Subscribe Us

header ads

Unreal Engine 5 ကို အဆင့်မြှင့်တင်လာမည့် PUBG: Battlegrounds

Image: PUBG: Battlegrounds

၂၀၂၄ခုနှစ်ဟာ PUBG: Battlegrounds အတွက်ကြီးမားတဲ့အပြောင်းတွေဖြစ်လာပါမယ်။ အခမဲ့ကစားနိုင်တဲ့ Battle Royale ဂိမ်းအမျိုးအစားဖြစ်တဲ့ PUBGဟာ Unreal Engine 5 ကိုပြောင်းလဲအသုံးပြုမှာဖြစ်ပြီး ဒီအပြောင်းအလဲကြောင့် Krafton စတူဒီယိုအနေနဲ့ ဂိမ်းကို ကြီးကြီးမားမား ပြောင်းလဲခွင့်ရှိလာမှာဖြစ်ပါတယ်။

PUBG ဟာ PC မှာထွက်ရှိခဲ့တာ ၆နှစ်ရှိပြီဖြစ်ပြီး Steam မှာ ရေပန်းအစားဆုံးဂိမ်းတစ်ခုအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ စတူဒီယိုရဲ့နောက်ဆုံးထွက်ရှိထားတဲ့ development update အရ ပိုမိုကောင်းမွန်တဲ့ anti-cheat၊ destructible environments တွေအပြင်အခြားအရာတွေပါဝင်လာမယ်လို့ကတိပြုထားပါတယ်။ User Generated Content (UGC) ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။

Image: PUBG: Battlegrounds

ဂိမ်းရဲ့ destructible environments ပိုင်းနဲ့ပတ်သက်ပြီး Krafton က PUBG: Battlegrounds မှာ မဟာဗျူဟာမြောက်လက္ခဏာတစ်ရပ်ကို ထည့်သွင်းလိုနေပါတယ်။ ကစားသူတွေအနေနဲ့ အဆောက်အဦအစိတ်အပိုင်းတွေကိုဖျက်ဆီးနိုင်မှာဖြစ်သလို ခံစစ်အတွက်အတားအဆီးတွေလည်းတည်ဆောက်နိုင်ကာ တိုက်ခိုက်တဲ့ပုံစံအသစ်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒီအပြောင်းအလဲကြောင့် PUBG ဟာ ပိုမိုသွက်လက်လာပြီး ခန့်မှန်းရခက်ခဲလာမှာမို့ ကစားသူတွေအနေနဲ့ ကစားနေကြပုံစံကိုပြောင်းလဲဖို့ တွန်းအားဖြစ်‌စေမှာပါ။


လက်ရှိမှာ Unreal Engine 5 ကြောင့် PUBG ရဲ့ရုပ်ထွက်ပိုင်းဟာ ဘယ်လောက်အထိပြောင်းလဲလာမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ အပြောင်းအလဲကြောင့် PUBG အနေနဲ့ Unreal Engine 5 က Lumen နဲ့ Nanite နည်းပညာတွေရဲ့ အကျိုးကျေးဇူးကိုခံစားရဖွယ်ရှိပြီး Krafton ဘက်က ဂိမ်းအင်ဂျင်အသစ်ကို ဘယ်လိုအသုံးချလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Source: OC3D

#EnThueTech
#News
#Gaming




Post a Comment

0 Comments