Subscribe Us

header ads

Tecno မှ Pocket Go ဆိုသည့် AR လက်ကိုင်ဂိမ်းစက်ကို ထုတ်ဖော်ပြသ

Image: Tecno

မြန်မာပြည်မှာ ဘက်ဂျက်စမတ်ဖုန်းတွေနဲ့ လူသိများလှတဲ့ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီ Tecno ဟာ MWC 2024 ပွဲမှာ ထူးခြားဆန်းသစ်တဲ့ လက်ကိုင်ဂိမ်းစက်အသစ် Pocket Go ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Tecno Pocket Go ဟာ လက်ကိုင်ဂိမ်းစက်လို့ဆိုပေမယ့် screen လုံးဝမပါရှိပဲ system တစ်ခုလုံးကို ဂိမ်းခလုတ်ကိုယ်ထည်မှာထည့်သွင်းထားပြီး AR glasses ဝတ်ဆင်ကာကစားရမှာဖြစ်ပါတယ်။

Image: Tecno

Pocket Go ကို ‌ဈေးကွက်ထဲမှာ အသေးငယ်ဆုံး AR handheld လို့ကြော်ညာနေတာကိုတွေ့ရပြီး Lenovo ရဲ့ Legion Go မှာလည်း AR glasses ဝတ်ဆင်ကစားနိုင်တယ်ဆိုပေမယ့် Legion Go က တွဲဖက်ထားတဲ့ controller တွေဟာ Nintendo Switch လိုဖြုတ်တပ်လို့ရပြီး System Unit က Tablet အငယ်စားလိုဖြစ်နေတာမို့ Tecno ရဲ့ပြောကြားချက်က ဟုတ်သလိုလိုရှိနေတာပါ။

Image: Tecno

Pocket Go ရဲ့ AR Glasses မှာ ၀.၇၈လက်မ Micro-OLED တွေတပ်ဆင်ထားပြီး diopter adjustment ကို 0-600 အထိအထောက်အပံ့ပေးထားသလို DisplayPort output မပါတဲ့ ဖုန်းတွေနဲ့လည်းအလုပ်လုပ်တယ်လို့ဆိုပါတယ်။ display အနေနဲ့ ၂၁၅လက်မရှိတဲ့ screen ကို ၆မီတာအကွာကနေ ကြည့်ရှုရမယ့် ခံစားမှုကိုပေးစွမ်းမယ်လို့ဆိုပါတယ်။

Image: Tecno

Tecno ဘက်ကတော့ သူတို့ရဲ့ထုတ်ကုန်မှာ 6D immersive gaming experience ကိုခံစားရစေဖို့ Vision Track၊ Adaptive Posture၊ Sound Comes Alive၊ Ultra-Precise Vibration၊ Audio Vibration Enhancement နဲ့ Sensory Sync အစရှိတဲ့ feature တွေထည့်သွင်းပေးထားတယ်လို့ဆိုပါတယ်။

Pocket Go မှာ AMD ရဲ့ နောက်ဆုံးထွက် Ryzen 7 8840HS processor တပ်ဆင်ထားပြီး power ကို 20W ကနေ 30W အထိချိန်ညှိနိုင်ပြီး copper heat pipe ၃‌ချောင်းပါဝင်တဲ့ အအေးပေးစနစ်ကြောင့် 35W အထိအမြင့်ဆုံးကိုင်တွယ်နိုင်တယ်လို့ Tecno ကဆိုထားပါတယ်။ graphics ပိုင်းအနေနဲ့ ဈေးကွက်ထဲက gaming heldheld တွေမှာအတွေ့ရများတဲ့ Ryzen 7 7840U သို့ Z1 Extreme မှာတွေ့ရတဲ့ Radeon 780M ပါဝင်တယ်လို့သိရပါတယ်။

Image: Tecno

Tecno ရဲ့ အဆိုအရ Pocket Go မှာ LPDDR5 16GB နဲ့ 1TB PCIe Gen 5 SSD ပါဝင်မယ်လို့သိရပြီး memory နဲ့ storage drive ရဲ့ form factor ကိုအတည်ပြုခဲ့ခြင်းမရှိပါဘူး။ သူ့မှာ ပါဝင်တဲ့ 50Wh ဘက်ထရီ ကို အသုံးပြုသူတွေအနေနဲ့ ဂိမ်းကစားနေစဉ်အတွင်း လှဲလှယ်နိုင်တယ်လို့သိရပြီး plug ကြိုးတပ်ထားဖို့တော့လိုအပ်နိုင်ပါတယ်။

Tecno အနေနဲ့ Pocket Go ရဲ့ အသေးစိတ်အချက်၊ စျေးနှုန်းနဲ့ ရောင်းချမယ့်ရက်စွဲကို အတည်ပြုခြင်းမရှိသေးဘူးလို့သိရပါတယ်။

Source: Tecno, Videocardz and ETA Prime

#EnThueTech
#News
#Gaming
#Handheld

Post a Comment

0 Comments