Subscribe Us

header ads

PCI-SIG က 1 TB/s အထိ Bandwidth ရှိလာမည့် PCI Express 8.0 စံနှုန်းသစ်ကို ကြေညာ

Image: PCI-SIG

PCI-SIG consortium ဟာ PCI Express 8.0 စံနှုန်းအသစ်ကို တရားဝင် ကြေညာလိုက်ပါတယ်။ ဒီဗားရှင်းအသစ်ဟာ data transfer rate ကို တစ်ခု Lane မှာ 256 GT/s  အထိ နှစ်ဆတိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ Bandwidth တိုးလာတာအပြင် PCIe Gen8 မှာ စွမ်းဆောင်ရည်ကို ပိုကောင်းစေပြီး ပါဝါသုံးစွဲမှုကို လျှော့ချပေးမဲ့ Protocol မြှင့်တင်မှုတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

လာမယ့် PCIe 8.0 ဟာ PCIe 7.0 ရဲ့ raw bit rate ကို ၂ဆတိုးရရှိမှာဖြစ်ပြီး 256.0 GT/s ရရှိစေမှာပါ။ ဒါက x16 configuration မှာ 1 TB/s အထိ bi-directional Bandwidth ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒီစံနှုန်းသစ်ဟာ PCIe 6.0 နဲ့ 7.0 တို့မှာ အသုံးပြုခဲ့တဲ့ PAM4 signaling၊ forward error correction (FEC) နဲ့ Flit Mode encoding တွေကို ဆက်လက် အားကိုးသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ Lane ခုကို 256 GT/s ရရှိဖို့ဟာ အလွန်ခက်ခဲတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ Copper Interconnect စံနှုန်းတွေထဲမှာ ဒီလောက်မြန်တဲ့ data transfer rate ကို မပေးနိုင်သေးလို့ဖြစ်ပါတယ်။ အထူးသဖြင့် စင်တီမီတာ ဆယ်နဲ့ချီတဲ့ အကွာအဝေးမှာ ပိုမိုခက်ခဲပါတယ်။

PCI-SIG ဟာ PCIe 8.0 ရဲ့ ချိတ်ဆက်မှုတွေမှာ ယုံကြည်စိတ်ချရမှု၊ အသုံးပြုနိုင်တဲ့ Signal-to-Noise Ratio၊ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်၊ လက်ခံနိုင်တဲ့ Signal Loss နဲ့ ထိရောက်တဲ့စွမ်းအင်သုံးစွဲမှုတွေ ရရှိစေဖို့အတွက် နည်းပညာအသစ်တွေကို ပြန်လည်သုံးသပ်နေပါတယ်။ ဒါပေမဲ့ ယခင်မျိုးဆက် PCIe တွေနဲ့ ပြန်လည်အသုံးပြုနိုင်မှုကိုတော့ ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ဒီစံနှုန်းအသစ်မှာ bandwidth ကို အကောင်းဆုံး အသုံးချနိုင်ဖို့ protocol မြှင့်တင်မှုတွေနဲ့ ထိရောက်စွာစွမ်းအင်သုံးစွဲမှုကို တိုးတက်စေမယ့် နည်းလမ်းတွေကိုလည်း မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Image: PCI-SIG

PCI-SIG ရဲ့ ထုတ်ပြန်ချက်မှာ PCIe Gen 8 တွေအားလုံးဟာ Copper ကိုပဲ ဆက်လက်အားကိုးမလားဆိုတာကို ရှင်းရှင်းလင်းလင်း မပြောထားပါဘူး။ ဒါပေမဲ့ ပြန်လည်အသုံးပြုနိုင်မှု ရှိမယ်ဆိုတဲ့အချက်က Copper Interconnect တွေကို ဆက်လက်အသုံးပြုဖို့ အစီအစဉ်ရှိတယ်လို့ ဆိုလိုနေပါတယ်။ 256 GT/s အမြန်နှုန်းမှာ Copper ကြိုးတွေဟာ Signal Integrity စိန်ခေါ်မှုတွေ၊ အလျားကန့်သတ်ချက်တွေနဲ့ ပစ္စည်း၊ Equalization, Retimer ဒါမှမဟုတ် အခြား Transmission နည်းလမ်းတွေအပေါ် အကြီးအကျယ် မှီခိုနေရပါလိမ့်မယ်။

ဒီပြဿနာတွေကြောင့် စက်မှုလုပ်ငန်းဟာ အနာဂတ် High-Speed System တွေအတွက် Optical Interconnect နဲ့ အဆင့်မြင့် Packaging (ဥပမာ- Co-packaged Optics သို့မဟုတ် Chiplet တွေ) တွေဆီကို ဦးတည်နေပါတယ်။ ဒါကြောင့်လည်း PCI-SIG က PCIe 6.4 နဲ့ 7.0 အတွက် Optical-Aware Retimer စံနှုန်းတွေကို ထုတ်ပြန်ခဲ့ပြီး ဒါဟာ PCIe 8.0 အထိ တိုးချဲ့လာဖွယ်ရှိပါတယ်။

PCI-SIG ရဲ့ ဥက္ကဋ္ဌဖြစ်သူ Al Yanes က "ဒီနှစ်မှာ PCIe 7.0 စံနှုန်း ထုတ်ပြန်ပြီးနောက် PCIe 8.0 စံနှုန်းဟာ data rate ကို 256 GT/s အထိ နှစ်ဆတိုးမြှင့်သွားမှာဖြစ်ပြီး နောက်မျိုးဆက် Application တွေကို ထောက်ပံ့ဖို့အတွက် သုံးနှစ်တစ်ကြိမ် Bandwidth နှစ်ဆတိုးမြှင့်ပေးတဲ့ ကျွန်တော်တို့ရဲ့ ရိုးရာအစဉ်အလာကို ဆက်လက်ထိန်းသိမ်းထားပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။ "AI နဲ့ တခြား Application တွေမှာ လိုအပ်တဲ့ Data Throughput တွေ တိုးလာတာကြောင့် High Performance အတွက် လိုအပ်ချက်က ခိုင်မာနေပါတယ်။ PCIe နည်းပညာဟာ စက်မှုလုပ်ငန်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက် ကုန်ကျစရိတ်သက်သာတဲ့၊ High-Bandwidth နဲ့ Low-Latency I/O Interconnect ကို ဆက်လက် ပံ့ပိုးပေးသွားမှာပါ" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

PCI-SIG ဟာ PCIe ရဲ့ ယခင်မျိုးဆက်တွေတုန်းက ကြေညာချက်တွေမှာလိုပဲ ဒီတစ်ကြိမ်မှာလည်း သူ့ရဲ့ Next-Generation Interconnection Technology ကို အဆင့်မြင့်၊ Bandwidth-hungry Application တွေဖြစ်တဲ့ AI Server တွေ၊ Data Center တွေ၊ HPC workload တွေ၊ Hyperscale Cloud Service Provider တွေနဲ့ မော်တော်ကား၊ အာကာသနဲ့ စစ်ဘက်သုံး ဖြေရှင်းနည်းတွေအတွက် အဓိကထားပြီး ဖော်ပြထားပါတယ်။ Client PC တွေမှာ PCIe 8.0 ကို အဆုံးသတ်အသုံးပြုလာနိုင်ပေမယ့် ဒီလိုဖြစ်လာဖို့အတွက် ၂၀၃၀ နှစ်တွေလောက်အထိ ကြာမြင့်သွားဖွယ်ရှိနေပါတယ်။

Source: Tom's Hardware


Post a Comment

0 Comments