Subscribe Us

header ads

တစ်ပတ်အတွင်း နည်းပညာသတင်းများ

တစ်ပတ်အတွင်း နည်းပညာသတင်းတိုတွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။

Simulation Hardware ဈေးကွက်ထဲဝင်ရောက်လာတဲ့ Turtle Beach

နာမည်ကျော် Gaming Accessories ထုတ်လုပ်သူဖြစ်တဲ့ Turtle Beach ဟာ ယနေ့မှာ Xbox Recon Controller နဲ့ VelocityOne Flight simulation control system ကိုကြေညာခဲ့ပါတယ်။




Microsoft Flight Simulator ကြောင့် simulation hardwareတွေဈေးကွက်ထဲရောင်းမလောက်ဖြစ်နေချိန်မှာ Turtle Beach ဟာ Velocity One ကိုမိတ်ဆက်ပေးခဲ့တာပါ။



Velocity One ကို Xbox နဲ့ PC သမားတွေအတွက်ရည်ရွယ်ထားပြီး Xbox ပေါ်ရောက်လာမယ့် Microsoft Flight Simulator ကိုကောင်းစွာကိုင်တွယ်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ ဈေးနှုန်းကတော့ $349.95လို့ဆိုပါတယ်။

Rainbow Six Siege အတွက် DLSS



Nvidia ရဲ့ DLSS ဟာ Rainbow Six Siege အတွက် ရရှိလာပြီဖြစ်ပြီး RTX 2060 တောင်မှ 4K မှာ 100FPS အထိရရှိလာခဲ့ပြီဖြစ်ပါတယ်။

ဂျာမနီမှာ chip တွေထုတ်မည့် Intel



Intel ဟာ ဥရောပဒေသအတွက် chipတွေထုတ်လုပ်မည့်စက်ရုံတစ်ခုကို ဘာဗေးရီးယားပြည်နယ်မှာတည်ဆောက်ဖို့ ဂျာမနီအစိုးနှင့်ညှိနှိုင်းလျက်ရှိတယ်လို့သိရပါတယ်။ ဒီသတင်းကို ဂျာမနီစီးပွားရေးဝန်ကြီး Hubert Aiwanger ကရိုက်တာသတင်းကနေအတည်ပြုပေးထားပါတယ်။ ဒီလိုစက်ရုံတည်ဆောက်ရခြင်းဟာ ကမ္ဘာတစ်လွှား chip ပြတ်လပ်မှုတွေကိုကာကွယ်ဖို့နဲ့ ဥရောပနဲ့အမေရိကန်မှာ ထုတ်လုပ်မှုတိုးတက်လာစေဖို့ဖြစ်ပါတယ်။

AMD FidelityFX Super Resolution ရရှိမည့် ဂိမ်းစာရင်းပေါက်ကြား



DLSS နည်းပညာကဲ့သို့ နည်းပညာဖြစ်သည့် AMD ၏ FidelityFX Super Resolution ကိုအထောက်အပံ့ပေးမည့် ဂိမ်းစာရင်း Videocardz မှ ပေါက်ကြားလာပါတယ်။ FidelityFX Super Resolution မှာတော့ Nvidia DLSS လို သီးသန့် Tensor Core လိုသီးခြား hardware မလိုအပ်ပဲ GPU Open အပေါ်အခြေခံထားတာဖြစ်လို့ RX 480 နဲ့ GTX 1060 လိုကတ်အ‌ဟောင်းတွေမှာပါ FPS တိုးလာအောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။

Forza ဂိမ်းအသစ်



ကားချစ်သူတွေ အကြိုက် Forza Horizon 5 ဟာ နိုဝင်ဘာလမှာထွက်ရှိလာမှာဖြစ်ပြီး Ray Tracing ကိုပါအထောက်အပံ့ပေးလာပါမယ်။ ဒီတစ်ခါမှာတော့ မက်ဆီကိုမှာကစားရမှာပါ။


Windows OS အသစ်



Windows 10 ကို နောက်ဆုံး Windows လို့ Microsoft အနေနဲ့ကြေညာခဲ့ပေမယ့် ၂၀၂၅ခုနစ် အောက်တိုဘာလ ၁၄ရက်နေ့မှာ Windows 10 Home, Pro, Pro Education နဲ့ Pro for Workstations အနားပေးတော့မှာပါ။ အသစ်ပြောင်းလဲလာတဲ့ CPU Architecture တွေကြောင့် ပိုမိုကိုက်ညီမယ့် Windows

အသစ်ကို Microsoft ကဖန်တီးလိုပုံပေါ်ပါတယ်။ အသစ်ထွက်လာမည့် Windows ဟာ ARM CPU တွေနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်လို့ယူဆရပါတယ်။ နာမည်အတိအကျမသိရသေးပေမယ့် Windows 11 လို့သာသိထားရပြီး Microsoft က ၂၄ရက်နေ့မှာ‌ ကြေညာလာဖွယ်ရှိပါတယ်။



Linus Tech Tips မှာ Windows 11 ကို Virtual Box ပေါ်တင်ပြီး စမ်းသပ်ပြသွားသလို Red Dead Redemption 2 ဂိမ်းပါဆော့ပြသွားပါတယ်။

#EnThueTech
#News

Post a Comment

0 Comments