![]() |
Image: AMD |
AMD ဟာ Computex ပွဲမှာ FSR 4 အတွက် "Redstone" Update ကို မိတ်ဆက်ခဲ့ပြီး AMD ရဲ့ Ray Tracing လုပ်ဆောင်ပုံကို ပြောင်းလဲစေမှာ ဖြစ်ပါတယ်။ ဒီ Update နဲ့အတူ AMD ဟာ Path Tracing မှာ Nvidia နဲ့ တန်းတူ ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ တစ်နည်းအားဖြင့် AMD ဟာ Nvidia ရဲ့ အကြီးမားဆုံး နည်းပညာအောင်မြင်မှုတွေအတွက် နောက်ဆုံးမှာ တုံ့ပြန်မှုတစ်ခုကို ယူဆောင်လာနိုင်ခဲ့ပါပြီ။
Hardware-accelerated Ray Tracing စတင်ပေါ်ပေါက်လာချိန်ကတည်းက ဂိမ်းတွေမှာ Path Tracing ပါဝင်လာမှုဟာ နှောင့်နှေးနေဆဲပါပဲ။ Brute Force Path Tracing နည်းလမ်းဟာ အသုံးပြုဖို့မလွယ်ကူတာကြောင့် ဂိမ်းနဲ့ဟာ့ဒ်ဝဲ Developer တွေဟာ ယနေ့ခေတ် Graphics Card တွေကနေ စွမ်းဆောင်ရည်အများဆုံး ညှစ်ထုတ်နိုင်ဖို့အတွက် လိမ္မာပါးနပ်တဲ့ နည်းလမ်းတွေ အသုံးပြုဖို့ရာလိုအပ်ပါတယ်။
![]() |
Image: AMD |
FSR 4 "Redstone" ကြောင့် AMD ဟာ Path Tracing ကို ပိုမိုထိရောက်အောင်ဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် AI ဆန်းသစ်တီထွင်မှုတွေကို အသုံးပြုပြီး Path-Traced Game တွေဟာ Radeon RDNA 4 architecture အသုံးပြုထားတဲ့ Hardware တွေပေါ်မှာ လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။
AMD FSR 4 Redstone – Off VS On!
Path Tracing ဟာ AMD ရဲ့ AI enhancement တွေ မပါဝင်ရင် ရုပ်ထွက်ပိုင်းကို အတော်လေးထိခိုက်နိုင်ပါတယ်။ Denoising မပါဝင်ခဲ့ရင် ပုံရိပ်တွေဟာ အစက်အပြောက်ထနေပြီး အသေးစိတ်ကျမှာမဟုတ်ပါဘူး။ Ray တွေကို ပိုမိုအသုံးပြုခြင်းအားဖြင့် ဒါကို တိုက်ဖျက်နိုင်တယ်ပေမယ့် မြားပြားလှတဲ့ Raw Ray Tracing Power ကို လိုအပ်မှာဖြစ်ပါတယ်။ AMD ဟာ မျိုးဆက်သစ် GPU Hardware တွေကို စောင့်ဆိုင်းနေမယ့်အစား AI ကို အသုံးပြုပြီး ပိုမိုမြင့်မားပြီးအသေးစိတ်ကျတဲ့ ရုပ်ထွက်ရရှိအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။
![]() |
Image: AMD |
AMD ရဲ့ FSR "Redstone" ပြောင်းလဲမှုမှာ အဆင့် ၁ အနေနဲ့ "Neural Radiance Caching" ကို ထည့်သွင်းခြင်းဖြစ်ပြီး ဒါဟာ အလင်းတိုက်ရိုက်မကျတဲ့ဒေတာတွေကို ခန့်မှန်းပြီး သိမ်းဆည်းပေးပါတယ်။ ဒီနည်းလမ်းကြောင့် AMD ဟာ အသေးစိတ်တိကျမှုကို ထိန်းသိမ်းထားရင်း Ray Count တွေကို တုပပြီး တိုးမြှင့်လို့ရစေပါတယ်။
![]() |
Image: AMD |
