Image: PCMag/Michael Kan |
Samsung Display က ထုတ်လုပ်လိုက်တဲ့ OLED panel အသစ်ဟာ Virtual Reality (VR) headset တွေရဲ့ ရုပ်ပုံအရည်အသွေးကို တစ်လက်မမှာ pixel ပေါင်း ၅,၀၀၀ (5,000 PPI) အထိ သိသိသာသာ တိုးမြှင့်ပေးနိုင်တော့မှာ ဖြစ်ကာ Meta Quest 3 ထက် လေးဆကျော် ပိုများတဲ့ ပမာဏဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဆန်ဟိုဆေးမြို့မှာကျင်းပခဲ့တဲ့ SID Display Week ပြပွဲမှာ Samsung က VR ထုတ်ကုန်တွေထဲမှာ ထည့်သွင်းနိုင်လောက်အောင် သေးငယ်ကျစ်လစ်တဲ့ ၁.၄ လက်မအရွယ် panel တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆိုပါ RGB OLED on Silicon (OLEDoS) နည်းပညာသစ်ဟာ ယခင်ကထက် ပိုပြီးသက်ဝင်လှုပ်ရှားတဲ့ပုံရိပ်တွေနဲ့ 8K ထက်ပိုမြင့်တဲ့ resolution တွေကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဒီ panel ဟာ 5,000 PPI ရှိသလို 120Hz refresh rate နဲ့ brightness ကိုလည်း 15,000 nits အထိရောက်အောင် လုပ်ဆောင်နိုင်ပြီး၊ color gamut coverage ကိုလည်း ၉၉% အထိ ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။
Panel က သေးငယ်ပေမဲ့ အလွန်ကြည်လင်ပြတ်သားပြီး တောက်ပတဲ့ ပုံရိပ်တွေကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ Pixel သိပ်သည်းဆက အရမ်းကိုမြင့်မားတဲ့အတွက် မျက်နှာပြင်ပေါ်က pixel တစ်ခုချင်းစီ သတိထားကြည့်တဲ့အခါတောင် မြင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် VR မှာ ကြည့်တဲ့အခါ ဖြစ်လေ့ရှိတဲ့ screen door effect ကို လုံးဝဖယ်ရှားပေးမှာ ဖြစ်ပါတယ်။
နောက်ထပ် သရုပ်ပြမှုတစ်ခုမှာတော့ Samsung က ဒီ OLEDoS panel ဟာ pixel သိပ်သည်းဆကို 4,200 PPI အထိ လျှော့ချလိုက်တဲ့အခါ brightness ကို 20,000 nits ကျော်အထိ ရောက်ရှိနိုင်တယ်ဆိုတာကို ပြသခဲ့ပါသေးတယ်။ VR အတွက်သာမက ဒီ ၁.၄ လက်မ panel ဟာ သာမန် စမတ်နာရီမျက်နှာပြင် အရွယ်အစားလောက်ပဲ ရှိတယ်လို့လည်း Samsung က မှတ်ချက်ပြုထားပါတယ်။
![]() |
Image: PCMag/Michael Kan |
ဘာပြဿနာမှမပေါ်လာခဲ့ရင် Samsung အနေနဲ့ VR အတွက် OLEDoS panel တွေကို ၂၀၂၅ ခုနှစ် ကုန်ပိုင်းလောက်မှာ အမြောက်အများ စတင်ထုတ်လုပ်နိုင်ဖွယ်ရှိနေပါတယ်။ ဒါကြောင့် ဒီနည်းပညာဟာ လက်ရှိ 3,386 PPI သာရှိတဲ့ Apple ရဲ့ Vision Pro လိုမျိုး အဆင့်မြင့် VR headset တွေမှာလည်း မကြာခင် ပါဝင်လာနိုင်ခြေရှိနေပါတယ်။
![]() |
Image: PCMag/Michael Kan |
ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ LG Display ကလည်း အလားတူနည်းပညာမျိုးကို ကြိုးစားဖန်တီးနေပါတယ်။ သူတို့ကလည်း မနှစ်က Display Week ပြပွဲမှာ အလွန်မြင့်မားတဲ့ 4,175 PPI သိပ်သည်းဆရှိတဲ့ သူတို့ရဲ့ကိုယ်ပိုင် micro OLED panel ကို ပြသခဲ့ဖူးပါတယ်။
Source: PCMag
0 Comments