NVIDIA Broadcast ဟာ အသုံးပြုသူတွေအနေနဲ့ video ဖန်တီးခြင်း၊ streaming လုပ်ခြင်းနဲ့ video conference မှာ အစည်းအဝေးလုပ်ခြင်းတွေမှာ မိမိမျက်လုံးကို ကွန်ပြူတာမျက်နှာပြင်ကို ကြည့်ရှုနေသလိုဖြစ်အောင်ဖန်တီးနိုင်တဲ့ Eye Contact feature ကိုထည့်သွင်းလာပြီဖြစ်ပါတယ်။ ဒီလိုအမိုက်စား feature ကို AI နဲ့ ကင်မရာအကူအညီကိုယူပြီးဖန်တီးထားတာပါ။
Eye Contact ကိုလက်ရှိ beta အဆင့်မှာအသုံးပြုနိုင်ပြီး AI အကူအညီနဲ့ မျက်နှာပြင်ကိုတကယ်မကြည့်နေပေမယ့် ကြည့်နေသယောင်ဖြစ်အောင်ဖန်တီးပေးမှာပါ။ အသုံးပြုသူရဲ့ မျက်လုံးအရောင်နဲ့ မျက်တောင်ခတ်ပုံစံကိုလည်းဆက်လက်ထိန်းသိမ်းပေးထားဦးမှာဖြစ်သလို ခပ်လှမ်းလှမ်းကြည့်လိုတဲ့အခါ Eye Contact ကို အလိုအလျောက်ဖြုတ်ချထားမှာဖြစ်ပါတယ်။
Source: NVIDIA and Hot Hardware
#EnThueTech
#News
#Software #AI
0 Comments