Subscribe Us

header ads

Scape Wireless Headsetဖြင့် Audio လောကသို့ စတင်ဝင်ရောက်လာမည့် Fractal Design

Image: Fractal Design

သပ်ရပ်ခန့်ညားလှတဲ့ ကွန်ပျူတာ Case တွေကြောင့် နာမည်ကြီးတဲ့ ဆွီဒင်နိုင်ငံအခြေစိုက် Fractal Design ဟာ လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ Scape ဆိုတဲ့ ကြိုးမဲ့နားကြပ်ကို မိတ်ဆက်ပြီး Audio ဈေးကွက်ထဲကို ဝင်ရောက်တော့မှာပါ။ ဒီနားကြပ်ဟာ စကင်ဒီနေးဗီးယန်း ဒီဇိုင်းနဲ့ အလွန်သေသပ်တဲ့ ပုံစံကို ပိုင်ဆိုင်ထားပါတယ်။ Scape ကြိုးမဲ့နားကြပ်မှာ အရည်အသွေးမြင့် ကြိုးမဲ့အသံအပြင် ခေတ်မီတဲ့ ပုံစံနဲ့ ခံစားမှုကို ပေးစွမ်းဖို့ Fractal က ရည်ရွယ်ထားပါတယ်။

Image: Fractal Design

Scape ကို အနက်ရောင်နဲ့ အဖြူရောင်နဲ့ အနက်ရောင် ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာပါ။ ဒီနားကြပ်ဟာ Bluetooth 5.3 ကို အသုံးပြုပြီး စက်ပစ္စည်းအများအပြားနဲ့ ချိတ်ဆက်နိုင်သလို ကြိုးမဲ့ USB Dongle နဲ့လည်း Latency နည်းတဲ့ ကြိုးမဲ့ချိတ်ဆက်မှုကို ပံ့ပိုးပေးမှာပါ။ ဒီနားကြပ်မှာ ဖြုတ်တပ်လို့ရတဲ့ မိုက်ခရိုဖုန်းလည်းပါဝင်ပြီး အလွယ်တကူခေါက်ထားလို့ရသလို မိုက်ကိုအပေါ်ကိုတင်လိုက်တာနဲ့ မိုက်အသံကိုအလွတ်တကူပိတ်ပေးနိုင်တဲ့ "flip-to-mute" လည်းပါဝင်ပါတယ်။

Image: Fractal Design

Scape ရဲ့ ဈေးနှုန်းကတော့ $199.99 ရှိတာကြောင့် ဈေးကြီးတဲ့ နားကြပ်လို့ ဆိုနိုင်ပေမယ့် Fractal ကတော့ Scape ဟာ အရည်အသွေးမြင့်သလို ဆော့ဖ်ဝဲလ်သွင်းထားစရာ မလိုတဲ့ အတွေ့အကြုံကို ပေးစွမ်းမယ်လို့ ကတိပြုထားပါတယ်။ နားကြပ်မှာ LED မီးရောင်တွေကို ချိန်ညှိနိုင်သလို စိတ်ကြိုက်ပြောင်းလဲလို့ရတဲ့ အသံချိန်ညှိမှုတွေကိုလည်း ထည့်သွင်းပေးထားတယ်လို့ဆိုပါတယ်။ Fractal မှာ နားကြပ်အတွက် အွန်လိုင်း Configuration Tool လည်း ရှိတာကြောင့် သုံးစွဲသူတွေဟာ နှစ်သက်သလို နားကြပ်ကို လွယ်လွယ်ကူကူ ပြောင်းလဲနိုင်ပြီး Login ဝင်ထားစရာ ဒါမှမဟုတ် ဆော့ဖ်ဝဲလ်ကို ဒေါင်းလုပ်ဆွဲထားစရာ မလိုဘူးလို့ဆိုပါတယ်။

Image: Fractal Design

Fractal က  MSRP ဈေးနှုန်းကို $199.99 အဖြစ် အတည်ပြုထားပေမယ့် ဒေသတွင်း အခွန်တွေနဲ့ အခြားအချက်တွေကြောင့် ဈေးနှုန်းတွေ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ Scape နားကြပ်ကို ဇွန်လ ၂၈ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


Source: Fractal Design and OC3D

Post a Comment

0 Comments