Subscribe Us

header ads

GTX 16 Series GPU ထုတ်လုပ်မှုကို NVIDIA ရပ်ဆိုင်း

Image: NVIDIA

ပထမဆုံး RTX ဂရပ်ဖစ်ကတ်တွေ မိတ်ဆက်ပြီး ခြောက်နှစ်နီးပါးအကြာမှာ Nvidia ဟာ ray tracing နဲ့ DLSS အထောက်အပံ့မပါတဲ့ ၎င်းတို့ရဲ့ entry-level GTX 16 lineup ထုတ်လုပ်မှုကိုအဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

GTX 16 Series ရပ်ဆိုင်းမယ့်သတင်းဟာ Nvidia ရဲ့ လမ်းပြမြေပုံကို ကိုးကားထားတဲ့ တရုတ်ဖိုရမ်တွေကနေထွက်ပေါ်လာတာပါ။ ဆိုလိုတာက Nvidia အနေနဲ့ သူ့ရဲ့မိတ်ဖက်တွေအတွက် RTX မဟုတ်တဲ့ ချစ်ပ်တွေကို ဆက်လက်ဖန်တီးတော့မှာမဟုတ်ပါဘူး။

GeForce GTX 16 Series မှာ အောက်ပါမော်ဒယ်တွေပါဝင်ပါတယ်
  • GTX 1630
  • GTX 1650
  • GTX 1650 GDDR6
  • GTX 1660
  • GTX 1660 Super
  • GTX 1660 Ti
Nvidia အနေနဲ့ GTX 16 GPU တွေ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပေမယ့် မိတ်ဆွေတို့အနေနဲ့ လက်လီအရောင်းဆိုင်တွေမှာ တွေ့နိုင်ပါသေးတယ်။ ဒါပေမယ့် အချိန်ကြာမြင့်စွာရှိမနေနိုင်ပဲ နောက်သုံးလအတွင်းမှာ ကုန်သွားလိမ့်မည်ဟု မျှော်လင့်ရပါတယ်။ လက်ရှိမှာ ထုတ်လုပ်နေဆဲဖြစ်တဲ့ စျေးအသက်သာဆုံး Nvidia GPU ကတော့ desktop RTX 3050 နဲ့ mobile RTX 2050 (၎င်းကို discrete GPU အဖြစ် ထုတ်လုပ်ထားခြင်းမရှိပါ) တို့ဖြစ်ပါတယ်။

Nvidia ဟာ ၂၀၁၉ခုနှစ် အစောပိုင်းမှာ ပထမဆုံး GTX 16 ဂရပ်ဖစ်ကတ်တွေကို အရမ်းစျေးကြီးတဲ့ RTX GPU တွေကို မတတ်နိုင်သူတွေအတွက် entry-level စီးရီးတစ်ခုအဖြစ် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ GeForce GTX တွေတစ်ခန်းရပ်သွားပြီဆိုပေမယ့် လက်ရှိမှာ Nvidia အနေနဲ့ GTX 700 (Maxwell များကိုသာဆိုလို) Series GPU တွေအတွက် Game Ready Driver တွေထုတ်ပေးနေဆဲဖြစ်တာမို့ မိတ်ဆွေတို့အနေနဲ့ driver ပိုင်းအနေနဲ့တော့ စိတ်ပူစရာလိုမှာမဟုတ်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ GTX ဂရပ်ဖစ်ကတ်တွေကိုရှာဖွေရတာ ခက်ခဲလာဖွယ်ရှိနေပါတယ်။

Source: Neowin and Videocardz

#EnThueTech
#News
#Gaming
#GPU


Post a Comment

0 Comments