![]() |
Image: En Thue Tech |
မိတ်ဆွေတို့ အနေနဲ့ Gaming laptop တစ်ခုကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ ဘက်ဂျက်ကို ကြည့်စရာမလိုတဲ့သူတွေအဖို့ အခက်အခဲအများကြီးမရှိလှပေမယ့် ဘက်ဂျက်ကိုအသားပေးရပြီဆိုရင် ခေါင်းကိုက်စရာတွေအများကြီးကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် စျေးသက်သာတဲ့ Gaming laptop ဆိုတောတွေက အများအားဖြင့် အရင်နှစ်ကထွက်ထားတဲ့ မော်ဒယ်အဟောင်းဖြစ်နေတာ၊ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတာမျိုးကြုံတွေ့ရမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းကို အသားပေးလိုက်ပြန်ရင်လည်း ဘက်ဂျက်ဆိုတဲ့အတွက် ဒီဇိုင်းပိုင်းမှာဆွဲဆောင်မှုမရှိတာကိုလည်း ကြုံတွေ့ကြရပါလိမ့်မယ်။
ဒီ အတွက် MSI ဟာ အဖြေတစ်ခုကို မိတ်ဆွေတို့ထံယူဆောင်လာပါတယ်။ ဒါကတော့ သူ့စျေးတန်းနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ Cyborg ဆိုတဲ့ ဘက်ဂျက်အသားပေး gaming laptop lineup ဖြစ်ပါတယ်။ ယခင်က Katana/GF Series တွေဆိုတာ MSI ရဲ့ အသက်သာဆုံး gaming laptop စာရင်းထဲပါဝင်ပေမယ့် အခု Cyborg ကလည်း ရွေးချယ်စရာတစ်ခုအဖြစ်နဲ့ ထပ်မံပါဝင်လာတာဖြစ်ပါတယ်။ အခုကျွန်တော့်အနေနနဲ့ ရရှိထားတဲ့ review unit လေးကတော့ Cyborg စီးရီးထဲက Intel Core i7-12650H CPU နဲ့ NVIDIA RTX 4060 graphics ကို တွဲဖက်ထားတဲ့ MSI ရဲ့ Cyborg 15 A12V ပဲဖြစ်ပါတယ်။
Specifications
CPU: Alder Lake Core i7-12650H (10Cores/16Threads, 6 P-Cores and 4 E-Cores)Memory: 8GB (DDR5 5200MHz)
Graphics: Nvidia RTX 4060 8GB GDDR6 (TDP 45W)
Storage: 512GB NVMe PCIe Gen4 x4 SSD
Display: 15.6in 144Hz FHD(1920x1080) IPS-Level Screen
Dimensions (WxDxH): 359 x 250.34 x 21.95-22.9mm
Weight: 1.98 kg
I/O Ports: 1x USB Type-C 3.2 Gen 1/DP1.4,
2x USB Type-A 3.2 Gen 1
1x Type-A USB2.0
1x HDMI 2.1 Port (4K 60Hz)
1x RJ45
Connectivity: Wi-Fi 6, Bluetooth 5.2
Keyboard: Single Blue Backlight Keyboard
Webcam: 720P (30fps)
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack
Operating System: Windows 11 Home
Battery: 53.5WH (3 Cell Li-Ion)
Power Adaptor: 120W
Price: $1299-$150=$1149
Design and Build Quality
Design အနေနဲ့ပြောရရင် Cyborg 15 ဟာ စွမ်းဆောင်ရည်ကိုသာ အသားပေးလေ့ရှိတဲ့ ဘက်ဂျက် gaming laptop တွေအကြားမှာ ဆွဲမက်ဖွယ်ကောင်းလှတဲ့ ဒီဇိုင်းနဲ့ပွဲထွက်လာတာဖြစ်ပါတယ်။ ကိုယ်ထည်တစ်ခုလုံးဟာ အများအားဖြင့် matte ဖြစ်တဲ့ အနက်ရောင်ပလတ်စတစ်နဲ့ ထွင်းဖောက်မြင်ရတဲ့ glass fiber ပုံစံကို ပေါင်းစပ်ဖန်တီးထားတာကြောင့် ဘက်ဂျက် gaming laptop လို့ကို မထင်ရစေပါဘူး။
![]() |
Image: En Thue Tech |
