ဒီနှစ်မှာ အသိဉာဏ်တု Artificial Intelligence AI ဟာ သတင်းခေါင်းစဉ်တွေကိုလွှမ်းမိုးလို့လာခဲ့ပါတယ်။ သင့်အနေနဲ့ ဘာပဲစဉ်းစားစဉ်းစား OpenAI ရဲ့ ChatGPT နဲ့ ဒီနည်းပညာကို အသုံးချထားတဲ့ Microsoft ရဲ့ Bing Chat ကိုသာပြေးမြင်မိမှာဖြစ်ပါတယ်။
ကုမ္ပဏီဟာ ဒီနယ်ပယ်မှာ သိသာထင်ရှားစွာဦးဆောင်ထားပေမယ့် chatbot ကတော့ စိန်ခေါ်မှုအနည်းငယ်နဲ့ရင်ဆိုင်နေရပါတယ်။ မကြာသေမီက အစီရင်ခံစာမှာ chatbot ဟာ ရပ်ဆိုင်းမှုတွေရှိလာတယ်လို့ဆိုပါတယ်။ လေ့လာမှုအရ OpenAI အနေနဲ့ feature အသစ်တွေထည့်သွင်းပြီး အသုံးပြုနိုင်စွမ်းတိုးတက်အောင်ဒီဇိုင်းပြုခဲ့ပေမယ့် chatbot ရဲ့တုန့်ပြန်မှုက ပိုမိုဆိုးရွားလာခဲ့ပါတယ်။
လေ့လာဆန်းစစ်ချက်
AI အသုံးပြုထားတဲ့ chatbot ကိုမောင်းနှင်ဖို့ဆိုတာတကယ်မလွယ်ကူပါဘူး အထူးသဖြင့်စရိတ်စကပိုင်းမှာပါ။ OpenAI အနေနဲ့ ChatGPT ကိုလည်ပတ်ဖို့ရာတစ်နေ့ကို ဒေါ်လာ ၇သိန်းလောက်အသုံးပြုနေရတယ်ဆိုတာ ကျနော််တို့သိထားပါတယ်။ ဒီအတွက် မေးခွန်းတစ်ခုဟာ ဒေါ်လာ ၃၆ဆင့်လောက်ကုန်ကျနေတယ်လို့ဆိုနိုင်ပါတယ်။ ဒီထဲမှာ ကောင်းစွာလည်ပတ်နိုင်ဖို့ NVIDIA လိုကုမ္ပဏီတွေက GPU တွေကိုဝယ်ယူရတာတွေမပါသေးပါဘူး။ အခုကြည့်ရတာတော့ OpenAI အနေနဲ့ GPT 4 ကိုအဆင့်မြှင့်တင်ဖို့အတွက် အခကြေးငွေရယူထားတာတောင် ရေရှည်ထိန်းထားနိုင်တော့မယ့်ပုံမပေါ်တော့ပါဘူး။ မကြာသေးမီက Microsoft အပြင် ရင်းနှီးမြုပ်နှံသူ၂ဦးအနေနဲ့ အဆိုပါအသုံးစရိတ်တွေကို ဖြည့်ဆည်းပေးနေတယ်ဆိုပေမယ့် သူတို့အနေနဲ့ အကျိုးအမြတ်မရှိပဲ ဘယ်လောက်ကြာကြာရင်းနှီးမြုပ်နှံနေဦးမှာပါလိမ့်။
ငွေကြေးပြဿနာတွေအပြင် OpenAI ဟာ အသုံးပြုသူကျဆင်းလာတာကိုလည်းကြုံတွေ့နေရပါတယ်။ ကုမ္ပဏီဟာ မေလနဲ့ဇွန်လကြားမှာ အသုံးပြုသူ ၁၂ရာခိုင်နှုန်းကျဆင်းသွားတာကိုကြုံတွေ့ခဲ့ရပြီး SimilarWeb ရဲ့အဆိုအရ အသုံးပြုသူ၂သိန်းခန့် ဆုံးရှုံးသွားတယ်လို့သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်အလက်တွေဟာ ChatGPT ဝက်ဘ်ဆိုက်ကိုဝင်ရောက်တဲ့ကိန်းကိုသာရည်ညွန်းပြီး API တွေမပါဝင်ပါဘူး။
