Subscribe Us

header ads

ဥရောပသမဂ္ဂပါလီမန်မှ AI အက်ဥပဒေကို အတည်ပြု

Image via Techpowerup

ဥရောပသမဂ္ဂပါလီမန်ဟာ ဒေသအတွင်း ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းချုပ်ဖို့ရည်ရွယ်ထားတဲ့ အဆိုပြုချက်နဲ့စည်းမျဉ်းစည်းကမ်းတွေကို ဒီနေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အ‌ဆိုပါ ပင်မဥပဒေပြုရေးမဏ္ဍိုင်ဟာ ဒီဥပဒေမူကြမ်းရဲ့ စာသားကို အတည်ပြုလိုက်ပါတယ်—Strasbourg အခြေစိုက် အစည်းအဝေးမှာ ဒီဥပဒေကြမ်းကို ထောက်ခံမဲ ၄၉၉ မဲ၊ ကန့်ကွက် ၂၈ မဲနဲ့ ကြားနေ၉၈မဲတို့နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီ "AI အက်ဥပဒေ" ဟာ ကမ္ဘာ့ပထမဆုံး ဖြစ်သလို AI နည်းပညာပေါ်မှာစည်းမျဥ်းစည်းကမ်းပြဌာန်းတဲ့ ကမ္ဘာလုံးဆိုင်ရာစံနှုန်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဥရောပပါလီမန် (MEPs) ရဲ့အဖွဲ့ဝင်တွေဟာ ဥပဒေအသစ်မပြဌာန်းမီ ပါလီမန်နိုင်ငံအားလုံးနဲ့ ပိုမိုအသေးစိတ်တဲ့အချက်အလက်‌တွေကို လုပ်ဆောင်သွားဖို့မျှော်လင့်ထားပါတယ်။

Credit: AI Act

ဒေသတွင်းဈေးကွက်ဆိုင်ရာ ဥရောပကော်မရှင်နာဖြစ်သူ Thierry Breton က "AI ပေါ်ထွန်းလာမှုဟာ လူမှုရေးအရ၊ ကျင့်ဝတ်အရ၊ စီးပွားရေးအရ မေးခွန်းများစွာဖြစ်‌ပေါ်လာပါတယ်။ သို့သော်ငြား အခုအချိန်ဟာ 'pause' ခလုတ်ကို နှိပ်ရမည့်အချိန်မဟုတ်သေးပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး တာဝန်ခံစေရမှာပါ" လို့ဆိုပါတယ်။ ဥရောပကောင်စီဟာ ဒရုန်းအသုံးပြုတာ‌‌တွေ၊ အလိုအလျောက်ဆေးဘက်ဆိုင်ရာရောဂါရှာဖွေရေးကိရိယာ‌တွေ၊ အန္တရာယ်များပြားတဲ့ large language model ‌တွေနဲ့ deep fake ထုတ်လုပ်မှုနည်းလမ်းတွေအပါအဝင် AI အသုံးပြုတဲ့နယ်ပယ်များစွာကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ AI ဝေဖန်ရေးသမားတွေကတော့ ထိန်းချုပ်မထားတဲ့ နည်းပညာတိုးတက်မှုတွေကြောင့် ကွန်ပျူတာတွေဟာလူသား‌တွေထက် အလုပ်တွေကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်စေပြီး အလုပ်လုပ်တဲ့သူတွေရဲ့ ပမာဏကြီးကြီးမားမားကို ထိခိုက်လာနိုင်စေလိမ့်မယ်လို့ဆိုထားပါတယ်။

Source: Techpowerup

#EnThueTech
#News
#AI

Post a Comment

0 Comments