![]() |
Image: Shutterstock/ sizsus art |
သောကြာနေ့မှာချမှတ်ခဲ့တဲ့ AI နဲ့ပတ်သက်တဲ့ ဖက်ဒရယ်စီရင်ချက်တစ်ခုဟာ လက်ရှိဟောလိဝုဒ်မှာ ဖြစ်ပေါ်နေတဲ့ စာရေးဆရာတွေနဲ့ သရုပ်ဆောင်တွေရဲ့ သပိတ်မှောက်ခြင်းကို သက်ရောက်မှုရှိနိုင်ပါတယ်။
Hollywood Reporter ရဲ့ သတင်းမှာ Artificial Intelligence ကနေ ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုကို မူပိုင်ခွင့်အကာအကွယ်ပေးမရကြောင်း အမေရိကန်မူပိုင်ခွင့်ရုံးမှ တရားသူကြီးတစ်ဦးက ဆုံးဖြတ်လိုက်တယ်လို့ဖော်ပြထားပါတယ်။ မူပိုင်ခွင့်ကာကွယ်ရေးနဲ့ပတ်သက်လာရင် လူသားတစ်ဦးကကိုယ်တိုင်ဖန်တီးထားဖို့ရာ အခြေခံလိုအပ်ချက်ဖြစ်တယ်” လို့ စီရင်ချက်မှာ ဆိုပါတယ်။ဒီအငြင်းပွားမှုမှာ "A Recent Entrance to Parade" လို့ခေါ်တဲ့အနုပညာလက်ရာတစ်ခုဟာ "စက်တစ်ခုမှာ ကွန်ပျူတာ algorithm တစ်ခုနဲ့ အလိုအလျောက်ဖန်တီးထားခြင်း" ဖြစ်ပါတယ်။ ဒီ အနုပညာလက်ရာရဲ့ မူပိုင်ခွင့်ကို မူပိုင်ခွင့်ရုံးကနေ လူကိုယ်တိုင်ဖန်တီးထားတာမဟုတ်လို့ ငြင်းပယ်ထားပါတယ်။ အဆိုပါမူပိုင်ခွင့်ကို ရယူရန် ကြိုးပမ်းမှုမှာ “အနုပညာရှင်” အနေနဲ့ပယ်ချခံခဲ့သော်လည်း တရားစွဲဆိုမှုပြုလုပ်ထားပါတယ်။
စီရင်ချက်သည် ရုပ်ပိုင်းဆိုင်ရာအနုပညာအပိုင်းကို အာရုံစိုက်ထားပေမယ့် စတူဒီယိုအလုပ်အမှုဆောင်များ၏ အာရုံစိုက်မှုကိုလည်း ဖမ်းစားနိုင်ခဲ့ပါတယ်။ လက်ရှိဟောလိဝုဒ်မှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ သပိတ်မှောက်မှုတွေရဲ့ အကြောင်းရင်းတစ်ခုက ဇာတ်ညွှန်းရေးသားခြင်းနှင့် သရုပ်ဆောင်ခြင်းတွင်မှာ AI ကို အသုံးပြုလာတဲ့ အကြောင်းတွေကြောင့်ဖြစ်ပါတယ်။ အကယ်၍ ဒီ AI လုပ်ဆောင်ချက်ကို အကာအကွယ်မပေးနိုင်ခဲ့ရင် ၎င်းဟာ အနာဂတ်မှာ စတူဒီယိုတွေအတွက် ပြဿနာတွေပေါ်ပေါက်လာနိုင်ပါတယ်။
ဇန်နဝါရီလတွင် အနုပညာရှင်အများအပြားဟာ AI ဂျင်နရေတာတွေဖြစ်တဲ့ Stability Diffusion၊ Midjourney နဲ့ DreamUP တို့ရဲ့ AI အနုပညာဖန်တီးမှုတွေဟာ အကြောင်းအရာဖန်တီးသူ (သို့မဟုတ်) ခရက်ဒစ် (သို့မဟုတ်) လျော်ကြေးပေးဆောင်တာမျိုးမရှိဘဲ မူပိုင်ခွင့်ရထားတဲ့ အနုပညာလက်ရာတွေပေါ်မှာအခြေခံပြီး လေ့ကျင့်သင်ကြားထားတယ်လို့ဆိုကာ တရားစွဲဆိုမှုပြုလုပ်ထားပါတယ်။
Source: PCMag
0 Comments