Subscribe Us

header ads

Windows 11တွင် AMD CPU များစွမ်းဆောင်ရည်ကျ‌ဆင်းနေမှုကိုဖြေရှင်းနိုင်တော့မည်

AMD ဟာ Windows 11 မှာ သူတို့ရဲ့ Ryzen CPU တွေ စွမ်းဆောင်ရည်နိမ့်ကျနေမှုအား patch ထုတ်ပြီးဖြေရှင်းပေးတော့မယ်လို့ဆိုပါတယ်။ ဒီလိုဖြေရှင်းချက်ဟာ ၂ခုရှိမှာဖြစ်ပြီး တစ်ခုမှာ UEFI CPPC2 Driver အနေနဲ့လာမှာဖြစ်ပြီး နောက်တစ်ခုကတော့ Microsoftက Windows Update အနေနဲ့လာမှာပါ။ UEFI CPPC2(Collaborative Power and Performance Control 2) Driver ဆိုတာ thread အနည်းငယ်သာလိုအပ်တဲ့ workload ကို အမြန်ဆုံး Core တွေနဲ့အလုပ်လုပ်‌စေတာပါ။ CPPC2 မှာ bug တွေရှိတဲ့အတွက်အချို့သော single core အသားပေးတဲ့ eSports ဂိမ်းတွေဟာ Windows 11မှာ စွမ်းဆောင်ရည်လျော့နည်းနေရတာဖြစ်ပါတယ်။ စွမ်းဆောင်ရည်လျော့နည်းခြင်းဟာ 8 Cores နဲ့ 65W TDP အထက်ရှိတဲ့ CPU တွေမှာအဖြစ်များတယ်လို့ AMD ကဆိုပါတယ်။

ဒုတိယ ပြဿနာဖြစ်တဲ့ L3 Cache error ကိုတော့ Windows 11 update နဲ့ဖြေရှင်းပေးမှာပါ။ L3 Cache မှာ error ရှိတဲ့အတွက် latency နဲ့ bandwidth ကိုထိခိုက်စေခဲ့ပါတယ်။ Tom's Hardware ရဲ့စမ်းသပ်ချက်တွေအရ Windows 11 ဟာ Windows 10 ထက် L3 Cache bandwidth ၁၂ဆနဲ့ L3 Cache latency ၆ဆ ပိုမိုများပြားနေတာတွေ့ရပါတယ်။ AMD ကတော့ L3 Cache bug ကြောင့် eSports ဂိမ်းအချို့မှာ ၁၅%နဲ့ အချို့ application တွေမှာ ၃~၅%အထိ စွမ်းဆောင်ရည်ကျဆင်းစေတယ်လို့ဆိုပါတယ်။ 

Bug ၂မျိုးစလုံးဟာ Windows 11 ကို အထောက်အပံ့ပေးတဲ့ Ryzen CPU အားလုံးကိုထိခိုက်စေပြီး Ryzen 2000, 3000, 4000, 5000 နဲ့ EYPC CPU တွေအပြင် အသစ်ထွက်Athlon CPU အချို့လည်းပါဝင်တယ်လို့ဆိုပါတယ်။

ဒီ bug တွေကိုဖြေရှင်းနိင်မယ့် Patch တွေကို ဘယ်ချိန်လောက်ထုတ်ပေးမှာလည်းဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

Reference: Tom's Hardware

Post a Comment

0 Comments