နာမည်ကျော် Overclocker နဲ့ YouTuber ဖြစ်သူ der8aurer ဟာ ပြီးခဲ့တဲ့အပတ်မှာ Intel Alder Lake non-K CPU တွေကို BLCK နဲ့ overclock လုပ်တဲ့ပုံစံကိုပြောပြပေးခဲ့ပါတယ်။ ဒီ CPU တွေဟာ overclock လုပ်မရတဲ့ locked CPU တွေလို့ လူသိများကြတာပါ။ ဒီနည်းလမ်းကိုတွေ့ရှိခဲ့တာမို့ locked CPU တွေကို BIOS မှာ ၅မိနစ်လောက်ချိန်ညှိပေးလိုက်တာနဲ့ စွမ်းဆောင်ရည် ၃၃%အထိတိုးတက်လာမှာဖြစ်ပါတယ်။
Intel CPU တွေမှာ non-K အမျိုးအစားတွေအနေနဲ့ overclock လုပ်ခွင့်ကိုမပေးတော့တာအချိန်အတော်ကြာနေပါပြီ အရင် 2nd Gen Sandy Bridge နဲ့ 3rd Gen Ivy Bridge တွေတုန်းက non-K CPU တွေမှာ အကန့်အသတ်နဲ့ Overclock လုပ်ခွင့်ရခဲ့ပါတယ်။
Intel ရဲ့ 12th Gen Alder Lake CPU တွေမှာ overclock အတွက် option တွေအများကြီးထည့်ထားပါတယ်။ ဥပမာပြောရရင် E-cores နဲ့ P-Cores တွေကို သီးခြားစီ voltage တွေခွဲဝေပြီး overclock လုပ်နိုင်တာ၊ graphics၊ memoryနဲ့ BCLK overclocking တွေထည့်သွင်းပေးထားတာမျိုးတွေပါ။ ထပ်ပြောရရင် အသစ်ပါဝင်လာတဲ့ synthetic BCLK လို features တွေက external clock generator မပါတဲ့ motherboard တွေအတွက်လွယ်ကူစေမှာပါ။ ဒီ features တွေဟာ အခုအသစ်ထွက်ရှိလာတဲ့ motherboard ရဲ့ BIOS IU မှာပါဝင်လာပြီးသားဖြစ်ပြီး Intel XTU software 7.5 နဲ့ အထက်ရှိဖို့လိုပါတယ်။
ဗီဒီယိုထဲမှာ der8aurer ဟာ Intel Core i5 12400/F နဲ့ Core i5 12600 တို့ကို Asus ROG Maximus Z690 Apex motherboard နဲ့ overclock လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့ရာ BIOS ထဲဝင်ပြီး Extreme Tweaker > Tweaker's Paradise ထဲက Unlock BCLK OC ကို enable လုပ်ပေးရမယ်လို့ဆိုပါတယ်။
Core i5 12400 ကို overclock လုပ်ရာမှာ BCLK overclocking ရဲ့ bus speed ကို 131MHz Voltage 1.370V ထားခဲ့ရာမှာ readout error မရှိပဲ 5240MHz အထိဆွဲတင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့စမ်းသပ်ချက်တွေအရေ Core i5 12400/F လိုအနိမ့်ပိုင်းCPU တွေမှာ silicon lottery အဆင်ပြေတယ်ဆိုရင် overclock လုပ်နိုင်တဲ့အစွမ်းအများကြီးရှိတယ်လို့ဆိုပါတယ်။ သူ့ရဲ့စမ်းသပ်ချက်တွေအရ Core i5 12400 ဟာ Core i7 12700K သို့ Core i9 12900K တို့ရဲ့ Stock Clock Speed မှာရှိတဲ့ စွမ်းဆောင်ရည်ကိုတောင်ကျော်လွန်သွားတာတွေ့ရပါတယ်။ အပူတွေတက်လာတယ်ဆိုပေမယ့် ကိုယ့်ရဲ့ Cooling အပေါ်လည်းမူတည်ပါသေးတယ်။
ဒီလိုရရှိအပြီးမှာ der8aurer အနေနဲ့ ROG Maximus Z690 Apex အပြင် အခြားသော motherboard တွေမှာစမ်းသပ်ရာမှာ Asus ROG Maximus Z690 Hero မှာလည်းအောင်မြင်ခဲ့တာတွေ့ရပြီး ROG Strix Z690-I Gaming Wifi နဲ့ TUF Gaming B660M-Plus D4 တို့မှာတော့ မအောင်မြင်ခဲ့ဘူးလို့ဆိုပါတယ်။

Intel ရဲ့ non-K CPU တွေမှာ ဘယ်လို overclock လုပ်လို့ရတယ်ဆိုတာ အတော်လေးစိတ်လှုပ်ရှားစရာကောင်းပါတယ် Intel ဟာ အခြားသော motherboard ထုတ်လုပ်သူတွေနဲ့ပူးပေါင်းဆောင်ရွက်နေသလို BIOS update တွေလည်းထွက်လာပါလိမ့်မယ်။
Source: Tom's Hardware
0 Comments