ပလတ်စတစ်ကို အများအပြား အသုံးပြုထားတယ်ဆိုပေမယ့် lid မှာတော့ အလူမီနီယံကို အသုံးပြုထားတာတွေ့ရပြီး MSI ရဲ့ Dragon တံဆိပ်ကို ပါးပါလေးရေးထိုးထားပါတယ်။ screen မှာ ဘောင်လေးတွေက အနည်းငယ်ထူတာကိုတွေ့ရသလို Screen ရဲ့အောက်ခြေနားမှာတော့ MSI logo အသစ်ကို ထင်ထင်ရှားရှား ရေးထိုးထားပါတယ်။ အလူမီနီယံ သုံးထားတဲ့ lid က လက်ရာတွေထင်နိုင်တာမို့ မကြာခဏ သန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။
![]() |
Image: En Thue Tech |
![]() |
Image: En Thue Tech |
![]() |
Image: En Thue Tech |
![]() |
Image: En Thue Tech |
Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိပြီး MSI TRUE GAMING ဆိုတဲ့စာသားပုံစံဖော်ထားတာကိုတွေ့ရပါတယ်။ Exhaust ကတော့ ပန်ကာတစ်ခုသာပါဝင်တဲ့ ဒီဇိုင်းမို့ ဘယ်ဘက်ရဲ့ ဘေးဖက်နဲ့ အနောက်ဖက်မှာသာရှိတာတွေ့ရပါတယ်။
![]() |
Image: En Thue Tech |
359 x 250.34 x 21.95-22.9mm ကိုယ်ထည်က အလျား 359mm၊ အနံ 250.34mm နဲ့ အမြင့် 21.95-22.9mm ရှိလို့ အနည်းငယ်ပါးတယ်ဆိုနိုင်သလို သူ့ရဲ့ 1.98kg ရှိတဲ့ အလေးချိန်က ပုံမှန် gaming laptop အနည်းငယ်ပိုပေါ့တယ်လို့ဆိုနိုင်ပါတယ်။ quick access panel မပါတဲ့အတွက် Memory နဲ့ Storage တိုးဖို့ screw ၉ လုံးလောက်ဖြုတ်ရမှာပါ။
Display
Cyborg 15 A12V ဟာ ဘက်ဂျက် gaming laptop သာဖြစ်တာမို့ display ဟာ ဂိမ်းကစားဖို့သာ အဓိကရည်ရွယ်ထားပါတယ်။ သူ့မှာ 1080p resolution နဲ့ 144Hz ရတဲ့ AU Optronics ရဲ့ (B156HAN15.1)Panel ကိုသုံးထားပါတယ်။ screen က အရင်ကစမ်းဖူးတဲ့ budget gaming laptop တွေထက်စာရင် ဒီ panel မှာ ghosting တွေပိုနည်းသွားတယ်လို့သတိထားမိပေမယ့် VRR အထောက်အပံ့မပေးပေပါဘူး။ Screen ဟာ matte ဖြစ်ပြီး Viewing Angle ကတော့မဆိုးပါဘူး ဒါပေမယ့် panel ရဲ့ ကာလာပိုင်းက သိပ်မကောင်းပါဘူး။![]() |
Image: En Thue Tech |
Keyboard and Trackpad
Cyborg 15 A12V ရဲ့ ကီးဘုတ်ဟာ gaming ဆန်ဆန် power key၊ WASD key နဲ့ arrow key တွေကို ကြည်ကြည်လင်လင်နဲ့ သိသာထင်ရှားအောင် ဖန်တီးပေးထားတာကိုတွေ့ရပြီး MSI ကတော့ Cyberpunk ဆန်ဆန်ပြုလုပ်ထားတယ်လို့ အမွှန်းတင်ထားပါတယ်။ ဘက်ဂျက် gaming laptop မို့ keyboard က back light တစ်ရောင်တည်းဆိုပေမယ့် အရင် Katana နဲ့ GF Series တွေမှာလို အနီရောင်မသုံးထားပဲ အပြာရောင်ကို ပြောင်းလဲအသုံးပြုထားပါတယ်။
![]() |
Image: En Thue Tech |
ကျနော့် ဖီလင်အရတော့ ဒီအပြာရောင်က ပိုပြီးမျက်စိအေးတယ်လို့ ခံစားရပါတယ်။ ကီးဘုတ်မီးရောင်က ညက်ညာမှုရှိသလို အလင်းအားလည်း အတော်ကောင်းပါတယ်။ ထုံးစံအတိုင်း MSI Laptop တွေလိုမျိုး စာရိုက်တဲ့အခါ သဘောကျမိသလို Key တစ်ခုခြင်းရဲ့ တုံ့ပြန်မှုတွေကလည်း ကောင်းမွန်ပြီး ဆူညံနေတာမျိုးမရှိပါဘူး။
![]() |
Image: En Thue Tech |
![]() |
Image: En Thue Tech |
