လစဉ်တိုင်း Steam ဟာ ဂိမ်မာတွေရဲ့ Hardware Softwareတွေရဲ့ စာရင်းကိုထုတ်ပြန်ပေးလေ့ရှိပါတယ်။ Steam ရဲ့ ၂၀၂၁ခုနှစ်ရဲ့ ဒီဇင်ဘာလစာရင်းကောက်ယူထားမှုအရ Steam အသုံးပြုသူအားလုံးရဲ့ 10.15%ဟာ Windows 11 ကိုအသုံးပြုနေကြတာဖြစ်ပြီး ယခင်လထက် 1.87%တိုးတက်လာပါတယ်။ Windows 10 ကတော့လက်ရှိမှာ 81.74%နဲ့ မင်းမူထားဆဲဖြစ်ပြီး Windows 7 ကတော့ 3.24%သာရှိပါတော့တယ်။ စာရင်းအရ Windows OS တွေဟာ Steam အသုံးပြုသူအားလုံးရဲ့ 96.19% လောက်အသုံးပြုနေကြတာပါ။
CPU ပိုင်းမှာတော့ Intel ဟာ 69.27%ဝေစုရထားပြီး ယခင်နိုဝင်ဘာလထက် 0.82%တိုးတက်လာပါတယ်။ AMD ကတောဘ 30.71%ကိုကျဆင်းသွားပါတယ်။
GPU ပိုင်းမှာတော့ Nvidiaဟာ 76.83%နဲ့ ဦးဆောင်ထားပြီး AMD နဲ့ Intel က သူ့ဝေစုတွေဘယ်လောက်ခွဲယူနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။
Source: Windows Central
0 Comments