Subscribe Us

header ads

Intel မှ 12th Gen Alder Lake CPU များမိတ်ဆက်လာ


Intel ဟာ သူတို့ရဲ့ Innovation 2021 ပွဲမှာ P- cores နဲ့ E-cores တွေပါဝင်တဲ့ Hybrid Design နဲ့အတူ Alder Lake CPU‌ တွေကို တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။

Intel ရဲ့ ထုံးစံအရဆိုရင် CPU Architecture ဟာ Laptop တွေမှာအရင်ထွက်လေ့ရှိပြီး Desktop တွေမှာနောက်မှထွက်ရှိလေ့ရှိပါတယ်။ ဒါပေမယ့် 12th Gen မှာတော့ enthusiast desktop CPU တွေ‌ဖြစ်တဲ့ K -Series တွေ လာမယ့်အပတ်ထဲ အရင်ထွက်လာမှာဖြစ်ကာ ကျန်တဲ့ CPU တွေကနောက်နှစ်ထဲမှာထွက်ရှိလာမှာပါ။ ဒါတင်မက Intel ဟာ 12th Gen မှာ architecture အသစ်နဲ့အတူ မျိုးဆက် ၇ဆက်သုံးလာတဲ့ 14nm အစား 10nm (Intel 7) ဆိုတဲ့process node အသစ်ကိုပါအသုံးပြုလာမှာဖြစ်ပါတယ်။

Alder Lake ဆိုတာဘာလဲ

Alder Lake အကြောင်းပြန်ပြောရမယ်ဆိုရင်တော့ Intel ဟာ laptop တွေမှာ Sunny Cove Core တွေနဲ့စမ်းသပ်ခဲ့တဲ့ hybrid design ကို desktop CPU မှာအသုံးပြုလာတာပါ။

Hybrid Design

Alder Lake ဟာ သူရဲ့ Architectureဟာ Lakefield Laptop CPU တွေနဲ့အတော်ကြီးဆင်ပါတယ်။ Lakefield မှာတုန်းက ARM ရဲ့ big.LITTLE လိုခပ်ဆင်ဆင်တူတဲ့ Architecture ကိုသုံးပါတယ်။ ARM မှာ High Performance အတွက် big Cores တွေရှိပြီး low performance အတွက် LITTLE cores တွေကိုသုံးပါတယ်။ ဒီလိုဆင်တူတဲ့ Intel ရဲ့ Hybrid Designမှာ  စွမ်းဆောင်ရည်ကောင်းတဲ့ core တွေကို performance cores (P-cores) တွေလို့ခေါ်ပြီး ပါဝါစားသက်သာတဲ့ core တွေကို efficiency cores (E-cores) လို့ခေါ်ဆိုပါတယ်။ 


performance cores (P-cores) မှာ (Golden Cove) တွေသုံးထားပြီး efficiency cores (E-cores) တွေမှာတော့ (Gracemont)ကိုသုံးထားတာပါ။ Alder Lake ရဲ့ P-cores တွေဟာ ယခင်ထွက်ရှိထားတဲ့ Rocket Lake က Cypress Cove Core တွေထက် IPC 19% ပိုမိုသာလွန်တယ်လို့ဆိုပါတယ်။


E-cores တွေကတော့ ယခင် Atom CPU က Core တွေလိုဖြစ်ပြီး die အရွယ်သေးပေမယ့် Skylake လောက်စွမ်းဆောင်ရည်ရှိနေအောင် အဆင့်မြှင့်ထားပါတယ်။ E-cores တွေဟာ background application အများစုအတွက် ဖန်တီးထားတာဖြစ်ပြီး အချို့ application တွေရဲ့ Multi threaded စွမ်းဆောင်ရည်ကိုလည်းအထောက်အကူပေးနိုင်တယ်လို့ Intelကဆိုပါတယ်။

Cores တွေအသစ်ဖြစ်သလို cache architecture ဟာလည်းအသစ်ပါပဲ။ P-core တစ်ခုစီတိုင်းမှာ L2 cache 1.25 MB ရှ်ပြီး E-cores ၄ခုအစုတိုင်းမှာ L2 cache 2MB ရှိပါတယ်။ P-core နဲ့ E-core တွေကို 30MB ရှိတဲ့ shared L3 cache နဲ့ချိတ်ဆက်ထားပါတယ်။ Rocket Lake ရဲ့ 8 Cores Design မှာ L3 cache 16MB ရှိခဲ့ပြီး 16 Core Alder Lake မှာ ၂ဆတိုးလာခဲ့တာပါ။


