Subscribe Us

header ads

HP မှ Pavilion၊ Spectre၊ Dragonfly နှင့် Envy အမှတ်တံဆိပ်များကို အနားပေးကာ Omni နှင့် Elite အမည်များဖြင့် အစားထိုးမည်

Image via TechSpot

HP ဟာ Microsoft ရဲ့ "AI PC" ခေတ်သစ်ကို ပြင်ဆင်ဖို့အတွက် သူတို့ရဲ့ consumer နဲ့ commercial PC lineup တွေရဲ့ နာမည်ပုံစံပေးပုံကို ပြောင်းလဲနေပါတယ်။ ကုမ္ပဏီအနေနဲ့ "အနာဂတ်အတွက် ပြင်ဆင်ထားတဲ့ နာမည်ပုံစံစနစ်" က စျေးဝယ်သူတွေအတွက် PC ဝယ်ယူခြင်းကို လွယ်ကူစေမယ်၊ ၎င်းတို့ရဲ့ များပြားလှတဲ့ ထုတ်ကုန်တွေကို ပိုမိုရှင်းလင်းမှုရှိစေပြီး၊ HP အမှတ်တံဆိပ်ဟာ အခြားပြိုင်ဘက်တွေထက် ပိုမိုကွဲပြားခြားနားစေမယ်လို့ ခံယူထားပါတယ်။

ယခုအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ HP ဟာ ကုမ္ပဏီရဲ့ budget၊ prosumer၊ premium business နဲ့ premium consumer lineup တွေဖြစ်တဲ့ Pavilion၊ Spectre၊ Dragonfly နဲ့ Envy အမှတ်တံဆိပ်တွေကို အနားပေးသွားမှာဖြစ်ပါတယ်။ အဆိုပါတံဆိပ်တွေအစား သုံးစွဲသူတွေအတွက် Omni ဆိုတဲ့အမှတ်တံဆိပ်ကို အသစ်စတင်မိတ်ဆက်မည်ဖြစ်ပြီး (Desktop နဲ့ Laptop နှစ်ခုစလုံး) business ပိုင်းဆိုင်ရာထုတ်ကုန်တွေအတွက်ကတော့ Elite အမှတ်တံဆိပ်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Image via TechSpot

ထိုနောက် နာမည်တွေသည် ထုတ်ကုန်အမျိုးအစားကို ပြသသည့် အချက်ပြလိုင်းတစ်ခုနဲ့ လိုက်ပါမှာဖြစ်ပါတယ်။ ဥပမာ ကုမ္ပဏီသည် သုံးစွဲသူ Laptop တွေကို OmniBook အမှတ်တံဆိပ်နဲ့ ထုတ်လုပ်မှာဖြစ်ပြီး၊ လုပ်ငန်းဆိုင်ရာ Laptop တွေကို EliteBook လို့ ခေါ်ဆိုမှာဖြစ်ပါတယ်။ All-in-one Desktop တွေကတော့ ရည်မှန်းထားတဲ့ပရိတ်သတ်အပေါ်မူတည်ပြီး OmniStudio (သို့မဟုတ်) EliteStudio ဆိုပြီး ရှိမှာဖြစ်ပါတယ်။ Consumerနဲ့ Businesses တွေမှာ ပုံမှန်အသုံးပြုနေတဲ့ Desktop တွေကိုတော့ OmniDesk နဲ့ EliteDesk အမှတ်တံဆိပ်နဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ Gaming PC တွေကတော့ OMEN အမှတ်တံဆိပ်နဲ့ ဆက်လက်ရှိနေမှာပါ။

Image via TechSpot

ထုတ်ကုန်တစ်ခုစီတွင် ၎င်း၏ အပိုင်းအစကို ကိုယ်စားပြုသည့် နံပါတ်ကဏ္ဍအမျိုးအစားတွေ ပါဝင်မှာဖြစ်ပါတယ်။ Consumer PC တွေအတွက် ၎င်းတို့ကို 3, 5, 7 ပါဝင်တဲ့ "မဂဏန်း"တွေနဲ့ ကိုယ်စားပြုမှာဖြစ်ပါတယ်။ လုပ်ငန်းဆိုင်ရာ PC တွေအတွက်က 2, 4, 6 နဲ့ 8 ဆိုပြီး "စုံဂဏန်း"တွေနဲ့ မှတ်သားထားမှာဖြစ်ပါတယ်။ အမြင့်ဆုံးအဆင့် ၂ခုစလုံးမှာ X နဲ့ U ဆိုပြီး အမည်တွေ ထည့်သွင်းထားမှာဖြစ်ပါတယ်။ U သည် "Ultra" အတွက် အတိုကောက်ဖြစ်ပြီး ၎င်းမှာ အမြင့်မားဆုံးနည်းပညာနဲ့ လုပ်ဆောင်ချက်တွေပါဝင်ကာ HP အမှတ်တံဆိပ်တွေထဲမှာ အကောင်းဆုံးဆိုတာကို ကိုယ်စားပြုတာဖြစ်ပါတယ်။

Image via TechSpot

OmniBook ဆိုတဲ့ နာမည်ကို HP က ၎င်းရဲ့ ပထမဆုံး Notebooks တွေမှာ စတင်အသုံးပြုခဲ့ပြီး ယခုနာမည်ကို နှစ်ပေါင်းများစွာအကြာမှာ အဓိပ္ပါယ်အသစ်နဲ့ ပြန်လည်ရွေးချယ်ထားပါတယ်။ "Omni" ဟူသော စကားလုံးသည် "အားလုံး" ကို ရည်ညွှန်းပြီး၊ ကုမ္ပဏီ၏ ထုတ်ကုန်အမျိုးမျိုးတွေဟာ အလုပ်လုပ်ရာမှာပဲဖြစ်စေ၊ ဂိမ်းကစားရာမှာဖြစ်စေ ၂မျိုးလုံးကို အလွယ်တကူ သဟဇာတဖြစ်အောင်ဆောင်ရွက်နိုင်ခြင်းကို ကိုယ်စားပြုတယ်လို့ HP က ဆိုပါတယ်။

HP က အမည်ပြောင်းလဲတာအပြင်Copilot+ AI PC နှစ်ခုကိုလည်း မိတ်ဆက်ထားပြီး၊ Businesses ပိုင်းအတွက် EliteBook Ultra G1q Laptop နဲ့ သုံးစွဲသူတွေအတွက် OmniBook X 14 တို့ပါဝင်ပါတယ်။ နှစ်ခုစလုံးဟာ Snapdragon X Elite ပရိုဆက်ဆာနဲ့ အသုံးပြုထားပေမယ့် EliteBook Ultra က Enterprise Laptop ဖြစ်တာကြောင့် Microsoft Pluton လို ပိုမိုအဆင့်မြင့်မားတဲ့ နောက်ဆုံးပေါ် remote management features နဲ့ လုံခြုံရေးဆိုင်ရာတွေပါဝင်မှာဖြစ်ပါတယ်။ Dell၊ Lenovo၊ Samsung၊ Asus နဲ့ Acer အပါအဝင် အခြား PC ထုတ်လုပ်သူတွေကလည်း ၎င်းတို့ရဲ့ Snapdragon ချစ်ပ်အသုံးပြုထားတဲ့ Copilot+ PC တွေကို ဒီအပတ်ထဲမှာမိတ်ဆက်ခဲ့ပါတယ်။

Source: TechSpot

#EnThueTech
#News
#AI
#Laptop

Post a Comment

0 Comments