Tom's Hardware နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကကြားသိရတဲ့သတင်းတွေအရ Intel နဲ့ Microsoft ဟာ လုပ်ငန်းတွေတိတ်တဆိတ်ပြန်လည်စတင်နေပြီး အခြေခံအထောက်အပံ့တွေပြန်လည်ပေးအပ်နေပြီလို့ဆိုပါတယ်။ ဥရောပ၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကြောင့် ရုရှားနိုင်ငံထဲမှာ နည်းပညာအသစ်တွေရောင်းချလို့မရနိုင်ပါဘူး။ ဒါကြောင့် Intel နဲ့ Microsoft တို့ဟာ software တွေကိုတရားဝင်ရယူနိုင်ခွင့်ကိုပိတ်ဆို့ထားပါတယ်။ သို့ပင်သော်ငြား Intel အနေနဲ့ ဝယ်ယူထားတဲ့ထုတ်ကုန် တွေရဲ့ အာမခံကိစ္စတွေကို ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ Intel အနေနဲ့ ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုဆက်လက်လိုက်နာနေဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီထဲမှာ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေအပေါ်ချမှတ်ထားတဲ့ အမေရိကန်နိုင်ငံနဲ့ မဟာမိတ်တွေရဲ့ ပိတ်ဆို့မှုတွေနဲ့ ပို့ကုန်ကန့်သတ်ချက်တွေပါဝင်ပါတယ်။ Intel Download Center နဲ့ Intel Download Support Assistant IDSA တို့ကတော့ အာမခံနဲ့အကြုံးဝင်တယ်လို့ Intel ကဆိုပါတယ်။
ဒီအပြောင်းအလဲဟာ ခုမှဖြစ်လာတာမဟုတ်ပဲ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက download ရနေတာဖြစ်တယ်လို့ဆိုပါတယ်။ Izvestia နဲ့ CNews တို့တင်ပြချက်အရ အသုံးပြုသူတွေဟာ VPN သို့ IP ဖွက်ထားစရာမလိုပဲ Intel Download Portal ကိုသုံးစွဲနိုင်ပြီလို့ဆိုပါတယ်။ ဒီလိုသုံးဖို့က Google/Yandex ကနေ download section ကိုရှာရမှာဖြစ်ပြီး Intel ရဲ့ တရားဝင် website ကနေတော့ ရုရှား IP နဲ့ download ရယူခွင့်ခုထိမရနိုင်သေးပါဘူး။နောက်ထပ်ဆိုရရင် Microsoft ကလည်း Windows 11 update တွေကို ရုရှားနိုင်ငံသားတွေရယူနိုင်ပြီဖြစ်ပါတယ်။ Tom's Hardware အတွက် ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ အမေရိကန်၊ ယူကေနဲ့ ဥရောပရဲ့ ပိတ်ဆို့မှုအပေါ်လိုက်နာတဲ့အနေနဲ့ ရုရှားနိုင်ငံမှာထုတ်ကုန်အသစ်တွေ၊ဝန်ဆောင်မှုအသစ်တွေကို ရပ်ဆိုင်းထားပါတယ်။ သို့ပင်သော်ငြား ဝယ်ယူထားပြီးသူတွေအတွက် software update ဆိုတာထုတ်ကုန်အသစ်မဟုတ်ဘူးလို့ဆိုပါတယ်။ Tom's Hardware အနေနဲ့ ထပ်မံရှင်းပြဖို့တောင်းဆိုခဲ့ပေမယ့် ကုမ္ပဏီအနေနဲ့ နောက်ထပ်သတင်းအချက်အလက်တွေမျှဝေဖို့မရှိသေးကြောင်းဆိုခဲ့ပါတယ်။
Source: Techpowerup
#EnThueTech
#News
0 Comments