OpenAI ရဲ့ API တွေက ကနဦးမှာ AI အယူအဆတစ်ခုလုံးနဲ့ လုပ်ငန်းတွေမှာထည့်သွင်းဖို့ကို ဆန့်ကျင်မှုတွေရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့အဖွဲ့အစည်းတွေရဲ့ စိတ်ဝင်စားမှုကိုခံလာရပြီဖြစ်ပါတယ်။ LLM မော်ဒယ်အများစုက open-source ဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေဟာ အပိုကုန်ကျစရိတ်မရှိဘဲ သူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ရာ စိတ်ကြိုက်ပြင်ဆင်နိုင်စေပါတယ်။
နောက်ထပ် OpenAI က Sam Altman က OpenAI နဲ့ ကွဲပြားတဲ့ သူရဲ့ စိတ်ဝင်စားမှုနဲ့ ပန်းတိုင်တွေကို အသားပေးပြောဆိုသွားပါတယ်။ Altman က AGI superintelligence ကိုရရှိဖို့အာရုံစိုက်နေပြီး OpenAI ကတော့ အမြတ်အစွန်းရဖို့ ဦးတည်နေတာပါ။
OpenAI က အကျိုးတူလုပ်ငန်းတွေမှာ ကြီးကြီးမားမားရင်းနှီးမြုပ်နှံထားချိန်မှာ Altman က ထိန်းချုပ်မှုကနေမလွတ်သွားအောင် လုံခြုံရေးအစီအမံတွေနဲ့ ပတ်သက်ပြီး သူရဲ့စိုးရိမ်မှုတွေကို ဖော်ပြခဲ့ပါတယ်။ သူက လူတွေအနေနဲ့ ဒီ tool ရဲ့စွမ်းရည်ကိုဘယ်လိုအသုံးချနိုင်မလဲဆိုတာကို ထိန်းချုပ်ဖို့ရာအစိုးရကိုယ်တိုင်ပါဝင်ပြီး စည်းမျဉ်းတွေကိုအကောင်အထည်ဖော်ပေးဖို့ရာ စိတ်အားထက်သန်နေပါတယ်။ FTC ဟာ ကုမ္ပဏီအနေနဲ့စားသုံးသူအကာကွယ်ပေးရေးဥပဒေကို ချိုးဖောက်ခြင်းရှိမရှိ ဆုံးဖြတ်ဖို့ရာ ChatGPT ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ကြီးကြီးမားမားရင်းနှီးမြုပ်နှံမှုပြုလုပ်ထားတာရယ် OpenAI နဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးချဲ့တာက Microsoft ကိုထိခိုက်နိုင်ဖွယ်ရှိပါတယ်။
ဒီအတွက်ကြောင့် OpenAI ဟာ သူတို့ရဲ့ GPT-4 LLM ကနေ ငွေရမယ့်နည်လမ်းအသစ်တွေကိုတက်တက်ကြွကြွရှာဖွေနေပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၂၃ခုနှစ်မှာ ဝင်ငွေ ဒေါ်လာသန်း ၂၀၀နဲ့ ၂၀၂၄ခုနှစ်မှာ ဒေါ်လာ ၁ဘီလီယံလောက်ရဖို့ရည်မှန်းထားပြီး အခြေအနေလည်းပေးနေပါတယ်။ ကုမ္ပဏီဟာ chatbot စတင်ချိန်ကနေ ဒေါ်လာသန်း ၅၄၀လောက်အရှုံးပေါ်ခဲ့ပြီးဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား အားပြိုင်မှုတွေကြောင့် ဈေးကွက်ထဲမှာ GPU တွေပြတ်လပ်လာတာကြောင့်လည်းဖြစ်ပါတယ်။ ဥရောပသမဂ္ဂကလည်း မကြာမီက ဒေသတွင်းဆီမီးကွန်ဒတ်တာထုတ်လုပ်မှုကိုအားပေးပြီး နိုင်ငံရပ်ခြားဒေသတွေအပေါ် မှီခိုရမှုကို လျော့ချမယ့် ယူရို၄၃ဘီလီယံတန် CHIP Art ကိုအတည်ပြုထားပါတယ်။
Source: Windows Central
#EnThueTech
#News
#AI
0 Comments