Subscribe Us

header ads

9.1 GHz အထိ overclock လုပ်ကာ ကမ္ဘာ့စံချိန်အများအပြားချိုးဖျက်နိုင်ခဲ့သည့် Core i9-14900KS

Image: ElmorLabs/YouTube via Tom's Hardware

Intel ရဲ့ Core i9-14900KS ဟာ PC Enthusiast တွေအကြား အကောင်းဆုံး CPU ထဲကတစ်ခုဖြစ်လာပါတယ်။ အဆိုပါ 14th Gen Raptor Lake Refresh ဟာ overclock လုပ်ရတာကောင်းမွန်တဲ့အတွက် Asus ရဲ့ ထိပ်တန်း overclocker အဖွဲ့ဟာ single core မှာ 9117 MHz အထိ overclock လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်အများအပြားချိုးဖျက်နိုင်ခဲ့ပါတယ်။

Image: Elmor

Core i9-14900KS မှာ အထင်ကြီးလောက်စရာ 6.2 GHz boost clock ရရှိပြီးသားဖြစ်ကာ consumer processor တွေအားလုံးမှာ အမြင့်ဆုံးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆွီဒင်သား overclocker Elmor အပါအဝင် SkatterBencher နဲ့ Shamino တို့ပါဝင်တဲ့ အဖွဲ့ဟာ single P-core ကို 9117 MHz အထိရအောင် overclock လုပ်နိုင်ခဲ့ပါတယ်။ sinle core တစ်ခုတည်းရဲ့ အမြန်နှုန်းက လက်တွေ့မှာ အသုံးမဝင်တာကြောင့် မားကတ်တင်းသက်သက်လို့ဆိုနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် overclock လုပ်တဲ့လောကမှာ Core i9-14900KS ဟာ အဆိုပါမြန်နှုန်းနဲ့ benchmarks တွေကိုအောင်မြင်စွာကျော်ဖြတ်နိုင်ဖို့ရာ stable ဖြစ်ဖို့လည်းလိုအပ်ပါသေးတယ်။



overclocker အဖွဲ့သားတွေဟာ 9117 MHz ကိုရရှိဖို့ voltage ကို 1.85V အထိတိုးမြှင့်ခဲ့ရပြီး -231°C အထိအေးတဲ့ ဟီလီယံအရည်နဲ့အအေးခံခဲ့ရပါတယ်။ Asus ကမကထပြုတဲ့ကြိုးပမ်းမှုဖြစ်တာကြောင့် အဖွဲ့သားတွေဟာ Asus ရဲ့ ယခင် ROG Maximus Z790 Apex မားသားဘုတ်ကို အဆင့်မြှင့်တင်ထားတဲ့ ROG Maximus Z790 Apex Encore ကို အသုံးပြုခဲ့ကြပါတယ်။

အဖွဲ့သားတွေဟာ ကမ္ဘာ့စံချိန်၄ခုချိုးဖျက်နိုင်ခဲ့ပြီး Core i9-14900KS ဟာ 9117 MHz နဲ့ ယခင် Core i9-14900KF တင်ထားခဲ့တဲ့ 9043.92 MHz ကိုကျော်ဖြတ်ကာ အမြန်ဆုံး processor ဖြစ်လာပါတယ်။ တောင်ကိုးရီးယား overclocker ဖြစ်သူ safedisk ကတော့ PiFast၊ SuperPI 1M နဲ့ PYPrime 32B benchmark တွေမှာ ကမ္ဘာ့စံချိန်အသစ်တင်နိုင်ခဲ့ပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#CPU

Post a Comment

0 Comments