Subscribe Us

header ads

Activision Blizzard ကိုဝယ်ယူမည့် Microsoft


ကယ်လီဖိုးနီးယား၊ ၁၈ ဇန်နဝါရီ ၂၀၂၂

ကမ္ဘာပေါ်မှာလူပေါင်းသန်း၃၀၀၀ထောင်လောက်ဟာ ဂိမ်းကစားကြသူပါ၊ ဂိမ်းဆိုတာ ကမ္ဘာမှာလက်ရှိအတိုးတက်ဆုံးနဲ့ အကြီးမားဆုံးဖျော်ဖြေရေးဖြစ်နေပါတယ်။ ဒီနေ့မှာ Microsoft Corp.ဟာ နာမည်ကျော်ဂိမ်းထုတ်လုပ်‌ရေးနဲ့ ဖြန့်ချီရေးကုမ္မဏီတစ်ခုဖြစ်တဲ့ Activision Blizzard Incကို ဝယ်ယူမယ်လို့ကြေညာလိုက်ပါတယ်။ အဆိုပါဝယ်ယူမှုဟာ mobile PC Console နဲ့ Cloud တို့မှာ ရှိတဲ့ Microsoft ရဲ့ ဂိမ်းလုပ်ငန်းတွေတိုးတက်လာမှုကိုအရှိန်မြှင့်ပေးမှာဖြစ်သလို metaverse အတွက်အခြေခံအုတ်မြစ်တွေဖြစ်လာမှာပါ။ 

Microsoft ဟာ ဒီဝယ်ယူမှုမှာ ရှယ်ယာတစ်ခုကို $95 နဲ့ $68.7 ဘီလီယံတန်ဖိုးနဲ့ဝယ်ယူမှာဖြစ်ပါတယ်။ ဝယ်ယူမှုပြီးစီးတဲ့အခါမှာ Microsoft ဟာ ကမ္ဘာ့တတိယအကြီးဆုံးဂိမ်းကုမ္ပဏီအဖြစ် Tencent နဲ့ Sony တို့နောက်မှာရပ်တည်လာမှာပါ။ ဒီဝယ်ယူမှုမှာ Warcraft၊ Diablo၊ Overwatch၊ Call of Duty နဲ့ Candy Crush စတဲ့ franchise တွေအပြင် Major League Gaming လို eSport လုပ်ငန်းတွေလည်းပါဝင်ပါတယ်။ 

လက်ရှိ Activision Blizzard ရဲ့ CEO ဖြစ်တဲ့ Bobby Kotick ပြောကြားချက်အရ သူတို့အဖွဲ့သားတွေဟာ ပိုမိုတောင့်တင်းအောင်နဲ့ စီးပွားရေးတွေတိုးတက်အောင် အာရုံစိုက်သွားမယ်လို့ဆိုပါတယ်။ ဝယ်ယူမှုပြီးစီးခဲ့ရင်တော့ Activision Blizzard လုပ်ငန်းဟာ Microsoft Gaming ရဲ့ CEO ဖြစ်သူ Phil Spencer ကို တင်ပြရမှာပါ။ 

" Gaming ဟာ အတက်ကြွဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးဖျော်ဖြေရေးအမျိုးအစားဖြစ်ပြီး metaverse တွေပေါ်ထွက်လာဖို့ ဆောင်ရွက်ရာမှာ အဓိကအခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်လာမှာဖြစ်တယ်" လို့ Microsoft ရဲ့ Chairman နဲ့ CEO ဖြစ်သူ Satya Nadella ကဆိုပါတယ်။ "ကျနော်တို့ဟာ ခေတ်သစ်ဂိမ်းလောကမှာ ဂိမ်းကစားသူတွေနဲ့ ဖန်တီးသူတွေကို ဦးစားပေးသွားဖြစ်ပြီး ကမ္ဘာ့အဆင့်မှီအကြောင်းအရာ၊ အသိုင်းအဝိုင်းနဲ့ cloud ကိုလုံခြုံစိတ်ချရခြင်း၊ လူတိုင်းပါဝင်နိုင်ခြင်းနဲ့ လက်လှမ်းမှီခြင်းရှိလာနိုင်အောင် ရင်းနှီးမြုပ်နှံသွားမယ်" လို့ဆိုပါတယ်။ 

ဒီလိုဝယ်ယူမှုကြောင့် Microsoft ရဲ့ Game Pass ထဲမှာ Activision Blizzard ဂိမ်းတွေရောက်ရှိလာဦးမှာမို့ သုံးစွဲသူ၂၅သန်းကျော်ရှိနေတဲ့ Game Pass ဟာ ပိုကောင်းလာမှာဖြစ်ပါတယ်။ Activision Blizzard ဟာ နိုင်ငံပေါင်း ၁၉၀ကျော်မှာ လစဉ်ဆော့ကစားနေသူပေါင်း သန်း ၄၀၀လောက်ရှိသလို ဘီလီယံချီတဲ့ franchise ၃ခုလည်းရှိပါတယ်။ ဒီအတွက် Game Pass ဟာအတော်လေးစွဲဆောင်မှုရှိလာမှာပါ။ ဒီလိုနဲ့ Microsoft မှာ ဂိမ်းဖန်တီး‌ရေး၊ ဖြန့်ချီရေး နဲ့ eSport စတူဒီယိုပေါင်း ၃၀ခန့်ရှိလာမှာပါ။ 

ဒီဝယ်ယူမှုဟာ ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာပြီးမြောက်မယ်လို့ ယူဆရပြီး ဝယ်ယူမှုကို Microsoft နဲ့ Activision Blizzard ၂ဘက်စလုံးရဲ့ ဒါရိုက်အဖွဲ့ဝင်‌တွေက အတည်ပြုထားတယ်လို့သိရပါတယ်။ 


Source: Microsoft News Center


Post a Comment

0 Comments