ကမ္ဘာတဝန်းမှာချစ်ပ်တွေပျက်လပ်နေတာဟာ ကျနော်တို့အတွက်မကောင်းပေမယ့် TSMC လို ဆီမီးကွန်ဒတ်တာတွေထုတ်တဲ့တွေအတွက် အခွင့်အလမ်းကောင်းတွေပါ။ TSMCဟာ စံချိန်တင်အမြတ်ငွေတွေရရှိခဲ့ပြီး ၂၀၂၂ခုနှစ်အတွင်း ဒေါ်လာဘီလီယံ ၄၀ မှ ၄၄ ဘီလီယံအထိအသုံးပြုကာ ထုတ်လုပ်ရေးကိုမြှင့်တင်သွားမှာပါ။
ကမ္ဘာတဝှမ်းချစ်ပ်လိုအပ်ချက်တွေကြီးမားလာမှုကြောင့် ချစ်ပ်ထုတ်လုပ်ရေးကုမ္မဏီတွေဟာ ဝယ်လိုအားပြည့်မှီအောင် ရုန်းကန်နေကြရပါတယ်။ ဒါကြောင့် TSMC ရဲ့ စတုတ္ထ၃လပတ်အမြတ် ငွေဟာ ၁၅.၇၄ ဘီလီယံ ၂၄.၁% အထိတိုးတက်လာခဲ့ပြီး အသားတင်အမြတ်ငွေဟာ ၆.၀၁ဘီလီယံအထိတိုးတက်လာကာ မျှော်မှန်းထားတာထက်ပိုမိုခဲ့ပါတယ်။
၂၀၂၂ခုနှစ် ပထမ၃လပတ်အမြတ်ငွေဟာလည်း ကောင်းမွန်မယ်လို့ယူဆရပြီး မူလတွက်ချက်ထားတာထက် ၅%ပိုမိုမယ်လို့ယူဆရပါတယ်။
TSMC အနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်း ချစ်ပ်ဝယ်လိုအားလျော့ကျသွားမှာမဟုတ်ဘူးလို့ယူဆထားသလို ဒေါ်လာဘီလီယံ ၄၀ မှ ၄၄ ဘီလီယံအထိအသုံးပြုပြီး အခြားဒေသတွေမှာ ချစ်ပ်စက်ရုံတွေတည်ထောင်သွားဖို့ရှိနေပါတယ်။ Bloomberg ရဲ့တင်ပြချက်တွေအရ ဒါဟာ ယခင်နှစ်က အသုံးပြုတဲ့ပမာဏထက် ၁၀ဘီလီယံပိုများသလို ယမန်နှစ်က Intel သုံးစွဲခဲ့တာထက် ၄၃%ပိုမိုတယ်လို့ဆိုပါတယ်။
ကမ္ဘာတဝှမ်း ချစ်ပ်ပြတ်လပ်မှုဟာ GPU SSD Controller နဲ့ အိမ်သုံးပစ္စည်းများ အစရှိတဲ့ ချစ်ပ်လိုအပ်တဲ့ပစ္စည်းတွေရဲ့ ဈေးနှုန်းနဲ့ဝယ်ယူနိုင်စွမ်းကိုအကန့်အသတ်ဖြစ်စေခဲ့ပါတယ်။ ဥပမာပြောရရင် ဆိုနီဟာ PS5 ဈေးကြီးနေချိန်မှာ PS4 တွေတိုးမြှင့်ထုတ်လုပ်ခဲ့ရပါတယ်။
ဒါပေမယ့် အကောင်းဘက်ကိုဦးတည်လာတာတစ်ခုက cryptocurrency တစ်ခုဖြစ်တဲ့ Ethereum ဟာ proof of work အနေအထားကနေ proof of stake ကိုပြောင်းလဲသွားတဲ့အတွက် GPU လိုအပ်ချက်တွေပိုမိုနည်းပါးလာပြီး Asus MSI Gigabyte နဲ့ တို့ဟာ တင်ပို့မှုတွေပိုလုပ်လာနိုင်ကြမယ်လို့ယူဆရပါတယ်။ မကြာခင်မှာ ရောင်းလိုအားဝယ်လိုအားတွေမျှတလာတာကို စတင်မြင်တွေ့ရမှာဖြစ်ပါတယ်။
Source: Techspot
0 Comments