Subscribe Us

header ads

ကလေးသူငယ်များအနေဖြင့် ကုဒ်ရေးသားရန်မလေ့လာသင့်ဘဲ AI ဖြင့်သာဆောင်ရွက်စေသင့်ဟု NVIDIA CEO ဖြစ်သူ Jensen Huang ပြောကြား

Image: NVIDIA

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ World Government Summit မှာ NVIDIA CEO ဖြစ်သူ Jensen Huang က လွန်ခဲ့တဲ့ဆယ်နှစ်သို့ ဆယ့်ငါးနှစ်လောက်က နည်းပညာကျွမ်းကျင်သူ‌ တွေက "လူတိုင်း အထူးသဖြင့် ကလေးတွေဟာ ကုဒ်‌ ရေးသားခြင်းကို လေ့လာထားသင့်‌ကြောင်း" အကြံပေးခဲ့မှုအပေါ် ဆန့်ကျင်တဲ့စကားဆိုခဲ့ပါတယ်။

အစောပိုင်း AI ခေတ်မှာတင် ပရိုဂရမ်ရေးသားခြင်းဟာ အရေးပါတဲ့ကျွမ်းကျင်မှုတစ်ခုမဟုတ်တော့ကြောင်း သူကစောတကတက်ခဲ့ပါတယ်။ "AI ကကုဒ်ရေးသားနိုင်ခြင်းကြောင့် လူသားတွေအနေနဲ့ ဇီဝဗေဒ၊ ပညာရေး၊ ထုတ်လုပ်ရေး သို့မဟုတ် လယ်ယာစိုက်ပျိုးရေးတို့လို ပိုမိုအရေးကြီးတဲ့ကျွမ်းကျင်မှုတွေကိုလေ့လာဖို့ အာရုံစိုက်နိုင်မှာဖြစ်တယ်" လို့ သူကအကြောင်းပြခဲ့ပါတယ်။

“ဘယ်သူမှ ပရိုဂရမ်းမင်းကိုသင်ကြားဖို့မလိုအောင် ကွန်ပြူတာနည်းပညာကို ဖန်တီးပေးရမှာက ကျွန်တော်တို့ရဲ့ အလုပ်ပါ။ ပြီးတော့ ပရိုဂရမ်းမင်းဘာသာစကားက လူသားပါပဲ” လို့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသူတွေကို Jensen Huang က ပြောကြားခဲ့ပါတယ်။ “ကမ္ဘာပေါ်ရှိလူတိုင်းဟာ အခုအချိန်မှာ ပရိုဂရမ်မာတစ်ယောက်ဖြစ်နိုင်ပါပြီ။ ဒါဟာ ဉာဏ်ရည်တုရဲ့ အံ့ဖွယ်ပါပဲ” လို့သူကဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေအနေနဲ့ AI ပရိုဂရမ်းမင်း ဘယ်အချိန်နဲ့ ဘယ်နေရာမှာအသုံးချရမလဲဆိုတာ သိရှိဖို့လိုအပ်နေပါသေးတယ်။ လူတိုင်းကိုကျွမ်းကျင်အောင်လုပ်ပေးဖို့ကအင်မတန်အရေးကြီးပြီး ကျွမ်းကျင်အောင်ပြုလုပ်ပေးတဲ့လုပ်ငန်းစဉ်ဟာ အံ့သြကြည်နူးစရာကောင်းလိမ့်မယ်" လို့ Huang က အခိုင်အမာပြောကြားခဲ့ပါတယ်။

လာမယ့်လတွေနှစ်တွေအတွင်း AI အက်ပလီကေးရှင်းတွေရဲ့ အမှန်တယ်အကျိုးသက်ရောက်မှုကို အချိန်ကသာစကားပြောသွားပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကြာသေးခင်က ChatGPT ပေါ်ထွန်းလာချိန်ကစလို့ အလွတ်တန်းအလုပ်အကိုင်ရရှိမှုအကြောင်း လေ့လာချက်တစ်ရပ်ကို Bloomberry က ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါလေ့လာချက်အရ စာရေးသားခြင်းနဲ့ ဘာသာပြန်အလုပ်တွေက AI ရဲ့ ယှဥ်ပြိုင်မှုကို အများဆုံးခံခဲ့ရတာကိုတွေ့ရပါတယ်။ ဆော့ဖ်ဝဲရေးသားခြင်းအလုပ်ကတော့ ၆ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#AI

Post a Comment

0 Comments