Subscribe Us

header ads

Sid Meier’s Civilization VI: Platinum Edition နှင့် There Is No Game: Wrong Dimension ဂိမ်းများကို အခမဲ့ရယူပါ

Image: Epic Games

Epic Games ကနေ ဒီအပတ်အတွက် PC, Android နဲ့ iOS (EU Region) တို့အတွက် အခမဲ့ဂိမ်းတွေ ထပ်မံရယူခွင့်ပေးလိုက်ပြန်ပါပြီ။ PC အတွက် ဂိမ်း ၁ ခု၊ Android နဲ့ iOS (EU Region) တို့အတွက် ဂိမ်း ၁ ခုကို ဇူလိုင်လ ၂၄ ရက်နေ့အထိ ရယူနိုင်မှာ ဖြစ်ပါတယ်။

PC အတွက် ဒီအပတ်မှာ နာမည်ကျော် Sid Meier’s Civilization VI: Platinum Edition (Strategy, Turn-Based, Turn-Based Strategy) ကို ရယူနိုင်ပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး အခမဲ့ ရယူနိုင်ပြီး Expension ၂ခုနဲ့ DLC ၆ခုပါဝင်တဲ့ Edition ဖြစ်ပါတယ်။ https://store.epicgames.com/en-US/free-games

Android နဲ့ iOS (EU Region) အသုံးပြုသူတွေအတွက်လည်း There Is No Game: Wrong Dimension ဂိမ်းကို အခမဲ့ပေးနေပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပြီး PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။

https://store.epicgames.com/en-US/download/android

လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ PC အတွက် Legion TD 2 ကို အခမဲ့ပေးအပ်သွားမယ်လို့သိရပါတယ်။

Source: Epic Games


Post a Comment

0 Comments