အဆင့် ၂ မှာတော့ Ray Regeneration ဆောင်ရွက်ခြင်းပါ။ ဒီနည်းပညာဟာ Nvidia ရဲ့ DLSS Ray Reconstruction လိုမျိုးပါပဲ။ ဒါဟာ Smart Denoising Solution အဖြစ် လုပ်ဆောင်တဲ့ လေ့ကျင့်ပြီးသား Neural Network တစ်ခုကို အသုံးပြုပါတယ်။ သာမန် Denoiser တွေနဲ့မတူဘဲ ရိုးရာနည်းလမ်းတွေက စွန့်ပစ်လိုက်မယ့် ဒေတာတွေကို အသုံးပြုပြီး Pixel တွေကို တိကျစွာ ပြန်လည်ဖန်တီးနိုင်ပါတယ်။ ဒါက ပိုမိုတိကျတဲ့ အဆုံးသတ်ပုံရိပ်တွေကို ဖန်တီးပေးပြီး Ray Count တိုးမြှင့်စရာမလိုဘဲ ပိုမိုပြတ်သားတဲ့ သေးစိတ်တိကျမှုကို ရရှိစေပါတယ်။
![]() |
Image: AMD |
နောက်ဆုံးအနေနဲ့ကတော့ AMD ရဲ့ ပုံမှန် FSR 4 Upscaling နဲ့ Frame Generation နည်းပညာတွေကို အသုံးပြုတာဖြစ်ပါတယ်။ "Redstone" နဲ့အတူ AMD ဟာ ပိုမိုမြင့်မားတဲ့ Resolution တွေမှာ Frame တွေကို ခန့်မှန်းပြီး ပြန်လည်တည်ဆောက်နိုင်တဲ့ "Enhanced ML Model" တစ်ခု ပါဝင်လာမယ်လို့ ကတိပြုထားပါတယ်။ ဆိုလိုတာက AMD ရဲ့ FSR 4 AI Upscaling နည်းပညာဟာ မကြာခင်မှာ AI Model အသစ်တစ်ခုနဲ့ ပိုမိုကောင်းမွန်လာမလားဆိုတာကတော့ မသေချာသေးပါဘူး။ AMD ဟာ Computex မှာ ဒီအချက်ကို အနည်းငယ်သာပြောဆိုခဲ့တယ်ဆိုပေမယ့် ဒီနှစ်နှောင်းပိုင်းမှာ "Redstone" အကြောင်း ပိုသိဖို့ မျှော်လင့်ရပါတယ်။
![]() |
Image: AMD |
နောက်ထပ်အနေနဲ့ AMD က FSR 4 Frame Generation မှာ မကြာခင်မှာ "ML Model" ဗားရှင်းအသစ်တစ်ခု ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါဟာ AMD ရဲ့ လက်ရှိ Non-ML Frame Generation Solution ထက် ပိုမိုမြင့်မားတဲ့ အရည်အသွေးရလဒ်တွေကို ပေးစွမ်းနိုင်မှာပါ။ ဒါကတော့ သင့်တော်တဲ့ GPU တွေ အသုံးပြုသူတွေဟာ Frame Generation ကို အသုံးပြုပြီး ပိုမိုမြင့်မားတဲ့ ပုံရိပ်အရည်အသွေးကို ရရှိစေမှာပါ။ Nvidia ဟာ DLSS Multi-Frame Generation နဲ့ frame ပမာဏတိုးပွားလာမှုအပေါ် အာရုံစိုက်နေချိန်မှာ AMD ဟာ အရည်အသွေးအပေါ် ကိုသာ အာရုံစိုက်နေတာကို တွေ့ရပါတယ်။
![]() |
Image: AMD |
"Redstone" နဲ့အတူ AMD ဟာ Nvidia ရဲ့ အဆင့်အမြင့်ဆုံး Ray Tracing နည်းပညာတွေအတွက် တုန့်ပြန်မှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီနည်းပညာတွေဟာ အနာဂတ်ဂိမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးမှာဖြစ်သလို Developer တွေအတွက်လည်း သူတို့ရဲ့ ဂိမ်းတွေမှာ အဆင့်မြင့် Ray Tracing မှာ အသုံးပြုလာဖို့ အကြောင်းပြချက်တွေ ပိုမိုပေးအပ်နိုင်လာမှာပါ။
AMD ဟာ FSR 4 Redstone ကို မိတ်ဆက်ခဲ့ပေမယ့် ဖြန့်ချီခဲ့ခြင်းတော့ မရှိသေးပါဘူး။ AMD က FSR 4 "Redstone" ကို ဒီနှစ်နှောင်းပိုင်းမှာ ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ အဲဒီအချိန်မတိုင်ခင်အထိတော့ Nvidia ဟာ အဆင့်မြင့် Ray Tracing/Path Tracing မှာ AMD ထက် ဦးဆောင်နေဆဲလို့ဆိုနိုင်ပါတယ်။
Source: OC3D
0 Comments