Subscribe Us

header ads

အောက်တိုဘာလ ၁၀ရက်နေ့တွင် ထွက်ရှိလာမည့် Battlefield 6


EA ဟာ မနေ့က သူတို့ရဲ့နာမည်အကြီးဆုံးဂိမ်းစီးရီးတွေထဲကနောက်ဆုံးထွက်ရှိလာမဲ့ Battlefield 6 ရဲ့ Multiplayer Mode တွေအကြောင်းကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ PC ဂိမ်းအကြီးစားတွေ ထွက်လာတိုင်း သင့် PC ကကောင်းကောင်းကစားနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိတတ်ပါတယ်။ သမိုင်းကြောင်းအရ Battlefield ဂိမ်းတွေ အသစ်ထွက်လာတိုင်းမှာ မြင့်မားတဲ့ graphics ပိုင်းဆိုင်ရာတောင်းဆိုချက်တွေရှိတတ်ပါတယ်။ ကံကောင်းတာက ဒီတစ်ခါထွက်ရှိလာတော့မဲ့ Battlefield 6 ရဲ့ စနစ်လိုအပ်ချက်တွေကတော့ ထင်ထားသလောက် သိပ်မများဘူးလို့ဆိုနိုင်ပါတယ်။ မနေ့က DICE နဲ့ EA တို့က system requirementတွေအပြင် ဒီ FPS ဂိမ်းနဲ့ပတ်သက်ပြီး အခြားအချက်အလက်အများအပြားကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီအထဲမှာ multiplayer အကြောင်းနဲ့ ဒီလမှာ ပြုလုပ်မယ့် Open Beta တွေလည်း ပါဝင်ပါတယ်။

Battlefield 6 PC System Requirements 

Battlefield 6 ရဲ့ အနည်းဆုံး system requirements က RTX 2060၊ RX 5600 XT 6GB ဒါမှမဟုတ် Intel Arc A380 ကို Intel Core i5-8400 ဒါမှမဟုတ် AMD Ryzen 5 2600 နဲ့တွဲဖက်ပြီး 16GB RAM ရှိဖို့လိုအပ်တယ်လို့ ဆိုထားပါတယ်။ RTX 2060 က ၂၀၁၉ မှာ ထွက်ခဲ့တာဖြစ်လို့ လူအများစုက ဒီဂိမ်းကို ကစားနိုင်မှာပါ။ အနည်းဆုံး လိုအပ်တဲ့ Storage ကလည်း 55 GB ပဲ ရှိတဲ့ အပြင် SSD သုံးရမယ်လို့မပြောထားတာကြောင့် HDD တွေပေါ်တင်ပြီးကစားနိုင်မဲ့ပုံပေါ်ပါတယ်။

မကြာသေးမီက ထွက်ရှိတဲ့ဂိမ်းတွေမှာ မြင့်မားတဲ့ system requirements တွေ တွေ့ရလေ့ရှိပေမယ့် Battlefield 6 ရဲ့ recommended system requirements တွေကလည်း မဆိုးလှတာကိုတွေ့ရပါတယ်။ GPU အတွက် RTX 3060 Ti၊ Radeon RX 6700 XT (သို့) Arc B580 ကို Intel Core i7-10700 (သို့)  AMD Ryzen 7 3700X နဲ့တွဲဖက်ဖို့ အကြံပြုထားပါတယ်။ Storage လိုအပ်ချက်ကလည်း 80 GB ကို တိုးတက်သွားတာတွေ့ရပါတယ်။

ယခုနှစ်ထွက် Borderlands 4 ရဲ့ အကြံပြုထားတဲ့ စနစ်လိုအပ်ချက်တွေက RTX 3080၊ Core i7-12700 နဲ့ 32GB RAM တို့ ဖြစ်တာကြောင့် Battlefield 6 ရဲ့ system requirements တွေက ပိုမိုနည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။

ကုမ္ပဏီတွေဟာ 4K resolution နဲ့ မျှော်မှန်းထားတဲ့ frame rate တွေကို စနစ်လိုအပ်ချက်တွေနဲ့အတူ ဖော်ပြလေ့ရှိပေမယ့် Battlefield 6 အတွက်တော့ အဆိုပါအချက်တွေ မပါဝင်သေးပါဘူး။ ဂိမ်းရဲ့ဝက်ဘ်ဆိုက်မှာတော့ PC နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဂိမ်းထွက်ခါနီးမှ ထုတ်ပြန်ပေးမယ်လို့ ဖော်ပြထားပါတယ်။

ဒီဂိမ်းက Upscaling ကို လိုအပ်မယ့် နောက်ထပ်ဂိမ်းတစ်ခု ဖြစ်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ Open Beta PC specs မှာ Balanced (1440p/60FPS/High settings) နဲ့ Performance (1080p/80fps+/low settings) လို့ ဖော်ပြထားတာကိုကြည့်ရင် Upscaling အဆင့်တွေကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။

Multiplayer အချက်အလက်နှင့် Beta ကို စမ်းသပ်ကစားနိုင်မည့်အချိန်များ

PC စနစ်လိုအပ်ချက်တွေအပြင် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဂိမ်းမထွက်ခင် Open Beta weekends တွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ပထမ Beta ကာလက ဩဂုတ်လ ၉-၁၀ ရက်နေ့မှာဖြစ်ပြီး ဒုတိယ Beta ကတော့ ဩဂုတ်လ ၁၄-၁၇ ရက်နေ့မှာ ဖြစ်ပါတယ်။ ဩဂုတ်လ ၇-၈ ရက်နေ့မှာလည်း Streamer တွေ ဂိမ်းဆော့တာကို ကြည့်ရှုတဲ့သူတွေအတွက် Twitch Drops အနေနဲ့ Early Access Beta လည်း ရှိပါတယ်။

Battlefield 6 မှာ ဂိမ်းရဲ့ ယခင် Class တွေဖြစ်တဲ့ Assault, Engineer, Support, နဲ့ Recon တွေ ပြန်လာမှာပါ။ ဂိမ်းထဲက မြေပုံတွေ၊ Mode တွေအပြင် Battlefield 2042 ကလို Portal Sandbox Mode အကြောင်း ဗီဒီယိုတစ်ခုလည်း ထွက်ရှိထားပါတယ်။ ဂိမ်းစတင်ဖြန့်ချိချိန်မှာ မြေပုံ ၉ ခု ပါဝင်မှာဖြစ်ပြီး Gibraltar, Tajikistan, နဲ့ New York မြို့ရှိ Brooklyn တို့ ပါဝင်ပါတယ်။ Battlefield 3 က နာမည်ကျော် Operation Firestorm မြေပုံကိုလည်း ပြန်လည်မွမ်းမံထားတာ တွေ့ရပါတယ်။

နောက်ထပ်သတင်းကောင်းတစ်ခုကတော့ Battlefield 6 ဟာ မျှော်လင့်ထားသလို Standard Edition အတွက် $80 ပေးရမှာ မဟုတ်ပါပဲ $70 ကျသင့်မှာဖြစ်ပါတယ်။ ဒါကြောင့် Microsoft လိုပဲ EA ကလည်း လက်ရှိအချိန်မှာတော့ $80 ကျသင့်မဲ့ကိစ္စကို နောက်ပြန်ဆုတ်လိုက်ပြီလို့ဆိုနိုင်ပါတယ်။

Source: Battlefield and TechSpot

Post a Comment

0 Comments