Subscribe Us

header ads

Intel က AI လုပ်ငန်းများအတွက် Arc Pro B-Series GPU များ မိတ်ဆက်

Image: Intel

Intel ဟာ အတော်လေး နာမည်ရခဲ့တဲ့ သူတို့ရဲ့ Intel Arc B580 ကို မိတ်ဆက်ခဲ့ပြီးနောက် Computex 2025 ပွဲမှာ Battlemage Architecture ကို အခြေခံထားတဲ့ Professional GPU နှစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ပထမတစ်ခုကတော့ $299 ဈေးနှုန်းနဲ့ Arc B580 နဲ့ ဈေးနှုန်းတူညီပေမယ့် Xe2 Core 20 အစား 16 Core သာ ပါဝင်ပြီး ပါဝါသုံးစွဲမှု 70 Watt ရှိတဲ့ Intel Arc Pro B50 ဖြစ်ပါတယ်။

Image: Intel

Intel ဟာ Graphics Memory ကို 16 GB အထိ တိုးမြှင့်လိုက်ပေမယ့် Memory Bandwidth ကို 224 GB/s အထိ လျှော့ချလိုက်ပါတယ်။ ဒါကြောင့် Arc Pro B50 မှာ ထိရောက်မှုနဲ့ ဈေးနှုန်းအလိုက် စွမ်းဆောင်ရည်ကောင်းမွန်မှု ကိုအဓိက အာရုံစိုက်ထားပါတယ်။ Arc Pro B50 အများအပြားကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် GeForce RTX 5090 ရဲ့ ဈေးနှုန်းထက် အဆပေါင်းများစွာ သက်သာတဲ့ ဈေးနှုန်းနဲ့ ကြီးမားတဲ့ Graphics Memory ပမာဏပါဝင်တဲ့ AI Workstation တွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ Intel ရဲ့ Benchmark ရလဒ်တွေအရ Arc Pro B50 ဟာ Arc Pro A50 ထက် နှစ်ဆကျော် ပိုမြန်ပြီး Nvidia GeForce RTX A1000 ထက် တစ်ဒေါ်လာမှာ စွမ်းဆောင်ရည် ၂ဆ ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

Image: Intel

Image: Intel

Arc Pro B60 ဟာ Arc B580 လိုမျိုး GPU ရဲ့ Xe2 Core အခု ၂၀ စလုံးကို အပြည့်အဝအသုံးပြုထားပြီး ပါဝါသုံးစွဲမှုကို 120 Watt ကနေ 200 Watt အထိ ချိန်ညှိနိုင်ပါတယ်။ Intel ဟာ ဒီ Model မှာ Bandwidth 456 GB/s ရှိတဲ့ 24 GB VRAM ကိုလည်း တပ်ဆင်ထားပါတယ်။ VRAM ပမာဏ တိုးမြှင့်ထားတာကြောင့် Arc Pro B60 ဟာ DeepSeek R1 ဒါမှမဟုတ် Llama3 လို AI Workload တွေမှာ Nvidia RTX 2000 Ada ဒါမှမဟုတ် GeForce RTX 5060 Ti 16 GB ထက် သိသိသာသာ ပိုမြန်တယ်လို့ ဆိုပါတယ်။ 

Image: Intel

Intel Project Battlematrix ဟာ Arc Pro B60 Graphics Card ရှစ်ခုအထိ ပေါင်းစပ်ပြီး VRAM 192 GB ပါဝင်တဲ့ System တစ်ခုကို တည်ဆောက်နိုင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ဒါဟာ AMD Ryzen Strix Halo ဒါမှမဟုတ် Apple M4 Max တို့ထက် ပိုကြီးတဲ့ AI Model တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Project Battlematrix ဟာ PCIe 5 အထောက်အပံ့ပါတဲ့ Intel Xeon Processor ကို အခြေခံထားတဲ့ System တစ်ခုဖြစ်ပြီး အဆိုပါ System ကို စီမံခန့်ခွဲဖို့ Intel က Linux အခြေခံ Software ကို ပံ့ပိုးပေးထားပါတယ်။

Image: Intel

Intel Arc Pro B50 ကို ၂၀၂၅ ခုနှစ် တတိယသုံးလပတ်မှာ $299 နဲ့ စတင်ရောင်းချဖို့ မျှော်လင့်ထားပြီး Arc Pro B60 ကိုလည်း အဲဒီအချိန်လောက်မှာပဲ $500 ဝန်းကျင်နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်ခုစလုံးကို အစပိုင်းမှာ Workstation အစုံလိုက်အနေနဲ့သာ ရောင်းချမှာ ဖြစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ စတုတ္ထသုံးလပတ်မတိုင်ခင်အထိ GPU တွေကို သီးခြား ဝယ်ယူနိုင်ဦးမှာ မဟုတ်ပါဘူး။

Source: Notebookcheck

Post a Comment

0 Comments