Subscribe Us

header ads

Computex 2022 မှာကြေညာလာတဲ့ AMD Zen 4 CPU


Computex 2022 မှာ AMD ဟာ Intel Core i7-12900K ကိုယှဉ်ပြိုင်မယ့် 16 Core pre-production Ryzen 7000 series CPU ကိုပြသလ်ုက်ပါတယ်။ Zen 4 CPU ဟာ chiplet design ဖြစ်ပြီး Cores တွေကို TSMC ရဲ့ 5nm process နဲ့ထုတ်လုပ်ထားပြီး I/O Die ကို TSMC 6nm နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ L2 Cache တိုးလာတယ်လို့ဆိုပြီး Cores တစ်ခုခြင်းကို 1MB ဖြစ်လာပါတယ်။ ဒီလိုပိုများလာတဲ့ Cache က Zen 4 Cores ကိုပိုမိုမြန်ဆန်လာစေမယ်ဆိုပေမယ့် application ပေါ်လည်း မူတည်ပါသေးတယ်။

AMD processor အသစ်ဟာ Blender နဲ့ Render လုပ်ရာမှာ Intel ထက် 31%ပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ Single Thread ပိုင်းမှာလည်း Ryzen 7000 ဟာ မခေကြောင်း Dr.Lisa Su ကဆိုပါတယ်။ Zen 4 ဟာ ယခင် Zen 3 ထက် 15% ပိုမိုမြန်ဆန်မယ်လို့ဆိုပါတယ်။ Ghostwire ဂိမ်းကိုကစားပြရာမှာ Clock Speed 5.3~5.5GHz ရှိနေတာကိုတွေ့ရပါတယ်။

Intel CPU ကို Asus Maximus Z690 Hero motherboard မှာ 2×16GB DDR5-6000 CL30 Memory modules နဲ့ စမ်းသပ်ထားကာ AMD CPU ကိုတော့ reference X670 motherboard မှာ 1×16GB DDR5-6400 CL32 Memory modules နဲ့စမ်းသပ်ထားတာဖြစ်ပါတယ်။ System ၂ခုစလုံးဟာ Samsung 980 Pro 1TB SSD Windows 11 Radeon RX 6950XT graphics card နဲ့ Asetek 280mm liquid cooler တို့ကိုအသုံးပြုထားတာပါ။ AMD ဟာ သူတို့ရဲ့ System မှာ ဈေးသက်သာတဲ့ DDR4 အကြောင်းကိုတော့ မပြောသွားခဲ့ပါဘူး။

Motherboard ပိုင်းမှာတော့ AM5 motherboard တွေကို အတန်းအစား၃ခုနဲ့ခွဲထုတ်လာတာတွေ့ရပါတယ်။ AM5 motherboard တွေပေါ်မှာ AM4 Cooler တွေအဆင်ပြေပြေတပ်သုံးနိုင်တယ်လို့ဆိုပါတယ်။ 

X670E Extreme
Extreme Overclocking and PCIE 5.0 Everywhere

X670
Enthusiast Overclocking, PCIE 5.0 Storage and Graphics 

X650
Mainstreme Price and PCIE 5.0 Storage ဆိုပြီးရှိပါတယ်။ 

X670E flagship Motherboard တွေကို ASRock၊ Asus၊ Biostar၊ Gigabyte နဲ့ MSI တို့ကနေထုတ်လုပ်သွားမှာဖြစ်ပါတယ်။

PCIE 5.0

PCIE Gen 5 NVME Storage တွေဟာ ယခင် PCIE Gen 4 ထက် Sequential Read Speed မှာ 60%လောက်အထိပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။

PCIE 5.0 Ecosystem အတွက် Storage တွေကိုCrucial၊ Phison၊ Micron၊ Apacer၊ Asus၊ Corsair၊ Gigabyte၊ MSI၊ PNY၊ Sabrent နဲ့ Seagate စတဲ့ကုမ္ပဏီတွေကနေပထမဆုံး PCIE Gen 5 Storage တွေကိုထုတ်ပေးမှာပါ။ Motherboard တွေထွက်ရှိလာတဲ့အခါ Crucial နဲ့ Micron တို့ရဲ့ PCIE Gen 5 Storage တွေကိုတပါတည်း‌ ဈေးကွက်ထဲမှာဝယ်ယူရရှိနိုင်မှာပါ။ 

Zen 4 အကြောင်းက ဒီလောက်ပဲဖြစ်ပြီး ၂၀၂၂ခုနှစ်မကုန်ခင်ထွက်ရှိလာမှာမို့ နောက်လာမယ့်ပွဲတွေမှာ ပိုမိုသိရပါလိမ့်မယ်။

Source: AMD 

#EnThueTech
#News #CPU 

Post a Comment

0 Comments