Subscribe Us

header ads

Battlefield 6 ဂိမ်းအတွက် အခမဲ့ကစားနိုင်သည့် Battle Royale Mode ကို မကြာမီ Shadow Drop လုပ်ဖွယ်ရှိ

Image via Epic Games

Battlefield 6 ဂိမ်းထွက်ရှိပြီးနောက် သက်တမ်းရင့်နေပြီဖြစ်တဲ့ Firestorm နေရာမှာ အစားထိုးမယ့် Battle Royale mode အသစ်တစ်ခု ပါလာမယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ဂိမ်းအသစ် စတင်ဖြန့်ချိပြီး နှစ်ပတ်အကြာအထိ PVP battle royale mode နဲ့ပတ်သက်ပြီး တရားဝင် ကြေညာချက် မရှိသေးပါဘူး။

ဒါပေမဲ့ အွန်လိုင်း Data Miner တွေဆီက ရတဲ့ အချက်အလက်အသစ်တွေအရ ဒီလို အသံတိတ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်လို့ ညွှန်းဆိုနေပါတယ်။ X (ယခင် Twitter) အကောင့်တစ်ခုဖြစ်တဲ့ @ModernWarzone ရဲ့ ဖော်ပြချက်အရ DICE နဲ့ EA တို့ဟာ Free-to-Play စနစ်ဖြစ်တဲ့ Battlefield: RedSec Battle Royale ဂိမ်း Mode ကို trailer ဒါမှမဟုတ် မားကတ်တင်းလုံးဝမလုပ်ဘဲ Battlefield 6 Season 1 update နဲ့အတူ တစ်ပြိုင်နက်တည်း အောက်တိုဘာ ၂၈ ရက်မှာ ရုတ်တရက်ဖြန့်ချိသွားဖွယ်ရှိနေတယ်လို့သိရပါတယ်။


Image via Techpowerup

ဒီ Mode ရဲ့ တရားဝင်နာမည်ဖြစ်တဲ့ RedSec ကို အွန်လိုင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပေမဲ့ ဒီ Free-to-Play Battle Royale Mode ဟာ ယခင် Mode ရဲ့ ပုံစံအတိုင်း အခြေခံကျတဲ့ ဖော်မြူလာတွေကို ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ အရင်တုန်းက ထွက်ပေါ်ခဲ့ဖူးတဲ့ ကောလဟာလတွေအရ Battlefield: RedSec မှာ အောက်ပါအချက်တွေ ပါဝင်ဖို့ ညွှန်းဆိုခဲ့ပါတယ်။ ဒီ mode မှာ highly destructible map နဲ့ ကစားသမား ၁၀၀ ပါဝင်ပြီး ပွဲစဉ်တစ်ခုဟာ ၂၅ မိနစ်ဝန်းကျင် ကြာမြင့်မယ်လို့ဆိုပါတယ်။ 

ဒါပေမဲ့ ဒီကောလဟာလတွေက ဒီနှစ်အစောပိုင်းကတည်းက ဖြစ်တာမို့ သတိထားပြီး ယုံကြည်သင့်ပါတယ်။ ဒီလအစောပိုင်းက ထွက်ခဲ့တဲ့ ပြည်တွင်း Battlefield Labs update changelogs တွေအရတော့ ကစားသမားတိုင်းမှာ Armor Plates အတွက် Slot နှစ်ခုစီ ပါဝင်လာပါမယ်။ ဒီ Battle Royale Mode မှာ မြေပြင်ယာဉ်တွေအပြင် လေကြောင်းတိုက်ပွဲအတွက် ရဟတ်ယာဉ်တွေလည်း ပါဝင်လာမှာဖြစ်သလိုလိုအပ်တဲ့ ခုခံကာကွယ်မှုစနစ် တွေလည်း ရရှိနိုင်မှာလို့ဆိုပါတယ်။ ဒါ့အပြင် ကစားသမားများဟာ Proximity Chat နဲ့ အနီးအပါးက ကစားသမားတွေကို စကားပြောဆိုနိုင်မယ်လို့သိရပါတယ်။

ဒီလို Shadow Drop လုပ်မယ့် မဟာဗျူဟာက ဂိမ်းလောကမှာ အတော်လေး စိတ်ဝင်စားစရာပါ။ အသစ်ထွက်လာမယ့် Battle Royale Mode ဟာ ဝေဖန်မှုတွေကို တွန်းလှန်ပြီး ကစားသမားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။ အောက်တိုဘာလ ၁၀ရက်နေ့က စတင်ထွက်ရှိခဲ့တဲ့ Battlefield 6 ဟာ တာထွက်ကောင်းမွန်ခဲ့ပြီး ပထမဆုံး ၃ရက်မှာတင် ဂိမ်း၇သန်းကျော်ရောင်းချခဲ့ရပြီး Battlefield ဂိမ်းတွေထဲရောင်းအားအကောင်းဆုံးလို့ EA က တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။ 

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Techpowerup

Post a Comment

0 Comments