![]() |
Image via Techpowerup |
ဒါကြောင့် Maxwell ခေတ်က GeForce GTX 700 နဲ့ GTX 900 ကတ်တွေ၊ Pascal ရဲ့ GeForce GTX 10 lineup နဲ့ လူသုံးများတဲ့ Volta TITAN V ကတ် ပိုင်ရှင်တွေအနေနဲ့ သူတို့အတွက် စွမ်းဆောင်ရည်ပိုကောင်းအောင်လုပ်ပေးမယ့် နဲ့ လုံခြုံရေးပြင်ဆင်ချက် တွေကို 580 driver တွေ မှာပဲ နောက်ဆုံးအနေနဲ့ ရရှိနိုင်တော့မှာပါ။ ဆိုလိုတာက ဒီကတ်တွေမှာ Legacy Driver တွေသာရရှိတော့မှာဖြစ်ပါတယ်။ ဒီအကြောင်းကိုလည်း ဇန်နဝါရီလက တင်ခဲ့ဖူးပါတယ်။
NVIDIA ကတော့ ဒီလို မျိုးဆက်ဟောင်း chip တွေအတွက် support ကို ရပ်ဆိုင်းလိုက်ခြင်းအားဖြင့် သူတို့ရဲ့ အင်ဂျင်နီယာအဖွဲ့တွေအနေနဲ့ hardware platform အသစ်တွေအပေါ်မှာ ပိုမိုအာရုံစိုက်နိုင်မှာဖြစ်တယ်လို့လည်း ထပ်လောင်းရှင်းပြခဲ့ပါတယ်။ ဥပမာအနေနဲ့ Turing အခြေခံ GeForce GTX 16 series ကတ်တွေကတော့ driver v580 ကျော်လွန်သွားသည့်တိုင်အောင် update တွေ ဆက်လက်ရရှိနေဦးမှာဖြစ်ပြီး၊ ဂိမ်းကစားသူတွေအနေနဲ့ platform အဟောင်းတွေမှာတောင် နောက်ဆုံးပေါ် optimization တွေနဲ့ stability improvement တွေကို ဆက်လက်ရရှိနိုင်မှာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြားမှာ စတင်မိတ်ဆက်ခဲ့တဲ့ Maxwell၊ Pascal နဲ့ Volta GPU တွေဟာ တရားဝင်အထောက်အပံ့ပေးမှုကို ရှစ်နှစ်ကနေ ဆယ့်တစ်နှစ်အထိ ခံစားခဲ့ကြရပြီး ဒါဟာ GPU နယ်ပယ်အတွင်း အရှည်ကြာဆုံး အထောက်အပံ့ပေးတဲ့ကာလတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီကတ်အဟောင်းတွေကို မှီခိုနေရတဲ့ အသုံးပြုသူတွေအနေနဲ့ လက်ရှိ install လုပ်ထားတဲ့ driver တွေကို ဆက်လက်အလုပ်လုပ်နေမှာဖြစ်ပေမယ့် အနာဂတ်မှာ feature အသစ်တွေနဲ့ compatibility အပြည့်အဝရရှိဖို့အတွက် အဆင့်မြှင့်တင်မှုတွေပြုလုပ်ဖို့ ကြိုတင်စီစဉ်ထားသင့်ကြောင်း NVIDIA က အကြံပြုထားပါတယ်။
ဒီကြေညာချက်ထွက်ပေါ်လာတဲ့အချိန်မှာ လက်ရှိ public driver က version 576.88 ဖြစ်ပြီး၊ NVIDIA ဘက်က 580 series driver တွေထွက်ရှိမယ့်ရက်ကို အတိအကျမသတ်မှတ်ရသေးတာကြောင့် သက်ဆိုင်ရာအသုံးပြုသူတွေအတွက် တရားဝင် အထောက်အပံ့အဆုံးမသတ်ခင် လအနည်းငယ်လောက် အချိန်ရဦးမှာပါ။
Source: Techpowerup
0 Comments