Subscribe Us

header ads

Microsoft မှ Windows 11 တွင် Android Apps အသုံးပြုခွင့် ရပ်ဆိုင်းမည်

Image: Microsoft

Microsoft ဟာ Windows 11 အသုံးပြုသူတွေအနေနဲ့ Android apps တွေကို PC ပေါ်မှာတိုက်ရိုက်အသုံးပြုနိုင်တဲ့ Windows Subsystem for Android(WSA) ကိုရပ်ဆိုင်းမယ်လို့ကြေညာခဲ့ပါတယ်။ အဆိုပါ feature ဟာ ၂၀၂၁ခုနှစ်မှာ Windows 11 ကိုစတင်ဖြန့်ချီစဥ်ကတည်းက Amazon Appstore နဲ့ချိတ်ဆက်ထားပြီး Android app တွေကိုဒေါင်းလုဒ်ရယူအသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကို Microsoft အနေနဲ့ developer document တစ်ခုမှာ ကြေညာခဲ့တာဖြစ်ပြီး ၂၀၂၅ခုနှစ် မတ်လ ၅ရက်နေ့ကစပြီး အထောက်အပံ့ပေးမှုကိုရပ်ဆိုင်းမယ်လို့ဆိုပါတယ်။ ၂၀၂၄ခုနှစ် မတ်လ ၅ရက်နေ့ မတိုင်ခင် သွင်းထားတဲ့ Amazon Appstore (သို့မဟုတ်) Android app တွေအနေနဲ့ ၂၀၂၅ခုနှစ် မတ်လ ၅ရက်နေ့အထိသုံးစွဲနိုင်မှာဖြစ်ပါတယ်။

Microsoft အနေနဲ့ Windows Subsystem for Android ကို ရပ်ဆိုင်းရတာဟာ သုံးစွဲသူနည်းပါးတာကြောင့်ဖြစ်နိုင်ပါတယ်။ Windowsပေါ်မှာ Android appတွေအနည်းသာရှိသလို ယနေ့စျေးကွက်ထဲမှာ Windows tabletတွေက အတော်ကိုနည်းပါးလှပါတယ်။

မိတ်ဆွေတို့အနေနဲ့ Windows ပေါ်မှာ Android App တွေအသုံးပြုလိုတယ်ဆိုရင်တော့ BlueStacks လိုအခြားနည်းလမ်းတွေရှိပါတယ်။

Source: Windows Central

#EnThueTech
#News
#Windows

Post a Comment

0 Comments