![]() |
Image via TechSpot |
အခုဆိုရင် install လုပ်နိုင်ပြီဖြစ်တဲ့ SteamOS 3.7.8 မှာ Lenovo Legion Go S အတွက် တရားဝင်အထောက်အပံ့ ပါဝင်လာပြီး Asus ROG Ally အပါအဝင် တခြားလက်ကိုင် gaming PC တွေနဲ့လည်း ပိုပြီးကိုက်ညီအောင် ပြုလုပ်ပေးထားပါတယ်။ ဒီ release ကြောင့် အဲဒီ device တွေရဲ့ သုံးစွဲသူအတွေ့အကြုံကို သိသိသာသာ ပြောင်းလဲသွားစေနိုင်ပါတယ်။
SteamOS ရဲ့ gamepad-friendly interface ဟာ Windows 11 ထက်စာရင် သေးငယ်တဲ့ screen တွေနဲ့ ပိုသင့်တော်ပြီး Steam Deck ကို ပိုအားကောင်းတဲ့ portable PC တွေထက် သာလွန်တဲ့ အားသာချက်တစ်ခု ပေးထားပါတယ်။ Valve သူတို့ရဲ့ Linux အခြေခံ OS ကို မကြာသေးခင်က အဆင့်မြှင့်တင်မှုတွေပြုလုပ်ရင်း ကျယ်ပြန့်တဲ့ release plan တွေရုပ်လုံးပေါ်လာခဲ့ပြီး နောက်ဆုံး patch မှာတော့ သုံးစွဲသူတွေအတွက်ပါ စမ်းသပ်သုံးစွဲခွင့်ပေးလိုက်ပါပြီ။ Operating system ဟာ အခုဆိုရင် ပိုမိုသစ်လွင်တဲ့ Arch အခြေခံ Linux ကို သုံးထားပြီး Linux kernel ကိုလည်း version 6.11 ကိုမြှင့်တင်ထားကာ desktop mode ကိုတော့ Plasma 6.2.5 မှာ လည်ပတ်စေမှာဖြစ်ပါတယ်။
![]() |
Image via TechSpot |
စမ်းသပ်သုံးစွဲချင်သူတွေအနေနဲ့ SteamOS recovery image ကို download ဆွဲပြီး Valve ရဲ့ setup instruction တွေအတိုင်း လိုက်လုပ်ရမှာပါ။ Valve ဟာ 3.7.8 ကို လက်ကိုင် device တွေအတွက် အထူး optimize လုပ်ထားပေမဲ့ လက်ရှိမှာတော့ AMD hardware နဲ့ NVMe SSD ပါတဲ့ PC တွေကိုပဲ support ပေးပါသေးတယ်။
![]() |
Image via TechSpot |
ဒီ system requirement တွေဟာ Ryzen 8840U၊ Ryzen AI HX 370၊ Ryzen Z1 နဲ့ Ryzen Z2 တို့လို အလားတူ AMD APU တွေပေါ်မှာ တည်ဆောက်ထားတဲ့ device တွေမှာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ Valve ဟာ မူလ Lenovo Legion Go နဲ့ ROG Ally အတွက် သီးသန့် installation instruction တွေကို ပေးထားပါတယ်။ ဒါပေမဲ့ နောက်ဆုံး build မှာ GPD Win၊ Ayaneo 3 နဲ့ Zotac Zone တို့လို အခြားလက်ကိုင် PC တွေကိုပါ သီအိုရီအရ အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ Intel ချပ်စ်ကိုအသုံးပြုထားတဲ့ MSI Claw ကတော့ အထောက်အပံ့ မရသေးတဲ့ တစ်ခုတည်းသော portable PC ဖြစ်ပြီး Valve က Intel ကို ထပ်မံအထောက်အပံ့ပေးဖို့ အစီအစဉ်ရှိလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
စွန့်စားလိုသူတွေကတော့ "AMD hardware" ဆိုတာ desktop တွေ ဒါမှမဟုတ် တခြား Ryzen အခြေခံ form factor တွေကိုပါ အကျုံးဝင်သလားဆိုတာ စူးစမ်းရှာဖွေကြမှာဖြစ်ပါတယ်။ SteamOS က Radeon dedicated GPU တွေနဲ့ alternative wireless chip တွေကို support လုပ်မလားဆိုတာလည်း အသေအချာမသိရသေးပါဘူး။
ဒီ update မှာ အသုံးဝင်တဲ့ feature အသစ်တစ်ခုပါလာပြီး အဲဒါကတော့ သုံးစွဲသူတွေကို battery charge limit သတ်မှတ်ခွင့်ပေးတာဖြစ်ပြီး Valve ကတော့ ခဏခဏ dock လုပ်ပြီးသုံးတဲ့ device တွေရဲ့ battery သက်တမ်းပိုရှည်အောင် 80% မှာ ကန့်သတ်ထားဖို့ အကြံပြုထားပါတယ်။ ဒါဟာ Nintendo က မကြာခင်ထွက်ရှိလာမယ့် Switch 2 အတွက် မိတ်ဆက်ပေးခဲ့တဲ့ 90% ကန့်သတ်ထားတာနဲ့ ဆင်တူပါတယ်။ SteamOS 3.7.8 မှာ internal နဲ့ external VRR display တွေအတွက် frame rate limit တွေလည်း ထပ်မံဖြည့်စွက်ထားပြီး Bluetooth controller တွေကတော့ မူလ LCD Steam Deck ကို sleep mode ကနေ wake up လုပ်နိုင်ပါပြီ။ 3.7 build တွေထဲမှာ ပထမဆုံး stable channel ကို ရောက်လာတဲ့ version ဖြစ်တဲ့အတွက် feature အများအပြားကလည်း beta အဆင့်ကို ကျော်လွန်လာခဲ့ပါပြီ။
Lenovo ကတော့ လာမယ့်အပတ်တွေအတွင်းမှာ Legion Go S ကို SteamOS pre-install လုပ်ပြီး Windows 11 version ထက် သိသိသာသာသက်သာတဲ့ဈေးဖြစ်တဲ့ $499 နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
Source: TechSpot
0 Comments