Subscribe Us

header ads

အသစ်ထွက်ရှိလာသည့် NVIDIA App Beta ကို စမ်းသပ်အသုံးပြုနိုင်ပြီ

Image: NVIDIA

ဂိမ်မာတွေရဲ့အသည်းစွဲ GeForce GPU တွေရဲ့ ပဲ့ကိုင်ရှင် Nvidia ဟာ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းမွန်လှတဲ့ GPU တွေကြောင့် နာမည်ကြီးလှပေမယ့် သူ့ driver တွေ control panel တွေရဲ့ UI ဟာ လွန်ခဲ့တဲ့ အနှစ်၂၀တုန်းကအတိုင်း မပြောင်းမလဲပဲတည်ရှိနေခဲ့ပြီး အခြား GPU ထုတ်လုပ်သူတွေဖြစ်တဲ့ AMD နဲ့ Intel တို့ကတော့ ပိုမိုသပ်ရပ်လှပမှုရှိတယ်ဆိုငြင်းလို့မရပါဘူး။ Nvidia အနေနဲ့ နောက်ပိုင်းမှာ GeForce Experience ဆိုတဲ့ ထုတ်ပေးခဲ့ပေမယ့် feature တွေကိုအသုံးပြုဖို့တင် Nvidia acc ကို login ဝင်ခိုင်းတာကြောင့် အသုံးပြုသူတွေဟာ စိတ်အနှောင့်အယှက်ကြီးစွာဖြစ်ရပြန်ပါတယ်။ ဒါ့ကြောင့် Nvidia GPU သုံးစွဲသူတွေဟာ အခြား GPU တွေလို သေသပ်ခေတ်မှီတဲ့ software အတွေ့အကြုံကိုလိုလားနေကြပါတယ်။

Image: En Thue Tech

ဒီလိုအသုံးပြုသူတွေရဲ့ လိုလားချက်ကိုသိရှိထားတဲ့ Nvidia ဟာ အခုဆိုရင် NVIDIA App ကို beta အနေနဲ့ ဖြန့်ချီလိုက်ပြီဖြစ်ပါတယ်။ NVIDIA App မှာ UI တွေကို ခေတ်နဲ့အညီဖန်တီးထားသလို GeForce Experience မှာ login ဝင်ရောက်ခြင်းမရှိပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ NVIDIA App ဟာ လက်ရှိမှာ feature တွေစုံလင်ခြင်းမရှိသေးပေမယ့် နောက်ပိုင်းမှာ Nvidia Control Panel၊ GeForce Experience တို့ကိုအစားထိုးပြီး ပြန့်ကြဲနေတဲ့ RTX Experience app တွေကို တစ်စုတစ်စည်းတည်းပေါင်းစည်းပေးဖို့ ဖန်တီးတာဖြစ်တယ်လို့ သိရပါတယ်။

Feature တွေအပြည့်အဝမပါသေးပေမယ့် NVIDIA App ဟာ လက်ရှိမှာအောက်မှာဖော်ပြထားတဲ့ feature တွေပါဝင်လာမှာဖြစ်ပါတယ်။

ပေါင်းစည်းထားသည့် Control Center

NVIDIA App မှာ GeForce Experience ရဲ့ Optimal Game Setting နဲ့ NVIDIA Control Panel ရဲ့ 3D Setting တွေကို interface တစ်ခုတည်းအဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Image: NVIDIA

သင့်အနေနဲ့ application တစ်ခုခြင်းဖြစ်စေ (သို့မဟုတ်) game နဲ့ application အားလုံးအတွက် profile တစ်ခုတည်းဖြစ်စေထားရှိနိုင်မှာဖြစ်ပါတယ်။

ပိုမိုကောင်းမွန်လာသည့် Driver အချက်အလက်များ

Nvidia ရဲ့ driver တွေဟာ Game Ready Driver နဲ့ Studio Driver ဆိုပြီးကွဲပြားနေတာကိုသိကြမှာပါ။

Image: NVIDIA

Driver အသစ်တွေထွက်ရှိတိုင်း "အသစ်ဘာပါလဲ" နဲ့ "ဘာတွေပြင်ဆင်ထားလဲ" ဆိုတာတွေကို နားလည်လွယ်အောင် NVIDIA App မှာ ပိုမိုရိုးရှင်းပြီးနားလည်လွယ်မဲ့ ပုံစံနဲ့ပြသပေးမှာဖြစ်ပါတယ်။