Trackpad ပိုင်းမှာ gaming laptop တွေအတိုင်းအတာအရ အရွယ်အစားမသေးဘူးလို့ဆိုနိုင်ပြီး သီးခြား key တွေမပါသလို ဘာ texture မှလည်း မရှိပါဘူး။ Trackpad ကိုသုံးရတာ အရင် MSI တွေမှာလို ပြောင်ချောတဲ့ပုံစံအစား matte ဖြစ်တဲ့ဘက်ကိုသွားတယ်လို့ဆိုနိုင်ပါတယ်။ Windows Precision Driver နဲ့ Trackpad ကို အဆင်ပြေပြေသုံးနိုင်ပြီး click နှိပ်ရတဲ့အချိန်မှာလည်း အနည်းငယ်အားစိုက်ပေးဖို့မလိုပါဘူး ဒါပေမယ့် သဘောမကျတဲ့အချက်တစ်ခုက နှိပ်တဲ့အချိန်မှာ trackpad က အရင်laptopတွေမှာလို firm ဖြစ်နေတာကို မခံစားရတာနဲ့ အသံနည်းနည်းထွက်နေတာတွေကိုတော့ သဘောမကျပါဘူး။
I/O Ports
Port တွေအနေနဲ့ ဘယ်ဘက်မှာ Charging Port၊ Type-A USB 3.2 Gen 1 တစ်ခုနဲ့ နဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။
![]() |
Image: En Thue Tech |
![]() |
Image: En Thue Tech |
12th Gen တွေမှာ USB4 နဲ့ Thunderbolt 4 တွေကိုအထောက်အပံ့ပေးပေမယ့် ဘက်ဂျက်အသားပေးမို့ ဒီ laptopမှာ မထည့်ပေးထားပါဘူး။
Webcam
Cyborg 15 ဟာ budget gaming laptop သာဖြစ်တာကြောင့် Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က သာမန်အဆင့်သာရှိကာ ပြတ်သားမှုအားနည်းပါတယ်။ IR Camera နဲ့ Fingerprint Reader မပါဝင်လို့ Windows Hello ရဲ့ biometric sign-in ကိုအထောက်အပံ့မပေးလို့ PIN code ရိုက်ပြီးသာ log-in ဝင်ရမှာပါ။
![]() |
Image: En Thue Tech |
Zoom Meeting လုပ်ကြည့်တဲ့အခါ ကိုယ့်ရဲ့ရုပ်နဲ့အသံကို တဖက်ကကောင်းမွန်တဲ့ feedback ပေးတာတွေ့ရပါတယ်။
Audio
Cyborg 15 ရဲ့ Audio ပိုင်းကိုပြောရမယ်ဆိုရင် 2w Speaker ၂လုံးကို Laptop ရဲ့ ဘေးဘက်ရဲ့ ဘယ်ညာထောင့်တစ်ခုစီမှာ နေရာချထားပါတယ်။ သူ့စျေးတန်းအရ အသံထွက်ကတော့မဆိုးပါဘူး အသံထွက်ကမကျယ်ဘူးဆိုပေမယ့် Windows 11 ရဲ့ audio enhancement ကိုဖွင့်သုံးမယ်ဆိုရင် အသံအတော်လေးကျယ်လာပြီး volume ကို 100% အထိအဆင်ပြေပြေသုံးနိုင်ပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုက base အသံတော့နည်းနေသေးတာကိုတွေ့ရပါတယ်။ နောက်ထပ်တစ်ခုက ဒီ laptop မှာ Dolby Access ကို အထောက်အပံ့ပေးလာကြောင့် surround effect ကို ပုံမှန်ထက်ပိုပြီး ပီပီပြင်ပြင်ခံစားနိုင်မှာဖြစ်ပါတယ်။
Headphone နဲ့ Mic အတွက်က 3.5mm Audio Combo Jack ပါဝင်ပြီး DAC က RealTek ရဲ့ ALC256 ကိုတပ်ဆင်ထားပါတယ်။ ဒီ ALC256 ဟာ laptop တွေမှာအသုံးများတဲ့ DCA တစ်ခုဖြစ်ကာ သူ့ရဲ့ output က 24-bit 192KHz အထိထုတ်ပေးနိုင်ပါတယ်။ သူ့ရဲ့အသံထွက်ဟာ သီးခြား sound card တွေကိုမမှီပေမယ့် Hi-Res သီချင်းတွေကို နားထောင်လို့ အဆင်ပြေတာတွေ့ရပါတယ်။
သူ့မှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမဲ့ Cooler Boost ဖွင့်ထားချိန်မှာတော့ mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံကလွမ်းမိုးသွားတာပါတယ်။
