Subscribe Us

header ads

16GB GPU များက 8GB GPU များထက် အဆပေါင်းများစွာ ရောင်းကောင်းလာ

Image: Nvidia

Techpowerup ရဲ့ သတင်းအရ ဂျာမနီနိုင်ငံက PC အရောင်းဆိုင်ကြီးတစ်ခုဖြစ်တဲ့ Mindfactory.de ကနေ ပွင့်လင်းမြင်သာစွာရရှိနိုင်တဲ့ အရောင်းပိုင်းဆိုင်ရာအချက်အလက်တွေအရ PC ဝါသနာရှင်အိုးတွေ မျှော်လင့်ထားတဲ့အတိုင်း 8GB GPU တွေက ရောင်းအားမကောင်းတော့ဘူးလို့ဆိုပါတယ်။ AMD ရဲ့ RX 9060 XT နဲ့ Nvidia ရဲ့ RTX 5060 Ti လို 8GB နဲ့ 16GB မော်ဒယ်နှစ်မျိုးလုံးရှိတဲ့ GPU တွေမှာ 16GB မော်ဒယ်တွေက သိသိသာသာကို ပိုရောင်းကောင်းနေတာ တွေ့ရပါတယ်။

အောက်က အချက်အလက်တွေအရဆိုရင် AMD ရဲ့ 16GB Radeon RX 9060 XT က သူ့ရဲ့ 8GB မော်ဒယ်ထက် အဆ ၃၀ နီးပါး ပိုရောင်းရပါတယ်။ Nvidia ရဲ့ RTX 5060 Ti အတွက်လည်း 16GB ကတ်က 8GB မော်ဒယ်ထက် အဆ ၁၅ ဆကျော် ပိုရောင်းကောင်းနေပါတယ်။ တိုတိုပြောရရင် ဂိမ်းကစားသူတွေက 8GB GPU တွေကို လက်မခံတော့ဘူးလို့ ဆိုနိုင်ပါတယ်။

Mindfactory GPU Sales Data
(From July 2nd 2025)
8GB GPU Model16GB GPU ModelRatio (16GB:8GB)
Nvidia GeForce RTX 5060 Ti110 Units1675 Units15.2:1
AMD Radeon RX 9060 XT30 Units885 Units29.5:1

8GB GPU တွေကို ဘာလို့လူကြိုက်နည်းလာတာလဲ

ဂိမ်းကစားသူတွေက 8GB GPU တွေကို ဘာလို့ မကြိုက်ကြတော့တာလဲဆိုတော့ အဖြေကရှင်းပါတယ် 8GB GPU တွေဟာ ဂိမ်းကစားတဲ့အခါ စွမ်းဆောင်ရည်ပိုင်းမှာ ကန့်သတ်ချက်တစ်ခု ဖြစ်လာလို့ပါ။ အခုခေတ် ဂိမ်းအများစုဟာ 8GB ထက်ပိုတဲ့ Memory ကို လိုအပ်လာတာကြောင့် 8GB Graphics Card သုံးတဲ့သူတွေအတွက် Performance ပြဿနာတွေ ဖြစ်လာပါတယ်။ 16GB GPU တစ်ခုကို ဝယ်လိုက်တာက အခုထွက်နေတဲ့ ဂိမ်းအသစ်တွေ အများစုမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ရရှိစေပါတယ်။ ဒါကြောင့် 8GB GPU တွေက အခုခေတ် ဂိမ်းကစားသူတွေအတွက် ရွေးချယ်လို့အဆင်မပြေတော့ပါဘူး။ ဂိမ်းကစားသူတွေက 16GB GPU တွေ ဝယ်တာဟာ အနာဂတ်အတွက် ပြင်ဆင်နေတာမျိုး မဟုတ်ပါဘူး။ အခုလက်ရှိ ဂိမ်းတွေ ကစားတဲ့အခါမှာကို ကောင်းမွန်တဲ့ အတွေ့အကြုံ ရရှိဖို့ သေချာအောင် လုပ်နေတာပါ။

ရိုးရိုးသားသားပြောရရင် AMD နဲ့ Nvidia ရဲ့ 8GB GPU တွေ ရောင်းအားမကောင်းတာ အံ့သြစရာ မဟုတ်ပါဘူး။ 8GB GPU တွေဟာ ၂၀၁၆ ခုနှစ်မှာ AMD ရဲ့ Radeon RX 480 စတင်ဖြန့်ချိချိန်ကတည်းကစပြီး စျေးသက်သာတဲ့ GPU ဈေးကွက်ထဲနေရာယူလာခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတုန်းက 8GB ဆိုတာ အရမ်းများတယ်လို့ သတ်မှတ်ခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ Memory လိုအပ်ချက်တွေ သိသိသာသာကို တိုးပွားလာခဲ့ပါတယ်။ အခုခေတ်ပေါ် ဂိမ်းတွေက VRAM ကို ပိုမိုတောင်းဆိုနေကြပြီး ဂိမ်းကစားသူတွေဘက်ကလည်း လုံလောက်တဲ့ Memory ပါတဲ့ Graphics Card တွေကို လိုချင်နေကြပါတယ်။

Source: OC3D

Post a Comment

0 Comments