ပြန်လည်ပြင်ဆင်ထားသည့် In-Game Overlay

NVIDIA App မှာ In-Game Overlay ကိုလည်းပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ထားတာကိုတွေ့ရပြီး လျှင်မြန်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Image: NVIDIA

ဂိမ်းမာတွေအနေနဲ့ ဂိမ်းကစားနေချိန်မှာတောင် performance overlay ပြောင်းလဲပြင်ဆင်မှုပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Image: NVIDIA

ဒါတင်မက NVIDIA App ရဲ့ Shadowplay အနေနဲ့ 120 FPS ဗီဒီယိုကို capture လုပ်ခွင့်ပေးထားတာမို့ သင့်ရဲ့ record ဗီဒီယိုဟာ အရမ်းကိုချောမွေ့နေမှာပဲဖြစ်ပါတယ်။

AI Freestyle Filter အသစ်များ

NVIDIA Freestyle ဟာ သင့်ကို ဂိမ်းတစ်ခုခြင်းစီအလိုက်ကြိုက်နှစ်သက်တဲ့ အရောင်အသွေးနဲ့ကစားခွင့်ပြုထားပြီး ဂိမ်းပေါင်း ၁၂၀၀ကျော်လောက်အထောက်အပံ့ပေးထားပါတယ်။ အဆိုရင် NVIDIA App မှာ GeForce RTX GPU တွေက Tensor Cores တွေကိုအသုံးချထားတဲ့ AI-powered Freestyle filter တွေလည်းပါဝင်လာပြီး လက်ရှိမှာ RTX Dynamic Vibrance နဲ့ RTX HDR ဆိုပြီး AI filiter ၂ခုတွေ့ရ ပါတယ်။ RTX Dynamic Vibrance ကိုအသုံးပြုမယ်ဆိုရင် ဂိမ်းထဲကအရောင်တွေပိုမိုကြွလာတာကိုတွေ့ရမှာဖြစ်ပါတယ်။

Image: NVIDIA

သင့်မှာ HDR မော်နီတာရှိတယ်ဆိုစေဦး HDR ကိုအထောက်အပံ့ပါဝင်တဲ့ဂိမ်းတွေဟာ အတော်လေးနည်းပါးတာကိုသတိထားမိမှာပါ။ Windows မှာ HDR အထောက်အပံ့မပါတဲ့ဂိမ်းတွေကို HDR ပြောင်းလဲပေးတဲ့ Auto HDR ပါဝင်တယ်ဆိုပေမယ့် DirectX 11 သို့ DirectX 12 ဂိမ်းဖြစ်ဖို့ရာလိုအပ်တာကြောင့် ခေတ်ပေါ်ဂိမ်းတွေအတွက်အဆင်ပြေပေမယ့် ဂိမ်းအဟောင်းတွေမှာ အဆင်မပြေပါဘူး။

Image: NVIDIA

RTX HDR filter ကိုအသုံးပြုမယ်ဆိုရင်တော့ DX12၊ DX11၊ DX9 နဲ့ Vulkan API အသုံးပြုထားတဲ့ ဂိမ်းတွေအထိသုံးစွဲနိုင်တာကြောင့် ယခင်ထက်ပိုမိုကြီးမားတဲ့အကျိုးကျေးဇူးကိုခံစားရမှာပဲဖြစ်ပါတယ်။

GeForce Bundles နှင့် Rewards များကို redeem လုပ်နိုင်ခြင်း

NVIDIA App မှာ in-game content၊ exclusive GeForce NOW premium membership offerတွေနဲ့ အခြား reward တွေရယူနိုင်ပါတယ်။

Image: NVIDIA

လက်ရှိမှာ Call of Duty®: Modern Warfare® III နဲ့ Call of Duty®: Warzone ဂိမ်းအတွက် 1 hour Double XP Boost နဲ့ 1 hour Double Weapon XP Boost ကိုရယူနိုင်တယ်လို့ဖော်ပြထားပါတယ်။

Nvidia App beta ကိုအောက်ပါလင့်ကနေရယူနိုင်ပါတယ်။

Post a Comment

0 Comments