Storage
![]() |
Image: En Thue Tech |
Battery and Power Adapter
Cyborg 15 A12V မှာ 53.5WH ရှိတဲ့ 4Cell Li-Ion battery ကိုထည့်သွင်းပေးထားပြီး ဒီလို laptop တွေမှာပုံမှန်လို့ဆိုနိုင်ပါတယ်။ စွမ်းဆောင်ရည်ကောင်းတဲ့ laptop တစ်ခုဆိုဖြစ်ပေမယ့် adapter က 120W လောက်ပဲရှိပြီး အရွယ်သိပ်မကြီးတာကြောင့် မကြာခဏအပြင်သွားရတဲ့သူအဖို့ သိပ်ဝန်ပိမှာ မဟုတ်ပါဘူး။
MSI Center
Gaming Laptop တွေမှာ utility software တစ်ခုပါဝင်လာလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ။ ဒီ software မှာ ကိုယ်သုံးမဲ့ function အလိုက်အတွက် setting ချိန်လို့ရမယ်၊ ဘက်ထရီပိုပြီး ခံအောင်သုံးမှာလား၊ စွမ်းဆောင်ရည်အပြည့်သုံးမှာလား စတဲ့ Power တွေချိန်ညှိလို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့ အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်နိုင်မယ့်အပြင် ဂိမ်းတစ်ခုခြင်းကို optimize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။ နောက်ပြီး E-sport ဂိမ်းတွေမှာ ကိုယ့်ရဲ့ gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါပါတယ်။ ကောင်းတဲ့အချက်က MSI Center ဟာ ကိုယ်မလိုအပ်တဲ့ features တွေကိုပါသွင်းထားဖို့ပဲ အမှန်တကယ်သုံးမယ့် features တွေကိုသာ တစ်ခုခြင်း သွင်းလို့ရတာမို့ သဘောကျမိပါတယ်။
Testing Methodology
CPU Benchmark အတွက် Cinebench R15၊ Cinebench R20၊ Cinebench R23 နဲ့ Geekbench 6 ကို ထည့်သွင်းစမ်းသပ်ထားပါတယ်။ စျေးသက်သာဖို့အဓိက ဦးစားပေးထားတဲ့ Cyborg 15 A12V မှာ 13th Gen Raptor Lake CPU အစား မနှစ်တုန်းကထွက်ရှိခဲ့တဲ့ Alder Lake Core i7-12650H CPU ကိုသာ အသုံးပြုထားတာကို တွေ့ရပါတယ်။
![]() |
Image: En Thue Tech |
![]() |
Image: En Thue Tech |
Gaming Performance အတွက် Cyborg 15 A12V ကို နာမည်ကြီးဂိမ်း ၉ခုနဲ့စမ်းသပ်ထားပါတယ် အများစုက AAA ဂိမ်းတွေဖြစ်ပြီး resolution ကိုတော့ 1080P ရဲ့ Ultra (သို့မဟုတ်) Very High setting တွေမှာ စမ်းသပ်ထားပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့ RTX 4000 series အနွယ်ဝင် RTX 4060 ဟာ စွမ်းအားကောင်းမွန်လှပြီး RT Cores တွေအပြင် DLSS 3 ကို အထောက်အပံ့ပေးတဲ့အတွက် Cyberpunk 2077 ဂိမ်းကို Update 2.0 မှာ Ray Tracing နဲ့ DLSS အပြင် DLSS 3 ရဲ့ frame generation ကိုပါ setting အမျိုးမျိုးနဲ့ စမ်းသပ်ပေးထားပါတယ်။
![]() |
Image: En Thue Tech |
Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ထားပါတယ်။ Productivity အတွက် Blender၊ Corona နဲ့ V-Ray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့တကွ ပြသထားပါတယ်။ ဘက်ထရီပိုင်းအတွက် ဗီဒီယိုကြည့်ချိန်၊ ဂိမ်းကစားချိန်နဲ့ အားသွင်းချိန်တွေကို ထည့်သွင်းစမ်းသပ်ထားပါတယ်။ Benchmark အားလုံးကို Windows 11 Version 22H2 နဲ့ GeForce Driver Version 545.84 မှာ စမ်းသပ်ထားတာဖြစ်ပါတယ်။