Hybrid Design ဖြစ်လာတဲ့အတွက် ဘယ် cores တွေဟာ ဘယ် application နဲ့သင့်တော်တယ်ဆိုတာအရေးကြီးလာပါတယ်။ ဒီအတွက် Alder Lake မှာ Thread Director ဆိုတဲ့ feature တစ်ခုပါဝင်လာပြီး ဘယ်cores တွေသုံးသင့်လဲဆိုတာ Windows 11 ကိုကူညီပေးနိုင်ပါတယ်။

CPU များ

Intel ဟာ 12th Gen Model ၆မျိုးကို မိတ်ဆက်ပေးသွားပြီး K series ၃ခုနဲ့ integrated graphics မပါတဲ့ KF Series ၃မျိုးနဲ့ဖြစ်ပါတယ်။ ဆိုလိုတာက Core i9 Core i7 နဲ့ Core i5 တွေမှာ iGP ပါတာရောမပါတာပါရနိုင်ပါတယ်။


Core i9-12900K မှာ P-cores ၈ခုနဲ့ E-cores ၈ခုပါဝင်ပြီး 16 Cores 24 Threads နဲ့လာမှာပါ။ 32 Threads ဖြစ်မသွားရတာက E-cores တွေမှာ Hyper Threading မပါလို့ပါ။ ဒါ့ကြောင့် P-cores cluster မှာ 8 Cores 16 Threads ဖြစ်ကာ E-cores cluster မှာ 8 Cores 8 Threads ဖြစ်ပါတယ်။ L3 cache က 30 MB ရှိမှာပါ။

Alder Lake မှာ Core တွေကို ပုံစံ၂မျိုးထည့်သွင်းပေးလာတဲ့အတွက် CPU Clock Speed တွေဟာ ပိုမိုရှုပ်ထွေးလာပါတယ်။ Core i9-12900Kမှာ P-cores က Base Clock 3.2 GHz Boost Clock 5.2GHzအထိရနိုင်ပြီး E-cores က Base Clock 2.4GHz Boost Clock 3.9 GHz အထိရမှာပါ။

Core i7-12700K မှာ P-cores ၈ခုနဲ့ E-cores ၄ခုပါဝင်ပြီး 16 Cores 20 Threads နဲ့ L3 cache 25 MB ရှိပါတယ်။ P-cores Clock Speed အနေနဲ့ Base Clock 3.6 GHz Boost Clock 5.0GHzအထိရနိုင်ပြီး E-cores က Base Clock 2.7GHz Boost Clock 3.8 GHz အထိရမှာပါ။

Core i5-12600K မှာ‌တော့ P-cores ၆ခုဖြစ်သွားပြီး E-cores ၄ခုပါဝင်ကာ 10 Cores 16 Threads နဲ့ L3 cache 20 MB ရှိပါတယ်။ P-cores Clock Speed အနေနဲ့ Base Clock 3.7 GHz Boost Clock 4.9 GHzအထိရနိုင်ပြီး E-cores က Base Clock 2.8GHz Boost Clock 3.6 GHz အထိရမှာပါ။


CPU Model အားလုံးဟာ overclocking ကိုအထောက်အပံ့ပေးမှာဖြစ်ပြီး K-SKU မှာတော့ Xe Graphics UHD 770 ကိုထည့်‌သွင်းပေးမှာဖြစ်ကြောင်းသာဆိုပြီး သူ့ရဲ့ အသေးစိတ်အချက်အလက်ကိုတော့မသိရသေးပါဘူး။ DDR5 4800 နဲ့ DDR4 3200 ကိုအထောက်အပံ့ပေးမှာဖြစ်ပြီး နှစ်မျိုးစလုံးကိုတပြိုင်နက်အသုံးမပြုနိုင်ပါဘူးလို့ဆိုပါတယ်။


