Subscribe Us

header ads

Microsoft မှ Windows တွင် OneDrive ကို uninstall လုပ်ခွင့်ပြု

Image: En Thue Tech

Microsoft ဟာ OneDrive ကို Windows မှာ အသုံးပြုသူတွေ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အထိ စံ cloud storage solution အဖြစ် တွန်းအားပေးနေခဲ့တာ ကာလအတန်ကြာခဲ့ပါပြီ။ ကုမ္ပဏီအနေနဲ့ အသုံးပြုသူတွေရဲ့ရွေးချယ်ခွင့်ကို တက်နိုင်သမျှပိတ်ပင်ဖို့ကြိုးပမ်းခဲ့ပေမယ့် နောက်ဆုံးမှာ ဥရောပရဲ့ ဒစ်ဂျစ်တယ်စျေးကွက်အက်ဥပဒေ (Digital Markets Act-DMA) ကြောင့် အချည်းအနှီးဖြစ်ခဲ့ရပါတယ်။

အခုဆိုရင် ဥရောပတိုက်က Windows အသုံးပြုသူတွေဟာ Windows OS မှာ တပါတည်းထည့်သွင်းထားတဲ့ Bing Search နဲ့ uninstall လုပ်ဖို့မဖြစ်နိုင်လောက်တဲ့ Edge အပါအဝင် မရှိမဖြစ် "system apps" အများအပြားကို uninstall နိုင်ပြီလို့ Microsoft က အတည်ပြုထားပါတယ်။

သင့်အနေနဲ့ OneDrive ကို uninstall လုပ်ပြီးတဲ့အခါ ယခင်အသုံးပြုထားတဲ့ OneDrive ပေါ်ကဖိုင်တွေကို OneDrive.com မှာ login ဝင်ပြီးအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် OneDrive ကို Windows 10 နဲ့ 11 မှာ uninstall လုပ်ဆောင်နိုင်ပြီး Windows 8.1 မှာတော့ uninstall လုပ်လို့မရနိုင်ပါဘူး။ OneDrive ကို uninstall လုပ်ဖို့ Windows ရဲ့ နောက်ဆုံးထွက် feature update ကိုသွင်းထားဖို့ လိုအပ်နိုင်ပါတယ်။

Source: Windows Central and TechSpot

#EnThueTech
#News
#Windows

Post a Comment

0 Comments