Benchmarks
RTX 4060 ဟာ စမ်းသပ်ကြည့်တဲ့အခါ ဂိမ်းအများစုကို 1080P Ultra Setting မှာ 80FPS အထက်ကစားနိုင်တာကိုတွေ့ရပါတယ်။ RTX 4060 ဟာ RTX 3060 ထက် VRAM ပိုများလာလို့ VRAM များများလိုအပ်တဲ့ဂိမ်းတွေအတွက်ပိုအဆင်ပြေပါတယ်။ Cyborg 15 မှာ တပ်ဆင်ထားတဲ့ RTX 4060 ဟာ 45W အထိသာ အမြင့်ဆုံးရတယ်ဆိုပေမယ့် အကြမ်းဖျင်းပြောရရင် မနှစ်ကစမ်းသပ်ခဲ့တဲ့ Pulse GL66က 80W ရှိတဲ့ RTX 3060 ထက် အနည်းငယ်ပိုမိုမြန်ဆန်နေသေးတာကိုတွေ့ရပါတယ်။![]() |
Image: En Thue Tech |
Ray Tracing နဲ့ DLSS 3 အတွက် Cyberpunk 2077 ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ update ကို 1080Pမှာ setting အမျိုးမျိုးနဲ့စမ်းသပ်ထားပြီး DLSS မသုံးပဲ 48FPS၊ DLSS Quality မှာဆိုရင် 66FPS ရရှိတာကိုတွေ့ရပြီး DLSS 3 frame generation ကို ray tracing နဲ့တွဲသုံးမယ်ဆိုရင် 59 FPS လောက်အထိရတာကိုတွေ့ရပါတယ်။ ဒီလို တောင်းဆိုမှုမြင့်မားလှတဲ့ ဂိမ်းကို DLSS 3 အကူအညီနဲ့ frame rate ကောင်းကောင်းဆော့ကစားနိုင်တာက RTX 40 Series တွေရဲ့ အားသာချက်လို့ဆိုနိုင်ပါတယ်။
![]() |
Image: En Thue Tech |
![]() |
Image: En Thue Tech |
ဘက်ထရီသက်တမ်းကို စမ်းသပ်ရာမှာ Cyborg 15 ရဲ့ 53.5WHr ဘက်ထရီဟာ audio level နဲ့ brightness ကို 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီကျော်ကြည့်လို့ရပါတယ်။ ဒါဟာ ပုံမှန် gaming laptop တွေလောက်ရတယ်ဆိုနိုင်ပြီး ဒီထက်နည်းတဲ့ workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ အားပြန်သွင်းချိန်မှာ နာရီဝက်နဲ့ 50% လောက်အားဝင်ပြီး အားအပြည့်ဖြစ်ဖို့က ၂နာရီနဲ့၃၁မိနစ်ကြာတာကို တွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာ အချိန်တစ်နာရီကျော်တယ်ဆိုရုံသာရပါတယ်။
Temperatures and Noise
Gaming Laptop တွေမှာ အများအားဖြင့် Cooling ပိုင်းအတွက် fan တွေကို GPU နဲ့ CPU အတွက် ၁ခုစီ ထည့်ပေးထားလေ့ရှိပါတယ်။ Cyborg 15 မှာတော့ ဒီလိုမဟုတ်ပဲ CPU နဲ့ GPU ၂ခုလုံးအတွက် heat pipe ၃ချောင်းသာ ထည့်ပေးထားတာကို တွေ့ရပြီး MSI အနေနဲ့ ဒါကို Shared-Pipe design လို့ဆိုပါတယ်။ ဒီလိုဒီဇိုင်းကြောင့် ကျွန်တော့အနေနဲ့ အရင် MSI Gaming Laptop တွေလောက် အပူကိုကြာကြာမထိန်းနိုင်ဘူးလို့ ထင်ခဲ့တာပါ။
![]() |
Image: En Thue Tech |
ဒါပေမယ့် MSI ဟာ fan တစ်ခုတည်းပါတဲ့ Cyborg 15 ကို အပူမလွန်ကဲစေဖို့ CPU နဲ့ GPU ပါဝါစားသုံးမှုကို လျော့ချပြီး ပါးပါးနပ်နပ်ဖြေရှင်းထားတာတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အခါ fan ကို Auto Mode မှာထားကစားရင် အများဆုံး CPUက 78°C နဲ့ GPU က 72°C လောက်တက်လာပြီး Cooler Boost ဖွင့်ပြီး ကစားမယ်ဆိုရင် CPU က 67°C နဲ့ GPU က 63°C အထိကျဆင်းသွားတာတွေ့ရပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။
