန်နှင့် အကောင်းဆုံးကွန်ရက်စွမ်းဆောင်ရည်ရရှိရန် စီမံဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ ကြိုတင်ခန့်မှန်းနိုင်သော နည်းပညာစွမ်းရည်သည် GPU များဖြင့် စွမ်းအားမြှင့်ထားသော A10 စက်ပစ္စည်းများပေါ်တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ဒေတာအမြောက်အမြားကို အလျင်အမြန် ဆန်းစစ်နိုင်ကာ ပုံမှန်မဟုတ်သည့် အခြေအနေများကို ကြိုတင်သိရှိနိုင်စေနိုင်သဖြင့် ပိုမိုမြန်ဆန်သည့် Processing Speed ကို ရရှိစေမည် ဖြစ်ပါသည်။
ဤ AI လုံခြုံရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စွမ်းဆောင်ရည်များသည် စီမံခန့်ခွဲမှုကို လွယ်ကူစေပြီး ခြိမ်းခြောက်မှုများကို တိကျစွာ ဖော်ထုတ်နိုင်သည့် ကျယ်ပြန့်သော ထောက်လှမ်းရေးစွမ်းရည်များဖြင့် သုံးစွဲသူအတွက် အကောင်းဆုံးသောအတွေ့အကြုံများကို ဖန်တီးပေးနိုင်ပါသည်။
“စီးပွားရေးလုပ်ငန်းများသည် AI နှင့် LLM Inference Model များကို လုပ်ငန်းခွင်တွင်း၌ဖြစ်စေ၊ Cloud ပေါ်၌ဖြစ်စေ အရှိန်အဟုန်ဖြင့် တပ်ဆင်အသုံးပြုပြီး လေ့ကျင့်ပေးလျက်ရှိကြသည်။ ဤပတ်ဝန်းကျင်သစ်များ၏ အဓိကစိန်ခေါ်မှု(၃)ရပ်ဖြစ်သော နှောင့်နှေးမှု၊ လုံခြုံရေးနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရှုပ်ထွေးမှုများကို ဖြေရှင်းရန်အတွက် စွမ်းဆောင်ရည်အသစ်များကို တီထွင်ဖန်တီးရမည်ဖြစ်ပါသည်။ အက်ပ်လီကေးရှင်းများကို လုံခြုံအောင် ထိန်းသိမ်းခြင်းနှင့် ပံ့ပိုးပေးခြင်းတို့တွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသော ကျွန်ုပ်တို့သည် AI နှင့် LLM အခြေခံအဆောက်အအုံများအတွက် ခံနိုင်ရည်၊ မြင့်မားသောစွမ်းဆောင်ရည်နှင့် လုံခြုံရေးကို ပေးစွမ်းရန် ကျွန်ုပ်တို့၏ စွမ်းဆောင်ရည်များကို တိုးချဲ့လျက်ရှိပါသည်” ဟု A10 Networks ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dhrupad Trivedi က ပြောကြားခဲ့ပါသည်။
အပိုဆောင်းအရင်းအမြစ်များ
• AI environment များ၏ လုံခြုံရေးအတွက် A10 ၏ မဟာဗျူဟာအကြောင်းကို ပိုမိုလေ့လာရန်
မိမိတို့အား လူမှုကွန်ယက်တွင် follow လုပ်ပါ
• A10 Networks ၏ ဘလောဂ့် သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်
• LinkedIn နှင့် Facebook မှတဆင့် ဆက်သွယ်ပါ
A10 Networks အကြောင်း
A10 Networks သည် on-premises၊ hybrid cloud နှင့် edge-cloud ပတ်ဝန်းကျင်များအတွက် လုံခြုံရေးနှင့် infrastructure solutions များကို ပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့၏ ဖောက်သည် ၇၀၀၀ ကျော်မှာ ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းကြီးများ၊ cloud နှင့် ဝက်ဘ်ဝန်ဆောင်မှု ပေးသူများဖြစ်ပြီး လုံခြုံထိရောက်ပြီး စီးပွားရေးအရ အရေးပါသည့် အက်ပ်လီကေးရှင်းများနှင့် ကွန်ရက်များကို ပံ့ပိုးရန် လိုအပ်ပါသည်။ A10 Networks ကို ၂၀၀၄ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေးမြို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝှမ်းရှိဖောက်သည်များကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက A10networks.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး LinkedIn တွင်လည်း A10Networks ကို follow လုပ်ထားနိုင်ပါသည်။
0 Comments