နောက်ထပ်ထူးခြားချက်ကတော့ အရင်ကခေါင်းရှုပ်နေရတဲ့ TDP ကိုပိုမိုရှင်းလင်းအောင်လုပ်ပေးထားတာပါပဲ။ Intel ရဲ့ Thermal Design Point-TDP ဆိုတာ CPU ရဲ့ အပူကိုစွန့်ထုတ်ရမယ့် Cooler ရဲ့ Capacity ကိုသာဆိုလိုတာဖြစ်ပါတယ်။ ဒါ့အပြင် အရင်က Intelရဲ့ TDP 125W ဆိုတဲ့ CPU၍ ဟာ base frequency ဆိုတဲ့ PL1 ကိုသာဆိုလိုတာဖြစ်ပြီး boost frequency PL2 ကိုဖော်ပြထားတာမရှိပါဘူး။ အရင် TDP အဖြစ်ယူထားတဲ့ PL1 ကို Processors Base Power (PBP) နဲ့အစားထိုးခေါ်ဆိုမှာဖြစ်ပြီး PL2 ကိုတော့ Maximum Turbo Power (MTP) လို့ခေါ်ဆိုမှာဖြစ်ပါတယ်။ Turbo ဟာလည်းအရင်က Rocket Lake မှာ ၅၈စက္ကန့်လောက်သာ Boost နိုင်ပေမယ့် အခု 12th Gen K Series CPU တွေဟာ အဆက်မပြတ် Boost နေမှာဖြစ်ပြီး MTP မှာသာအမြဲရှိနေမှာဖြစ်ပါတယ်။ K-SKU မဟုတ်တဲ့ CPU မှာတော့ နဂိုအတိုင်း ၅၈စက္ကန့်လောက် Boost မှာဖြစ်ပါတယ်။

ဒါ့ကြောင့် အရင်က 125W CPU လက်တွေ့မှာ 200W ကျော်အထိဖြစ်နေတာမျိုးမရှိတော့ပဲ Core i9-12900K ဟာ 241W မှာ အလုပ်လုပ်နေမှာဖြစ်ပါတယ်။

Platform

Alder Lake CPU တွေမှာ LGA 1700 socket ကိုသုံးမှာဖြစ်ပြီး အရွယ်အစားပိုမိုကြီးမားလာသလို ပုံစံက ယခင် Intel Socket တွေထက်ပိုလေးထောင့်ဆန်လာပါတယ်။ ဒီ CPU တွေကို Intel က thick IHS + thin STIM ဒီဇိုင်းလို့ခေါ်ဆိုပြီး dieအနေနဲ့ ၂၅% ပိုမိုပါးလွှာလာသလို STIM လို့တဲ့ solder thermal interface material ကလည်း ၁၅% ပိုမိုပါးလွှာလာပြီး IHS ကပိုမိုထူထဲလာတယ်လို့ဆိုပါတယ်။


Socket အသစ်ဖြစ်သွားတဲ့အတွက် Z690 Chipset သုံး Motherboard တွေကိုသုံးရမှာကာ DDR5 version သို့ DDR4 version ကိုရွေးချယ်နိုင်ပါတယ်။ DDR5 သုံးမယ်ဆိုရင် features အသစ်တွေပါတဲ့ XMP 3.0 ကိုသုံးနိုင်မှာပါ။ XMP 3.0 မှာ vender အလိုက် profile တွေပါလာမှာပါ။


လက်ရှိကြေညာထားတဲ့ Alder Lake CPU တွေမှာ 20 PCIE Lane ပါဝင်မှာဖြစ်ပြီး 16x PCIE 5.0 နဲ့ 4x PCIE 4.0 ပါဝင်ပါတယ်။ အသစ်ထွက်ရှိလာမယ့် Z690 Chipset ဟာ 12x PCIE 4.0 နဲ့ 16x PCIE 3.0အထိ အထောက်ပံ့ပေးနိုင်ပါတယ်။

Overclocking

Overclock လုပ်ချင်တဲ့သူတွေအတွက် Alder Lake မှာ features တွေအများကြီးပါဝင်လာပါတယ်။ သင့်အနေနဲ့ P-cores ‌တွေ E-cores တွေကို ထိန်းချုပ်နိုင်သလို BLCK နဲ့ cache ကိုပါထိန်းချုပ်နိုင်ပါတယ်။ 


