![]() |
Image: Intel |
Intel ဟာ Computex 2025 ရဲ့ ဖွင့်ပွဲနေ့မှာ မျိုးဆက်သစ် Core Ultra 300 "Panther Lake" လက်ပ်တော့ ပရိုဆက်ဆာတွေကို မိတ်ဆက်ပြသခဲ့ပါတယ်။ ကုမ္ပဏီရဲ့ 18A Process Node ကို အသုံးပြုထားတဲ့ ဒီချစ်ပ်တွေဟာ Cougar Cove Performance Core တွေ၊ Darkmont နဲ့ Skymont Efficient Core တွေအပြင် Xe3 Celestial Integrated GPU တို့ပါဝင်တဲ့ Tile ၅ခု ဒီဇိုင်းကို အသုံးပြုထားပါတယ်။
Intel ဟာ ချစ်ပ်အသစ်တွေအတွက် စွမ်းဆောင်ရည် Benchmark တွေကို ထုတ်ပြန်မပြသခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ Arrow Lake အဆင့် နဲ့ ထိရောက်မှုအပိုင်းက Lunar Lake အဆင့်ပေးစွမ်းနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီက အဆိုပါပရိုဆက်ဆာတွေမှာ Lunar Lake ရဲ့ GPU စွမ်းဆောင်ရည်နဲ့ ညီမျှတဲ့ မျိုးဆက်သစ် XMX Integrated Graphics ပါဝင်မယ်ဆိုတာကိုလည်း အတည်ပြုပေးခဲ့ပါတယ်။
![]() |
Image: TechSpot |
ပြပွဲမှာ Panther Lake လက်ပ်တော့တစ်လုံးနဲ့ DaVinci Resolve ကို အသုံးပြုပြီး On-Device AI Video Processing ကို ပြသခဲ့ပါတယ်။ လက်ပ်တော့ ပရိုဆက်ဆာမှာ Core ၁၆ ခု ပါဝင်ပေမယ့် Intel က အသေးစိတ် Specification တွေကို ထုတ်ပြန်မပြောကြားခဲ့ပါဘူး။ အွန်လိုင်းပေါ်က ခန့်မှန်းချက်တွေအရ Performance Core ၄ခု၊ Core ရှစ်ခု ၈ခု နဲ့ ပါဝါစားသက်သာတဲ့ Low-Power Efficient Core ၄ခု တို့ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
သရုပ်ပြခဲ့တဲ့ CPU မှာ 2.0GHz Base Clock၊ 3.0GHz Boost Clock၊ 1.6MB L1 Cache၊ 24MB L2 Cache နဲ့ 18MB L3 Cache တွေ ပါဝင်ပါတယ်။ လက်ပ်တော့နဲ့ ပရိုဆက်ဆာ နှစ်ခုစလုံးဟာ Engineering Sample တွေဖြစ်ပြီး လက်လီရောင်းချမယ့် စနစ်တွေကတော့ ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်မှာ ထုတ်လုပ်ပြီး ၂၀၂၆ ခုနှစ် အစောပိုင်းမှာ OEM တွေကနေ စတင်ဖြန့်ချိသွားဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။
![]() |
Image: TechSpot |
ပွဲမှာ နောက်ထပ် ပြသခဲ့တာကတော့ Panther Lake ရဲ့ AI Processing စွမ်းရည်တွေကို မီးမောင်းထိုးပြနေတဲ့ Microsoft ရဲ့ AI-Powered Clippy Assistant ပါပဲ။ ဟုတ်ပါတယ် Clippy ပါ။ သရုပ်ပြသမှုမှာဆိုရင် Intel ရဲ့ ကိုယ်စားလှယ်တစ်ဦးက Clippy ကို အသုံးပြုပြီး Python နဲ့ Game Code ကို ဖန်တီးခဲ့တာကို တွေ့မြင်ရပါတယ်။ ဒါပေမဲ့ Intel ဘက်က ချစ်ပ်ရဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ Benchmark Data တွေ ထုတ်ပြန်လာခဲ့ခြင်းမရှိပါဘူး။
ပွဲမှာ ပြသခဲ့တဲ့ Panther Lake ချစ်ပ်တွေဟာ Reference Validation Platform တွေပေါ်မှာ လုပ်ဆောင်နေခဲ့တာပါ။ ဒါက Intel ရဲ့ Processor Microarchitecture အသစ်တွေကို စစ်ဆေးအကဲဖြတ်ဖို့ အသုံးပြုတဲ့ Custom Board တွေပဲ ဖြစ်ပါတယ်။ ကုမ္ပဏီက Lunar Lake နဲ့အတူ ပြသခဲ့တဲ့ Development Kit နဲ့ ဆင်တူတဲ့ Development Kit တစ်ခုကိုလည်း ပြသခဲ့ပါတယ်။
![]() |
Image: TechSpot |
ယခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Panther Lake မှာ အနည်းဆုံး SKU ၄ခု ပါဝင်မယ်လို့ ဆိုပါတယ်။ Flagship Model မှာ P-core ၄ခု၊ E-core ၈ခု၊ LP-E core ၄ခုနဲ့ 12 Xe3 Integrated GPU Core တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ပါဝါသုံးစွဲမှုအနေနဲ့ 45W PL1 Rating နဲ့ 80W PL2 Ceiling ရှိမှာပါ။ Entry-Level Chip မှာတော့ Performance Core ၄ခုနဲ့ Low-Power Efficiency Core ၄ခု ပါဝင်ပြီး Standard Efficiency Core တွေ မပါဝင်ပါဘူး။ ပါဝါသုံးစွဲမှုအနေနဲ့က 15W PL1 နဲ့ 54W PL2 Rating တွေရှိမှာ ဖြစ်ပါတယ်။
Source: TechSpot
0 Comments