![]() |
Image: En Thue Tech |
ဆူညံမှုဘက်ကိုပြောရရင် Cyborg 15 ဟာ ကျနော်စမ်းကြည့်ဖူးသလောက် gaming laptop တွေထဲမှာဆိုရင် Cooler Boost ဖွင့်ထားတဲ့အချိန်မှာ အခြား gaming laptop တွေနဲ့မကွာလှပေမယ့် idle အခြေအနေမှာဆိုရင် အသံဆူညံမှု အမြင့်မားဆုံးလို့ဆိုနိုင်ပါတယ်။ အထူးသဖြင့် workload မများတဲ့ ဂိမ်းတွေ download ဆွဲနေတဲ့အချိန်မှာကို fan အသံကျယ်နေတာပါ။ ဒါက fan တစ်ခုတည်းပါတဲ့ သူရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသေးစိတ်ကို သက်ဆိုင်ရာ graph မှာ အရင် laptop တွေနဲ့ ဘယ်လိုကွာခြားသလဲဆိုတာ နှိုင်းယှဥ်ပြသထားပါတယ်။
Clock Speed and Power Draw
Clock Speed ပိုင်းကိုပြောရရင် Core i7-12650H ဟာ အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.6GHz အထိရပါတယ်။ ဂိမ်းဆော့နေချိန်မှာဆို အချို့ဂိမ်းတွေမှာ P-Cores တွေဟာ 3.9GHzအထိရပြီး အများအားဖြင့်တော့ 3.2GHzအထိရကာ E-Cores တွေက 2.4GHz ဝန်းကျင်မှာရှိပါတယ်။ CPU Rendering လုပ်ချိန်မှာ Multi Core မှာတော့ P-Cores တွေဟာ 3.0GHz နဲ့ E-cores တွေဟာ 2.6GHz အထိသာ အများဆုံးတွန်းပေးတာတွေ့ရပါတယ်။
The Good
- One of the Cheapest Laptop with RTX 4060
- Stylish Design
- Exceptional Performance
The Bad
- Need to add 8GB RAM for proper gaming
- Noisy Fan
- Display is Dimmy
![]() |
Image: En Thue Tech |
Conclusion
အချုပ်ဆိုရရင် Cyborg 15 ဟာ မှင်သက်လောက်စရာစွမ်းဆောင်ရည်ကိုမပိုင်ဆိုင်ထားပေမယ့် နောက်ဆုံးပေါ်ဂိမ်းတွေကို ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ လှပတဲ့တည်ဆောက်ပုံဟာ budget gaming လို့တောင်ထင်စရာမရှိသလို ပါဝါစားသက်သာအောင်ဖန်တီးထားတာမို့ fan တစ်လုံးတည်းနဲ့ အပူကိုကောင်းစွာကိုင်တွယ်သွားနိုင်တာကိုတွေ့ရပါတယ်။ အဓိကအားနည်းချက်က ကျွန်တော့ကိုငှားတဲ့ review unit မှာ Memory 8G သာပါဝင်လို့ အချို့ဂိမ်းတွေနဲ့ benchmark တွေစမ်းဖို့အဆင်မပြေတာကြောင့် ဂိမ်းတိုင်းကိုကောင်းကောင်းကစားလိုတယ်ဆိုရင် memory ထပ်တိုးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ Memory 8GB ပါတဲ့ MSI Cyborg ဟာ မူရင်းဈေး $1299 ကျသင့်မှာဖြစ်ပြီး လက်ရှိမှာ $150 cash back ပေးထားလို့ $1149 သာကျသင့်မှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် MSI Cyborg 15 ဟာ $1100 ဝန်းကျင်မှာ RTX 4060 ရဲ့ စွမ်းအားကို ခံစားခွင့်ရမယ့် budget gaming laptop တစ်ခုဖြစ်ကြောင်းဆိုချင်ပါတယ်။ ကျွန်တော့ကို review unit ငှားပေးတဲ့ MSI Gaming ကိုလည်း အထူးကျေးဇူးတင်ပါတယ်။#EnThueTech
#Review
#Gaming #Laptop
#MSI #Cyborg15 #RTX4060
0 Comments