![]() |
Image: AMD |
AMD ဟာ Workstation နဲ့ High-End Desktop (HEDT) ဈေးကွက်ကို ပစ်မှတ်ထားတဲ့ Ryzen Threadripper 9000 Series "Shimada Peak" Processor တွေကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Processor တွေမှာ Zen 5 Core ၉၆ ခုနဲ့ Thread ၁၉၂ ခုအထိ ပါဝင်ပြီး ပြိုင်ဘက် Intel Xeon Chip တွေထက် စွမ်းဆောင်ရည် ၂.၂ ဆအထိ ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။
![]() |
Image: AMD |
xTR5 Socket အတွက် ဒီဇိုင်းထုတ်ထားတဲ့ Shimada Peak Platform မှာ Threadripper Pro 9000 WX နဲ့ Threadripper 9000 Series ဆိုပြီး ကွဲပြားခြားနားတဲ့ မျိုးနွယ်၂ခု ပါဝင်ပါတယ်။ Pro Lineup မှာ SKU (Stock Keeping Unit) ခြောက်မျိုး ပါဝင်ပြီး 9995WX က ရှေ့ဆုံးကနေ ဦးဆောင်နေပါတယ်။ 9995WX မှာ Core ၉၆ ခုနဲ့ Thread ၁၉၂ ခု ပါဝင်ပြီး Base Clock 2.5GHz၊ Boost Clock 5.4GHz နဲ့ L3 Cache 384MB ပါဝင်ပါတယ်။
![]() |
Image: AMD |
Pro Lineup မှာ ပါဝင်တဲ့ ကျန်တဲ့ SKU တွေကတော့ Core ၆၄ ခုနဲ့ Thread ၁၂၈ ခုပါတဲ့ 9985WX၊ Core ၃၂ ခုနဲ့ Thread ၆၄ ခုပါတဲ့ 9975WX၊ Core ၂၄ ခုနဲ့ Thread ၄၈ ခုပါတဲ့ 9965WX၊ Core ၁၆ ခုနဲ့ Thread ၃၂ ခုပါတဲ့ 9955WX နဲ့ Core ၁၂ ခုနဲ့ Thread ၂၄ ခုပါတဲ့ 9945WX တို့ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Entry-Level 9945WX မှာ 4.7GHz နဲ့ အမြင့်ဆုံး Base Clock ပါဝင်ပါတယ်။
Pro မော်ဒယ်အားလုံးမှာ အမြင့်ဆုံး Boost Frequency ကို 5.4GHz အထိ ပေးနိုင်ပြီး PCIe 5.0 Lane ၁၂၈ ခုအထိ ထောက်ပံ့ပေးထားပါတယ်။ TDP ကတော့ 350W ရှိပြီး 8-channel DDR5-6400 ECC Memory ကိုလည်း အထောက်အပံ့ပေးပါတယ်။
![]() |
Image: AMD |
Threadripper 9000 (Non-Pro) မှာ SKU ၃မျိုး ပါဝင်ပါတယ်။ Core ၆၄ ခုနဲ့ Thread ၁၂၈ ခုပါတဲ့ 9980X၊ Core ၃၂ ခုနဲ့ Thread ၆၄ ခုပါတဲ့ 9970X နဲ့ Core ၂၄ ခုနဲ့ Thread ၄၈ ခုပါတဲ့ 9960X တို့ ဖြစ်ပါတယ်။ ထိပ်တန်း 9980X မှာ Base Clock 3.2GHz၊ Boost Clock 5.4GHz နဲ့ L3 Cache 256MB ပါဝင်ပါတယ်။ မော်ဒယ်အားလုံးဟာ quad-channel DDR5-6400 Memory ကို ထောက်ပံ့ပေးပြီး TDP က 350W ရှိကြပါတယ်။
![]() |
Image: AMD |
AMD ရဲ့ အဆိုအရ Processor အသစ်တွေဟာ ယခင်မျိုးဆက်တွေထက် Threaded Workload တွေမှာ စွမ်းဆောင်ရည် ၂၂ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်လာတယ်လို့ဆိုပါတယ်။ ဒီတိုးတက်မှုဟာ Zen 4 ကနေ Zen 5 Architecture ကို ပြောင်းလဲလိုက်ခြင်းကြောင့်သာမက Compute Die တွေအတွက် 5nm ကနေ 4nm Process Node အရွယ်အစားကို ကူးပြောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီ Chip တွေဟာ AVX-512 Instruction တွေကိုလည်း ထောက်ပံ့ပေးပြီး သက်ဆိုင်ရာ Application တွေမှာ စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။
Threadripper CPU တွေဟာ AI Development၊ 3D Modeling နဲ့ Ultra-High-Resolution Video Editing တို့လို ပရော်ဖက်ရှင်နယ်လုပ်ငန်းတွေအတွက် ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Processor တွေကို DIY Builder တွေအပြင် Dell၊ HP၊ Lenovo နဲ့ Supermicro အပါအဝင် ထိပ်တန်း OEM တွေရဲ့ Prebuilt Workstation တွေမှာပါ ၂၀၂၅ ခုနှစ် ဇူလိုင်လကစပြီး ရရှိနိုင်မယ်လို့သိရပါတယ်။
AMD ဟာ လက်ရှိအချိန်မှာ Threadripper 9000 Series တွေရဲ့ဈေးနှုန်းတွေကိုတော့ မကြေညာရသေးပါဘူး။ ဒါပေမဲ့ ယခင်မျိုးဆက် Threadripper 7000 Series ရဲ့ MSRP စျေးနှုန်းတွေကို ကြည့်ခြင်းအားဖြင့် ဒီ Chip တွေဟာ ကွန်ပျူတာဝါသနာအိုးအများစုအတွက် ဈေးသက်သာမှာတော့ မဟုတ်ပါဘူး။ ယခင်မျိုးဆက်ရဲ့ Entry-Level SKU ရဲ့စျေးနှုန်းဟာ $1400 ကနေ စတင်ခဲ့ပြီး အမြင့်ဆုံးမော်ဒယ်ကတော့ $10,000 အထိ ရှိခဲ့ပါတယ်။
Source: TechSpot
0 Comments