ဒါ့အပြင် per core overclocking၊ full voltage control၊ AVX offset နဲ့ အခြားအရာတွေပါ ချိန်ညှိနိုင်ပါတယ်။ ဒါတွေအားလုံးကို အသစ်ထွက်ရှိလာမယ့် Extreme Tuning Utility version မှာရနိုင်ပါတယ်။

စွမ်းဆောင်ရည်

Intel ပြထားတဲ့ benchmark chart ‌တွေကိုကြည့်တဲ့အခါ DDR5 နဲ့အပြင် Windows 11 မှာစမ်းသပ်ထားတာကိုတွေ့ရပြီး AMD နဲ့ယှဉ်စမ်းပြထားပေမယ့် AMD ကြုံလိုက်ရတဲ့ပြဿနာတွေကို မဖြေရှင်းနိုင်ခင်စမ်းထားတာကြောင့် ဒီchart တွေမှန်တယ်လို့ပြောရတာခက်ပါတယ်။



Hybrid Design သုံးထားတဲ့ ဒီ CPU တွေဟာ software အများစုမှာကောင်းစွာအလုပ်လုပ်မယ်လို့ဆိုပေမယ့် အချို့နေရာတွေမှာတော့ပြဿနာအနည်းငယ်ရှိနိုင်တယ်လို့ဆိုပါတယ်။


Productivity ပိုင်းအနေနဲ့ Adobe application တွေမှာ Core i9-12900K ဟာ ယခင် Gen Core i9-11900K ထက် ၃၀%ခန့်ပိုမြန်တယ်လို့ဆိုပါတယ်။


Intel ဟာ IPC benchmark ကိုလည်းပြသွားပြီး တူညီတဲ့frequency မှာ IPC ဘယ်လောက်ကွာသလဲဆိုတာပြသသွားတာပါ။ 12th Gen P-core ဟာ 10th Gen ထက် ၂၈%နဲ့ 11th Gen ထက် ၁၂%ပိုမြန်တယ်လို့ဆိုပြီး E-core ကတော့ 10th Gen နဲ့အတူတူပဲလို့ဆိုပါတယ်။


ပါဝါစားသုံးမှုအပိုင်းအနေနဲ့ တူညီတဲ့ power မှာ 12th Gen ဟာ 11th Gen ထက် ၅၀%ပိုမြန်တယ်လို့ဆိုပြီး 125W မှာဆိုရင် ၃၀%ပိုမြန်တယ်လို့ဆိုပါတယ်။ 11900K ဟာ 250W သုံးနေချိန်မှာ 12900K ဟာ 65W သာရှိမှာဖြစ်လို့ Lower Power Level မှာအလွန် efficient ဖြစ်တယ်လို့ပြောနိုင်ပါတယ်။

ဈေးနှုန်း

Intel ဟာ CPU အသစ်တွေရဲ့ဈေးနှုန်းကို ဝယ်ယူသူတွေစိတ်ဝင်စားအောင်လုပ်ထားပါသေးတယ်။ Core i9-12900K ဟာ $589ဖြစ်ပြီး Core i7-12700K ဟာ $409 ဖြစ်ကာ Core i5-12600K ဆိုရင်$289သာကျသင့်ပါတယ်။ Efficiency Core တွေပါ‌တဲ့အတွက် အရင်တုန်းကထက်ပိုတန်လာတယ်‌‌ ပြောနိုင်သလို KF-SKU ဆိုရင် $25ပိုသက်သာပါ‌သေးတယ်။ အထူးသဖြင့် Core i5 ဟာ Core ၁၀ခုထိရှိလာလို့အလွန်စိတ်ဝင်စားစရာဖြစ်လာပါတယ်။

12th Gen Alder Lake တွေကိုလက်ရှိ Pre-order လုပ်နိုင်ပြီး နိုဝင်ဘာလ၄ရက်နေ့မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ပြသွားတာအားရစရာကောင်းပေမယ့် benchmark တွေထွက်တဲ့အထိစောင့်ကြည့်တာပိုကောင်းပါလိမ့်မယ်။

Reference: Techspot and Tom's Hardware

#EnThueTech
#News
#CPU #Intel #AlderLake




 





Post a Comment

0 Comments