![]() |
Image: Intel |
Intel ဟာ သူတို့ရဲ့ နောက်ဆုံးပေါ် ARC GPU Driver Update နဲ့အတူ Core Ultra 200V (Lunar Lake) CPU Lineup တစ်ခုလုံးမှာ သိသိသာသာ မြင့်မားလာတဲ့ စွမ်းဆောင်ရည်တွေကို ပေးအပ်လိုက်ပါတယ်။ အရင်က ဒီစွမ်းပကားကို MSI ရဲ့ Claw 8 AI+ နဲ့ Claw 7 AI+ Handheld PC ပိုင်ရှင်တွေသာ သီးသန့် ရရှိခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီမြှင့်တင်မှုတွေကို Lunar Lake အသုံးပြုသူတိုင်း ရရှိနိုင်ပြီဖြစ်ပါတယ်။
![]() |
Image: Intel |
ဒီ Driver အသစ်နဲ့အတူ Intel ဟာ Average နဲ့ 99th Percentile Framerate နှစ်မျိုးလုံးမှာ သိသိသာသာ တိုးတက်မှုတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။ Average Framerate တွေက 10% မြင့်တက်လာပြီး 99th Percentile Framerate တွေကတော့ ပျမ်းမျှ 25% တိုးလာပါတယ်။ အခမဲ့ Driver Update တစ်ခုအတွက်တော့ ဒါဟာ မဆိုးဘူးလို့ဆိုနိုင်ပါတယ်။ အမြင့်ဆုံး တိုးတက်မှုက 99th Percentile Framerate တွေဖြစ်တာကြောင့် Gamers တွေအနေနဲ့ ဒီ Driver Update အသစ်နဲ့အတူ Framerate/Frametime ပိုမိုတည်ငြိမ်လာတာကို သိသိသာသာ သတိထားမိကြမှာဖြစ်ပါတယ်။
Intel ရဲ့ အဆိုအရ ဒီစွမ်းဆောင်ရည် တိုးတက်မှုတွေဟာ ပိုမိုကောင်းမွန်တဲ့ စွမ်းအင်သုံးစွဲမှုစီမံခန့်ခွဲရေး (Power Management Optimization )ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီအဆင့်မြှင့်တင်မှုတွေကို အခြား Intel ARC ထုတ်ကုန်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ အသုံးပြုနိုင်မလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
Intel Arc GPU ပါဝင်တဲ့ Intel Core Ultra Series 2 ရဲ့ Intel Driver Release Notes အရ Handheld Gaming Device များအတွက် 32.0.101.6734 တွင် မိတ်ဆက်ပေးခဲ့တဲ့ Power Management Optimization တွေဟာ အခုအခါမှာတော့ Intel Core Ultra 200V Series (codename Lunar Lake) Device များအားလုံးအတွက် ရရှိနိုင်ပြီဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် ပါဝါစားသက်သာတဲ့ Mode တွေမှာ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာပြီး Frame Pacing လည်းတိုးတက်လာမယ်လို့ဆိုပါတယ်။
ဒီ Driver Update အသစ်ဟာ Intel Lunar Lake အသုံးပြုထားတဲ့ PC တွေနဲ့ ဂိမ်းကစားသူတွေအဖို့ အလွန်အကျိုးရှိစေမှာဖြစ်ပါတယ်။ ဒီထဲမှာ Laptop တွေအပြင် PC Gaming Handheld တွေလည်း ပါဝင်ပါတယ်။ Gaming Performance ပိုမိုမြင့်မားလာခြင်းဟာ ဘယ်လိုပဲဖြစ်ဖြစ်သဘာကျစရာကောင်းလှတဲ့အချက်တစ်ခုလို့ဆိုနိုင်ပြီး အထူးသဖြင့် စွမ်းအင်သုံးစွဲမှုကန့်သတ်ထားတဲ့ အခြေအနေတွေမှာ ပိုပြီးတော့တောင်အရေးပါတယ်လို့ဆိုနိုင်ပါတယ်။
Source: OC3D
0 Comments