Subscribe Us

header ads

Microsoft က Windows 11 တွင် Xbox Controller များ၏ အလုပ်လုပ်ပုံကို ပြောင်းလဲနေ

Image: Microsoft

Microsoft ဟာ Windows 11 မှာ Xbox controller တွေ အလုပ်လုပ်တဲ့ပုံစံတစ်ခုကို စတင်ပြောင်းလဲစမ်းသပ်နေပါပြီ။ ဒီပြောင်းလဲမှုအရ Xbox controller ပေါ်က Xbox ခလုတ်ကို အသုံးပြုပြီး app တွေနဲ့ ဂိမ်းတွေကြား ကူးပြောင်းနိုင်ဖို့ Windows 11 ရဲ့ Task View ကို အလွယ်တကူ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ မိတ်ဆက်ပေးလိုက်တဲ့ ပြောင်းလဲမှုအသစ်ကတော့ Xbox ခလုတ်ကို ဖိထားလိုက်တဲ့အခါ Task View ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်" လို့ Microsoft ရဲ့ Windows Insider team က ရှင်းပြပါတယ်။ "Xbox ခလုတ်ကို ဆက်တိုက်ဖိပြီး ကိုင်ထားမယ်ဆိုရင်တော့ controller ကို ပိတ်သွားမှာ ဖြစ်ပါတယ်" လို့လည်း ဆိုပါတယ်။

ဒီပြောင်းလဲမှုဟာ Microsoft က Windows 11 နဲ့ အသုံးပြုတဲ့ လက်ကိုင်ဂိမ်းစက် (handheld gaming PCs) တွေအတွက် လုပ်ဆောင်နေတဲ့ အပြောင်းအလဲတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မကြာခင်ထွက်ရှိလာမယ့် Xbox Ally device တွေမှာ Xbox ခလုတ်တစ်ခု ပါဝင်လာမှာဖြစ်ပြီး အဲ့ဒီခလုတ်ကို ကြာကြာဖိထားခြင်းဖြင့် လက်ကိုင်ဂိမ်းစက်နဲ့ အဆင်ပြေအောင် ပြုလုပ်ထားတဲ့ task switcher ကို ဖွင့်ပေးမှာပါ။ Microsoft ဟာ လက်ကိုင်ဂိမ်းစက်တွေပေါ်က task switcher ကို animation အသစ်တွေနဲ့ ပြုပြင်ပြောင်းလဲထားပေမဲ့ ဒီ interface အသစ်က Windows 11 gaming PC အားလုံးမှာ ရမရဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိမှာလည်း Windows 11 မှာ controller ပေါ်က Xbox ခလုတ်ကို တစ်ချက်နှိပ်ရုံနဲ့ Game Bar ကိုဖွင့်ပြီး widget တွေ၊ ဂိမ်းတွေနဲ့ performance အချက်အလက်တွေကို ကြည့်ရှုနိုင်ပါတယ်။ Microsoft ဟာ ဒီပြောင်းလဲမှုကို Dev Channel မှာရှိတဲ့ Windows Insider တွေနဲ့ စတင်စမ်းသပ်နေပြီဖြစ်လို့ လာမဲ့လအနည်းငယ်အတွင်း Windows 11 သုံးစွဲသူအားလုံးဆီကို ရောက်ရှိလာမှာဖြစ်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: The Verge

Post a Comment

0 Comments