![]() |
| Image: OpenAI |
![]() |
| Image: OpenAI |
လောလောဆယ် macOS အတွက် အရင်ဆုံးထွက်ရှိလာပြီး၊ Atlas မှာ search လုပ်လိုက်ရင် ChatGPT က generate လုပ်ထားတဲ့ အဖြေတွေနဲ့ အရင်ဆုံးဖွင့်ပေးမှာပါ။ ဒါပေမဲ့ သမားရိုးကျ search result တွေ၊ ပုံတွေနဲ့ တခြားအမြင်တွေကိုလည်း အလွယ်တကူ ကြည့်လို့ရဦးမှာပါ။ "Ask ChatGPT" sidebar တစ်ခုက အမြဲတမ်းရှိနေမှာဖြစ်လို့ လက်ရှိ page ကနေ ထွက်စရာမလိုဘဲ AI assistant နဲ့ စကားပြောနိုင်မှာပါ။ web ပေါ်က အလုပ်လေးတွေကို လုပ်ဆောင်ပေးနိုင်တဲ့ Advanced agent features တွေကိုတော့ လောလောဆယ် ပိုက်ဆံပေးရတဲ့ user တွေပဲ သုံးနိုင်ဦးမှာဖြစ်ပေမယ့်၊ အခြေခံ browser အတွေ့အကြုံကိုတော့ အစကတည်းက လူတိုင်းသုံးနိုင်မှာ ဖြစ်ပါတယ်။
Atlas ကို tab တွေနဲ့ chat window တွေကြားမှာ အချက်အလက်တွေ အလွယ်တကူ ကူးပြောင်းနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ ဒီ assistant က active ဖြစ်နေတဲ့ tab ကို နားလည်နိုင်စွမ်းရှိတာကြောင့် စာမျက်နှာတွေကို အကျဉ်းချုံးပေးတာ၊ ကုန်ပစ္စည်းတွေကို နှိုင်းယှဉ်ပေးတာ၊ မျက်နှာပြင်ပေါ်က အကြောင်းအရာတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေဖြေပေးတာ၊ code တွေစစ်ဆေးတည်းဖြတ်တာမျိုးတွေမှာ ကူညီပေးနိုင်ပါတယ်။
![]() |
| Image: OpenAI |
ဒီ browser မှာ အချိန်ကြာလာတာနဲ့အမျှ သင့်အတွက် ပိုကိုက်ညီတဲ့အဖြေတွေပေးနိုင်မယ့် memory function၊ စာသားတွေကြားထဲမှာတင် တန်းပြီးတည်းဖြတ်နိုင်တဲ့ Cursor Chat tool အပြင် reservation လုပ်တာ၊ ချက်နည်းပြုတ်နည်းထဲကနေ ဈေးဝယ်စာရင်း တွေ ဖန်တီးပေးတာ၊ form တွေ ဖြည့်ပေးတာလိုမျိုး အလုပ်သေးသေးလေးတွေကို ကိုင်တွယ်ပေးနိုင်တဲ့ Operator agent တစ်ခုလည်း ပါဝင်ပါတယ်။ ဒါ့အပြင် လူတိုင်းရင်းနှီးပြီးသား browser tool တွေ ဖြစ်တဲ့ tabs, bookmarks, history နဲ့ password management တွေလည်း အကုန်ပါဝင်ပြီး ဒါတွေကို ရှင်းလင်းတဲ့ layout နဲ့ ဖန်တီးထားပါတယ်။
![]() |
| Image: OpenAI |
အသုံးပြုသူတစ်ယောက်က ဘာပဲကြည့်နေကြည့်နေ၊ သူ့ဘေးမှာ chat companion တစ်ခု အမြဲရှိစေတာက ပုံမှန်လုပ်နေကျ copy paste လုပ်ရတဲ့ ဒုက္ခကို လျှော့ချပေးနိုင်ပေမဲ့ ဒါက အသုံးပြုသူရဲ့ browsing activity တွေက AI ရဲ့ အဖြေတွေအပေါ် လွှမ်းမိုးမှုရှိသွားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်လို့နေပြန်ပါတယ်။ OpenAI အတွက် စိန်ခေါ်မှုကတော့ လူတွေက ရှိရင်းစွဲ browser တွေအစား ဒီ browsing model အသစ်ကို ပြောင်းသုံးလာအောင် ဆွဲဆောင်ရမယ့်အပြင် agent တွေရဲ့ အပြုအမူက ယုံကြည်စိတ်ချရအောင်နဲ့ privacy ဆိုင်ရာ မူဝါဒတွေ ရှင်းလင်းအောင် သေချာလုပ်ဆောင်ဖို့ပါပဲ။
ထပ်ပြောရရင် browser ဆိုတာက အသုံးပြုသူရဲ့ အရေးကြီးဆုံး ဒေတာတွေ ဖြစ်တဲ့ email၊ အလုပ်၊ banking password တွေနဲ့ တခြားအရာတွေကို သိမ်းဆည်းထားတဲ့ နေရာပါ။ ChatGPT Atlas browser ကို လူအများဆီ ဖြန့်ချိလာတဲ့အခါ၊ OpenAI အနေနဲ့ ဒီလို လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဘယ်လောက်အထိ ကြံ့ခိုင်အောင် လုပ်ဆောင်ပေးထားမလဲဆိုတာကို စောင့်ကြည့်ရမှာ စိတ်ဝင်စားစရာပါပဲ။
ChatGPT Atlas ကို ဒီနေ့ကစပြီး macOS အသုံးပြုသူတွေအတွက် စတင်ရရှိနိုင်ပြီဖြစ်ပြီး Free, Plus, Pro, နဲ့ Go user တွေအပါအဝင် ChatGPT အသုံးပြုသူအဆင့်အားလုံး သုံးနိုင်မှာပါ။ Windows၊ iOS နဲ့ Android version တွေလည်း မကြာခင် ထွက်ရှိလာတော့မှာဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Techpowerup




0 Comments